ခုရက်ပိုင်း မအားပါ... www.htooeainthin.com ကို အင်္ကျီအသစ် ပြန်ဝတ်ပေးနေရလို့ပါ... အားပေးကြပါဦး... အကြံပေးကြပါဦး...
Sunday, December 24, 2006
ဟိုဟို ဒီဒီ ...
Posted by
MgHla
at
5:01 pm
မနေ့က ဘောလုပ်ပွဲ ဟုတ်ပါဘူး... မှားသွားလို့ ဘောလုံးပွဲသွားကြည့်သည်... ကွင်းထဲဝင်တော့မယ် ဆိုမှ လက်မှတ် ဝယ်စရာမလိုတော့ဘူး ဆိုလို့ ပျော်လိုက်တာ... တကယ်တန်းကလည်း လက်မှတ် အလကားရလို့ သွားကြည့်တာပါ... လူက ၆-ယောက်၊ vip က ၂-စောင်၊ အထူးတန်းက ၁-စောင်၊ ရိုးရိုးတန်းက ၂-စောင် ကိုးလို့ ကန့်လန့် ဖြစ်နေတုန်း အလကား ကြည့်ခွင့်ပေးတော့ အထူးတန်းမှ အကုန် တက်ကြည့်ကြသည်... ကိုသခင်ကြီးကတော့ ဓာတ်ပုံတွေ အများကြီး ရိုက်သည်... ကျတော်ကတော့ ဇာနည် အီလက်ထရောနစ် ကလုပ်ထားတဲ့ LED မီးလုံးတွေနဲ့ လုပ်ထားတဲ့ TV ကို ကြည့်လိုက် မြန်မာ့ရုပ်မြင်သံကြားက ကင်မရာမန်းကို ကြည့်လိုက်နဲ့ အလုပ်တွေကို ဖြစ်လို့....
3 comments:
Main Home Page က picture တွေရော၊ Poem Page က picture တွေကိုပါ randomize လုပ်ထားတဲ့ idea ကတော့ အကောင်းဆုံးပဲ။ Browse လုပ်တိုင်း picture တွေကို တစ်မျိုးပြီး တစ်မျိုးမရိုးအောင်တွေ့ရတယ်။ Shout Box အစား Testimonials Page တစ်ခုထည့်ပေးရင်တော့အကောင်းဆုံးပါပဲ။ ထူးအိမ်သင် ပရိသာတ်တွေလည်း အမှတ်တရအနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို ရေးပေးနိုင်မှာမို့လို့ မှတ်တမ်းတွေအနေနဲ့ Internet မှာအမြဲတမ်းကြည့်လို့ရတာပေါ့။
သူ့ကိုချစ်တဲ့ သူ့သီချင်းတွေကို မြတ်နိုးတဲ့ ပရိသာတ်တွေ ဘယ်လောက်ရှိတယ်ဆိုတာကိုလည်း Record လုပ်နိုင်မယ်ထင်တယ်။ Shout Box ကိုတော့ Contact (သို့) သီချင်းနဲ့ သီချင်း စာအုပ် Request လုပ်တဲ့အကြောင်းအရာများ၊ အကြံဥာဏ်ပေးတဲ့ စာများရေးသားခြင်းအတွက် Page တစ်ခုထားပြီးသုံးလို့ကတော့ ပိုပြီး ကောင်းမယ်ထင်လို့ပါ။ အရောင်, Structure, Layout နဲ့ Theme ကိုတော့ page အားလုံးမှာ အတူတူဖြစ်နေရင် တော့အကောင်းဆုံးပဲ ထင်မိပါတယ်။ ကိုမောင်လှ ရေ ........ ဒါကတော့ ကျွန်တော့်ရဲ့ အမြင်ပါဗျာ။
ကိုတိုး
ကိုတိုးရေ...
အကြံပေးတာ ကျေးဇူးပါပဲဗျာ...
Keep posting Mandalay news. Your blog has been linked on
http://blog.mandalar.net/
Post a Comment