gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Happy Birthday to My Bro Ko MM.Aye & Me (Mg HL.Aye) :D

ကိုကြီးရေ...
ဒီနေ့ဆို ကိုကြီး အသက် ၃၆-နှစ် ပြည့်ပြီနော်... ကိုကြီးရေ... ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ... ပျော်ရွှင်စရာအတိနဲ့ ပြီးပြည့်ဆုံတဲ့ နေ့ရက်ပေါင်း များစွာကိုလည်း ပိုင်ဆိုင်နိုင်ပါစေ...
အဟဲ... ဘာလိုလိုနဲ့ ကျတော်လည်း အသက် ၁-နှစ် ကြီးရပြီလေ... ဒီနေ့လည်း ကျတော့် မွေးနေ့ပါပဲ... ကျတော်နဲ့ ကျတော့် အကိုအကြီးဆုံး ၇-နှစ် တိတိ ကွာပါတယ်... ညီအကို နှစ်ယောက်စလုံး ဒီဇင်ဘာလ ၃၁-ရက်နေ့မှာ ကျတော်တို့ရဲ့ မိခင်ကြီးကနေ သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ...
သြော်... အသက် ၁-နှစ်ကြီးလာတဲ့ ကိုယ့်ကို ကိုယ် ပြန်စမ်းစစ်တော့ ဘာမှ အားရစရာကို မရှိပါဘူး... ခုပြီးခဲ့တဲ့ နှစ်မှာတော့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ အဆင်မပြေဖြစ်တာတွေ တော်တော် များများ ကြုံတွေ့ခဲ့ရတယ်... ခုလာမယ့် နှစ်မှာတော့ ပျော်ရွှင်စရာတွေနဲ့ပဲ ကြုံတွေချင်တယ်ဗျာ... အင်း... အင်တာနက်ပေါ်မှာ ပျော်မွေ့မိနေတာ လည်း ၄-နှစ်ကျော်လောက်ရှိပြီ... ပညာတွေတော့ ရပါရဲ့... အချိန်ဖြုန်းတီးမိတာ ပိုများနေတယ်... နောက် ၁-လလောက်ဆို အင်တာနက် မရှိတဲ့နေရာမှာ နေဖြစ်မလား မသိသေးပါဘူး... ဘာပဲ ဖြစ်ဖြစ်ဗျာ...
... ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ...
မှတ်ချက် - သူငယ်ချင်းတွေကိုတော့ ၂၆-ရက်နေ့က မဒမ်မောင်လှရဲ့ လက်ရာ မာလာဟင်း၊ မာလာငါး၊ ++ တွေနဲ့ ဧည့်ခံ ကျွေးမွေးပြီးကြောင်းပါ...

Comments

Chan Mya Soe said…
ပျော်ရွှင်ဖွယ်မွေးနေ့ပါ ကိုတုံ
ဒီဇင်ဘာမှာမွေးတဲ့ကိုတုံတစ်ယောက် ဒီဇင်ဘာလိုပဲ မိသားစု ဘ၀မှာလည်း အေးချမ်းမှု၊ ချမ်းသာမှုတွေပိုင်ဆိုင်နိုင်ပြီး ဘ၀နဲ့ ဆန္ခတစ်ထပ်တည်းကျနိုင်ပါစေဗျာ

ဘီယာမသောက်လိုက်ရတာတော့ နာတယ်ဗျာ :P
Konge said…
In ameanwhile it will be a very nice Happy New Year!
So i wish all of you Brilliant Success, Health.Imminence Happiness in comming new year.
I miss Mandalay And Mandalay People.
Phoe Htaung said…
Happy Birthday. Be Healthy, Happy ever...
Happy Birthday and Happy New Year par Ko Mg Hla...
MYO HAN HTUN said…
Happy Birthday and Happy New Year .. par .. Ko Mg Hla
AwLanMg said…
ဆရာလှ အတွက် ပျော်ရွှင်ဖွယ်ရာ မွေးနေ့နဲ့အတူ
မင်္ဂလာကျက်သရေနဲ့ပြီးပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း
ဆုမွန်တောင်းလျက်-
away said…
Happy Belated Birthday and Happy New Year!!!!
Anonymous said…
Belated Happy Birthday ကိုမောင်လှ

ဒီနှစ်မွေးနေ့ကစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒများ တောင့်တတိုင်း ပြည့်စုံနိုင်ပါစေ။
Myo Kyaw Htun said…
ကိုမောင်လှရေ.. Happy New Year and Happy Birthday!!!
MgHla said…
Cbox နှင့် Comment မှာ မွေးနေ့ဆုတောင်းပေး ကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား...
Anonymous said…
Happy Birthday, Ko Hla. :)

Ad