photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Thursday, December 14, 2006

ဆာဒူးကြီး မန္တလေး ရောက်လာခြင်း...

ပြီးခဲ့တဲ့ အဖိတ်နေ့က အိန္ဒိယကပြန်လာတဲ့ ဆာဒူးကြီး မန္တလေးရောက်လာလို့ အကင်ဆိုင် တစ်ဆိုင်မှာ ညနေ ၇-နာရီလောက်က စပြီး ည ၁၁း၃၀-နာရီလောက်အဖြစ် ဘီယာ ၆-ဂျား၊ ဘီအီး ၄-လီတာ လောက်သောက်ရင်း ဟိုရောက်လိုက် ဒီရောက်လိုက် စကားတွေ ပြောဖြစ်ကြတယ်... ဆာဒူးကြီး မန္တလေး ဘာလုပ်လဲ သိချင်ကြတယ် ဟုတ်လား... မပြောပြပါဘူး... ဓာတ်ပုံပြပွဲ လုပ်ဖို့အတွက် ဓာတ်ပုံတွေ လိုက်ရိုက်ရင်း မန္တလေး ရောက်လာတယ် ဆိုတာကို... လုံးဝ မပြောပြဘူးဗျာ... သြော် .. မေ့လို့ အဖိတ်နေ့လို ဆိုထားတော့ ငယ်ချင်းတို့ ဘယ်သိပါ့မလဲ... သိချင်လည်း သိကြမှာပေါ့... ပြီးခဲ့တဲ့ အဖိတ်နေ့ဆိုတာ ၁၁-၁၂-၀၆ ကိုပြော တာခင်ဗျ... တွေ့ကြတာ ဘယ်သူတွေပါလဲဆိုတော့ ဆာဒူးကြီး နဲ့ သူငယ်ချင်း ၁-ယောက် ၊ ကိုသခင်ကြီး ၊ ကိုစာပတီး ၊ ဘုဃံဏပ် ၊ သွယ်သွယ် ၊ နွေနှင်း နဲ့ ကျတော်ပေါ့ဗျာ... ဆာဒူးကြီး အင်တာနက် သုံးရတာ အဆင် မပြေသေးလို့ပါတဲ့... အဆင်ပြေရင် ဘလော့ ပြန်ရေးပါလိမ့်မယ်တဲ့ ခင်ဗျ...

8 comments:

CMS said...

ဆာဒူးကြီးဆိုလို့ ဘယ်သူများမှတ်တယ် ... ကိုညီလင်းဆက် ကိုး ဟားဟား နာမည် မိုက်တယ် :P

MgHla said...

ဟဲ့... ပလုတ်တုတ်... comment ပေးတာ မြန်လိုက်တဲ့ cms ...

CMS said...

ဟားဟား မလန့်ပါနဲ့ ကိုတုံရာ လက်မြန်တတ်လို့ပါ ဟဲဟဲ
ကိုညီလင်းဆက်ကို မေးတယ်လို့ ပြောလိုက်ပါအုံး :)

NChan said...

ကိုညီလင်းဆက်ဘလော့တွေ အသစ်မတင်ပါလိမ့်လို့ဗျာ ..မန်းလေးကိုရောက်နေတာကိုးဗျ..

ko nyi lin seck new blog tawe ma see par lame lo .. thu ka MDY youk nay tar koo bya ..:P

ဒီးဒုတ် said...

ဆာဒူးကြီး ကို say big "Hi!" pls.

Myanmar Blues said...

ဓါတ်ပုံလေးတွေ တင်ပေးပါဦး ကိုမောင်လှ၊ ကြည့်ပြီး အပျော်ကူးရတာပေါ့ဗျာ။

NLS said...

ဟီး မန်းလေးမှာ တစ်ရက်ဆိုပြီး နေလိုက်တာ တစ်ပါတ်လောက်ဖြစ်သွားတယ်။ :P

sisain said...

ဆာဒူးကြီးဆီ မေးလ်ထားတာ ဘာမှရီစပွန့်မလာဘူးဖြစ်နေတယ်ဗျ။
ကိုမောင်လှ-ကြီး တယ်လီပသီလေးနဲ့ဖြစ်ဖြစ် လှမ်းတို့လိုက်ပါဦး။