gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

New BETA Homepage http://www.HtooEainThin.com

ထူးအိမ်သင် website ကို ဒီဇိုင်းအသစ် ပြောင်းဖို့ ကြိုးစားနေတာ တော်တော်ကြာပါပြီ... ရေးမယ် ကြိုးစားတိုင်း အခြား အလုပ်တွေ ဝင်လာတာနဲ့ မရေးဖြစ်လို့ ခုတော့ ပြီးသလောက်ရေးပြီး ဖြည်းဖြည်း ချင်း တင်သွားမယ် ဆိုပြီး ရှေ့ဆုံးကနေ အင်္ကျီထပ် ဝတ်ပေးလိုက်ပါတယ်... နောက်ထပ် စာမျက်နှာများကိုလည်း အသစ် ပြောင်းနိုင်အောင် ကျတော်တို့ အဖွဲ့ ကြိုးစားနေပါတယ်... ယခု homepage အသစ်မှာ ပုံထည့်သွင်းလိုသူများ Width: 570 x Height:425 pixels အရွယ်အစား အတွင်း ဝင်အောင် ဒီဇိုင်းလုပ်ပြီး [email protected] ကို ပေးပို့နိုင်ပါတယ်... အပြုသဘောဆောင်မယ့် ဝေဖန် အကြံပေးမှုများကို လက်ခံကြိုဆိုနေပါတယ်...
ကျေးဇူးအထူးတင်ပါတယ်....

ချစ်ခြင်းအားဖြင့်
မောင်လှ
http://www.HtooEainThin.com

Comments

MYO HAN HTUN said…
Main Home Page က picture တွေရော၊ Poem Page က picture တွေကိုပါ randomize လုပ်ထားတဲ့ idea ကတော့ အကောင်းဆုံးပဲ။ Browse လုပ်တိုင်း picture တွေကို တစ်မျိုးပြီး တစ်မျိုးမရိုးအောင်တွေ့ရတယ်။ Shout Box အစား Testimonials Page တစ်ခုထည့်ပေးရင်တော့အကောင်းဆုံးပါပဲ။ ထူးအိမ်သင် ပရိသာတ်တွေလည်း အမှတ်တရအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို ရေးပေးနိုင်မှာမို့လို့ မှတ်တမ်းတွေအနေနဲ့ Internet မှာအမြဲတမ်းကြည့်လို့ရတာပေါ့။
သူ့ကိုချစ်တဲ့ သူ့သီချင်းတွေကို မြတ်နိုးတဲ့ ပရိသာတ်တွေ ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း Record လုပ်နိုင်မယ်ထင်တယ်။ Shout Box ကိုတော့ Contact (သို့) သီချင်းနဲ့ သီချင်း စာအုပ် Request လုပ်တဲ့အကြောင်းအရာများ၊ အကြံဥာဏ်ပေးတဲ့ စာများရေးသားခြင်းအတွက် Page တစ်ခုထားပြီးသုံးလို့ကတော့ ပိုပြီး ကောင်းမယ်ထင်လို့ပါ။ အရောင်, Structure, Layout နဲ့ Theme ကိုတော့ page အားလုံးမှာ အတူတူဖြစ်နေရင် တော့အကောင်းဆုံးပဲ ထင်မိပါတယ်။ ကိုမောင်လှ ရေ ........ ဒါကတော့ ကျွန်တော့်ရဲ့ အမြင်ပါဗျာ။

ကိုတိုး

Ad