photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Friday, March 10, 2006

Mandalay News

မနေ့က မနက် (၁၀)နာရီလောက်ကဖြစ်မယ်ထင်တယ်ဗျ .... မေမြို့သွားတဲ့ လမ်း မြို့အထွက်နားမှာရှိတဲ့ ဓာတ်ဆီဆိုင်တန်း မီးလောင်တာ ဓာတ်ဆီဆိုင် ၂-ဆိုင်ပါသွားတယ်လို့ ကြားတယ်...
မနေ့ရဲ့ မနေ့ကလည်း ဗြစ်စက်ရုံနား (ဘီယာစက်ရုံ) က လက်ဖက်ရည်ဆိုင် တစ်ဆိုင်လည်း မီးလောင်တယ်တဲ့ဗျို့....
သင်္ကြန်စာမှာ သိကြားမင်းက မီးတုတ် ၂-ခု ကိုင်ပြီးဆင်းလာတယ် ပြောတာပဲ.... သေချာအောင် သင်္ကြန်စာ သွားကြည့်လိုက်ဦးမယ်... ခဏစောင့်ဗျာ...
ဟုတ်ပါဘူးဗျာ.... နွားလားဥသဘစီးပြီး လက်တစ်ဖက်က ပုဆိန်၊ တစ်ဖက်က တံစဉ်းကိုင်ပြီး ဆင်းတာပါ... လူတွေများ လျှာအရိုး မရှိတိုင်း ပြောတတ်လိုက်ကြတာ...

1 comment:

NLS said...

သေချာကြည့်ကြည့်ပါဦး အကိုရ

သိကြားမင်းက ခေတ်မီသွားပြီ။
လင်ခရုဆာ စီးပြီး လက်က ဗျောက် ကိုင်ထားတာဗျ။ ကိုယ်မှာ နာနတ်သီး ၁၃ လုံးလောက် ပါသေးတယ်။ ဟားဟား။ ဒီတော့လည်း လူတွေ နဲနဲ ရှိန်တာပေါ့ဗျာ။