gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဟူး မောလိုက်တာ...

ဟူး မောလိုက်တာ...
ဒီနေ့ မနက်ခင်းကတည်းက စပြီး တကယ်တန်း ပြောရရင် မနေ့ကတည်းကပါ... template လိုက်ပြင်နေတာ ပွစိတွေ တက်ကုန်တာပဲ... အရင်ဟာကို backup မလုပ်ထားမိလို့ အရင်အတိုင်းလည်း ပြန်မရနိုင်တော့ပါဘူး... ကျတော့်ဟာလေး (တမျိုး မတွေးကြနဲ့နော်... template ကိုပြေတာ) ကြိုက်တယ် ဆိုရင် ယူသုံးကြပါဗျာ... ခွင့်တောင်းစရာ မလိုပါဘူး... ဒါပေမယ့် ပုံတွေကိုတော့ ကိုယ့်ဘာသာကိုယ် အခြား နေရာတစ်ခုမှာ တင်ပြီး ပြန်သုံးကြပါ... ကျတော့် အရင် ကနုတ်နဲ့ template ကို အခြားတစ်ယောက် ယူသုံးထားတာ တွေ့မိလို့ပါ... ပုံကိုလည်း ကျတော့်ဆီက ပုံယူသုံးထားလို့ပါ... အသစ်ကလေးတွေ ဖြစ်သည့်အတွက် အားငယ်သွားမည် စိုးလို့ ကျတော် ဘာမှ ကန့်ကွက်မှု မလုပ်ခဲ့ပါ... template ကို ကြိုက်လို့ ယူသုံးချင်တယ်ဆို ယူသုံးပါ... ပုံကိုတော့ အခြား တစ်နေရာမှာ တင်ပြီး သုံးပေးကြပါ ခင်ဗျာ...
ဒီလောက် မျက်စိနောက်စရာ ကောင်းတဲ့ template ကို ဘယ်သူမှလည်း ယူသုံးကြမှာ မဟုတ်ပါဘူး... ခုဟာမှာ ပုံတွေ ထည့်တာ များသွားလို့ loading လုပ်တာ အချိန်ကြာသွားမယ်ဆိုရင်လည်း တောင်းပန်ပါတယ်...

Comments

Chan Mya Soe said…
ကိုတုံရေ အရင်ကထက်စာရင် ပိုပြီးမိုက်လာတယ် ... ဒါပေမဲ့ Colour တွေနဲနဲများနေသလားလို့ (အကြံပေးကြည့်တာနော်)
Anonymous said…
ဖိုးချမ်းရေ...
wordpress template တစ်ခုက သုံးထားတဲ့ အရောင်တွေ ကြိုက်လို့ လိုက်သုံးကြည့်တာ... သူသုံးထားတာတော့လှတယ်... ခုတော့ ပြင်ရမှာ ပျင်းသေးတယ်... ပြင်ဦးလွင် ကန်တော်ကြီး စိန်ရတုပွဲအတွက်ရော၊ ဘောလုံးပွဲအတွက်ပါ ဒီဇိုင်းတွေ လုပ်ပေးနေရလို့ အလုပ်တွေလည်း ရှုပ်နေလို့... အားယားရင် စိတ်ပါရင် ထပ်ပြင်ဦးမယ်... ဘန်နာလည်း ပြင်ရဦးမယ်... ဒါပေမယ့် အားသေးဘူး... မနေ့ကတော့ မအားတဲ့ကြားက ပြင်လိုက်တာ...

Ad