Wednesday, December 20, 2006
Orange Super Market အသစ်ထပ်ဖွင့်ပြီ... (Mandalay News)
Posted by
MgHla
at
8:32 am
မန္တလေးမှာ အထူး အောင်မြင်နေတဲ့ Skywalk Shopping Center ပေါ်မှာ ဖွင့်ထားတဲ့ Orange super maket ဟာ အခု လမ်း-၈၀၊ ၂၈-၂၉ လမ်းကြား Balzon ဘေး ကပ်လျှက်မှာ ထပ်ပြီး ဖွင့်လှစ်လိုက်က်ပါပြီ... ယခင်က Balazon မြေညီထပ်မှာ မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာ သောက်စရာများနှင့် အလှကုန် ပစ္စည်းများ ခင်ကျင်းထားပြီး... ယခုအခါ ယင်းမြေညီထပ်တွင် စာရေးကိရိယာ ပစ္စည်းများ ခင်ကျင်းထားကြောင်း သိရပါတယ်... မြောက်ဘက် ကပ်လျှက်မှာ ဖွင့်လှစ်လိုက်တဲ့ Orange မှာတော့ မြေညီထပ် တစ်ထပ်ပဲပါဝင်ပြီး မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာ သောက်စရာများနှင့် အလှကုန် ပစ္စည်းများ ခင်ကျင်းထားကြောင်း တွေ့ရပါတယ်... Blazon, Orange & Giordano တို့မှာ Creation Myanmar Co., Ltd. ရဲ့ ညီနောင် လုပ်ငန်းများ ဖြစ်ကြောင်း သိရပါတယ်... အသစ်ထပ်ဖွင့်ဖို့ရှိတဲ့ ၇၈-လမ်းမကြီးပေါ် ၃၈-လမ်း ထောင့်မှာရှိတဲ့ 78th Shopping Mall မှာ Blazon, Orange တို့နဲ့ အပြိုင်အဆိုင်ဖြစ်လာမယ့် ရန်ကုန်က နာမည်ကြီး စူပါမားကဒ် တစ်ခုဖြစ်တဲ့ City Mart လာရောက် ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်...
2 comments:
thanks for your info
မီးမလာတဲ့ အချိန်ပိုကြာသွားတော့မှာပေါ့။
Post a Comment