gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Firewall ကြီးကြောင်သွားလို့....

ပြောကို မပြောချင်တော့ပါဘူး... သောကြာနေ့ ညနေပိုင်းနဲ့ စနေ့နေ့ မနက်ပိုင်း ဘာပဲ ဝင် ကြည့်ကြည့် access denied ပဲ ပြနေလို့ Myanmar Teleport ကို ဖုန်းဆက်မေးတော့ သူတို့ ဘာမှ မလုပ်ဘူးတဲ့... Firewall/Router သုံးတယ်တယ်ဆို ip address ပြောင်းသုံးကြည့်ပါလား ဆိုလို့ ပြောင်းပြီး Reboot ချလိုက်တာ ပြန်ကို တက်မလာတော့ဘူး... အဲဒါနဲ့ အရေးပေါ် isa server ထိုင်သုံးမယ်ဆိုပြီး Windows 2003 server တင် ကံဆိုးချင်တော့ network ၂-ကဒ် တပ်ထားတာ ၁-ကဒ် ပဲသိတယ်... Firwall ကို ပြန်တက်အောင် လုပ်လိုက်... NIC card တက်အောင် လုပ်လိုက်နဲ့ မနေ့ မနက် ၁၀-နာရီလောက် ကတည်းက လုပ်နေတာ မနေ့ကတော့ ခေါင်းမူး နောက်ကျိပြီး အိမ်ပြန်သွားရတယ်... ဘာမှ မရဘူး... firewall အတွက် firmware နောက်ဆုံး version လိုက်ရှာတာလည်း snapgear က register လုပ်ခိုင်းတာ serial နံပါတ် မဟုတ်ပါဘူး လာလာပြောနေလို့ ဒေါင်းလုပ် လည်းမရ... အဲဒါနဲ့ ဝယ်တုန်းက ရတဲ့ စီဒီထဲက firmware အဟောင်းနဲ့ လုပ်ရင်း လုပ်ရင်း နောက်ဆုံး ဘယ်နည်းနဲ့ ပြန်ကောင်းသွားမှန်းတောင် မသိပါဘူးဗျာ... ခုတော့ အင်တာနက် ပြန်သုံးလို့ ရသွားပါပြီ...

Comments

Steve Evergreen said…
It's interesting what you sorted out. I must say I have no idea what you are talking about. Sometime I believe in saying "No pain no gain". Because of the situation and difficulties in Burma, our Burmese people have gained some thing. A friend of mine lately arrived from Mandalay has got a master knowledge of Internet even though I have been online for 7-8 years. For Internet connection in my place, I just need to connect my PC to phone line and put the ISP software, letting it run. I follow step by step guide. And then I enter my credit card details. Internet connection is available in 15 minutes, No permit, no application, no word to be talked. No difficulty at all. After getting access, no problem at all. So I have no knowledge what you have obtained. I'm really impressed your experience.
Anonymous said…
steve evergreen ရေ...
ဟုတ်ပါတယ်ဗျာ... တခါတလေ ကျရင်လည်း ဒီက isp တွေကို ကြံဖန်ပြီး ကျေးဇူးတင်မိပါတယ်... ကျတော့် blog ကို လာလည်လို့ ကျေးဇူးအထူးတင်ပါတယ်...

ချစ်ခြင်းအားဖြင့်
မောင်လှ

Ad