gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ရောက်တတ်ရာရာ...

ဒီနှစ်ထဲရောက်မှ ဘာမှ မရေးဖြစ်တာ နည်းနည်း ကြာသွားတယ်... အလုပ်တွေကလည်း ရှုပ်သွားသလို၊ အဲဒီ ရှုပ်တဲ့ အလုပ်တွေကြောင့် စိတ်လေနေတာလည်း ပါပါရဲ့... ကျတော့်ကို အကူအညီလာတောင်းတဲ့ သူတွေကိုတောင် ပြန်မဖြေပေးနိုင်ဘူး ဖြစ်သွားတယ်... ပညာလျှိုထားတယ်၊ မာနကြီးတဲ့ ကောင်ကြီးလို့တော့ ထင်ကြတော့မှာပဲ... ခုရုံးမှာ ကျတော်က ဒီဇိုင်း ၊ ကွန်ပျူတာ ပြင်ဆင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တာ၊ ကွန်ပျူတာ ပစ္စည်း ဝယ်ပေးရတာ၊ ဈေးစုံစမ်း ပေးရတာ၊ ရုံး website တက်လား မတက်လား စစ်ဆေးပေးရတာ၊ e-mail တွေ စစ်ပေးရတာ၊ တခါတလေ ကွန်ပျူတာ ပရိုဂရမ်ငယ်လေးတွေ ရေးပေးရတာ မျိုးတွေ လုပ်ပေးရတယ်... တောက်တိုမယ်ရ လုပ်တဲ့ ကောင်လေးပါ... ဟိုကောင်လေး ကွန်ပျူတာ ဖုန်သုတ် စမ်းဆိုလဲ ကျတော်ပါပဲ... ဟိုဟာလေးကို ဟိုနေရာ ရွေ့လိုက်ပါဦး ဆိုလည်း ကျတော်ပါပဲ...
ဒါပေမယ့် ကျတော် အများဆုံး လုပ်နေရတာက ဒီဇိုင်းအလုပ်တွေပါ... ၃-လ လောက်ရှိပြီ ထင်တယ်... marketing က ခိုင်းတဲ့ ဒီဇိုင်းတွေ ပြီးသွားပြီ ဆိုပြီး နားမယ် ကြံလိုက်ရင် ဟော စက်ရုံက လာခိုင်းပြန်ပါပြီ... နားမယ် ထပ်ကြံလိုက်ပြန်ရင် ဟော ဒါရိုက်တာက လာခိုင်းပြန်ပါပြီ... ဒီကြားထဲ ဒုက္ခပေးလိုက်ကြတဲ့ ကွန်ပျူတာတွေ...
အဲဒီ လို အလုပ် ရှုပ်နေတဲ့ ကြားက http://htooeainthin.com ကို မရမက ဒီဇိုင်း အသစ်ပြောင်းဖြစ်အောင် ပြောင်းလိုက်သေးတယ်... တော်သေးတာပေါ့.... ထူးအိမ်သင်နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ကဗျာတွေ သိမ်းထားတဲ့ မူရင်းဖိုင် ပြန်ရှာတွေ့လို့ အဆင်ပြေသွားလေရဲ့... ထူးအိမ်သင် သီချင်းတွေလည်း ထပ်တင်ထား ပေးပါတယ်... အမေ နဲ့ ချစ်ခြင်းအားဖြင့် ၂-ခွေစာပါ... ခွေ ၁-ခွေ မှာ သီချင်း ၁-ပုဒ် စီကိုပဲ အပြည့်တင်ထားပေးပါတယ်... ကျန်တဲ့ သီချင်းတွေက ၁-မိနစ်စာပဲ တင်ထားပေးပါတယ်... မူပိုင်ခွင့် ဆိုင်ရာ အကြောင်းတွေကြောင့်ပါ... ချစ်ခြင်းအားဖြင့် ခွေထဲက အပြည့်တင်မယ့် သီချင်းက 2MB ရှိနေလို့ ဘယ်လိုမှ upload လုပ်လို့ မရလို့ စိတ်မကောင်းစွာနဲ့ quality ထပ်လျော့ပြီး တင်ထားရပါတယ်... ကျန်တဲ့ အခွေတွေ ထပ်တင်ပေးမယ် စဉ်းစားတိုင်း ရုံးအလုပ်နဲ့ မအားလို့ ထပ်မတင်ဖြစ်သေးပါ...
ကျတော် post အသစ် မရေးနိုင်တဲ့ အချိန်တွေမှာလည်း ကျတော့် blog ကို လာလည်ကြတဲ့ သူတွေကို အရမ်းအားနာပါတယ်... တောင်းပန်ပါတယ်ဗျာ... စိတ်မဆိုးကြပါနဲ့...

ချစ်ခြင်းအားဖြင့်
မောင်လှ

Comments

Ad