photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, March 14, 2006

Mandalay News (Bird Flu in Mandalay)

မန္တလေးမှာ နေတဲ့ ကျတော် မောင်လှက ဘာမှ မသိပါဘူး.... ကိုညီလင်းဆက်ရဲ့ blog ကနေ ပြန်ကူးယူတင်ထားတာပါ...
Tuesday, March 14, 2006
Bird Flu in Myanmar
မြန်မာပြည်မှာ ကြက်ငှက်တုပ်ကွေး ဖြစ်နေတာကို အစိုးရက
ပထမဆုံး ကြေငြာပါပြီတဲ့ ခင်ဗျား။ မန်းလေးက အောင်မြေသာဇံမှာ ကြက်တွေ ကြက်တွေ
သေလိုက်ကြတာ သောက်သောက်လဲပါတဲ့။ လူအသေအပျောက် ကိုတော့ မကြေငြာပါဘူးတဲ့။ ဒါပေမယ့်
လွန်ခဲ့တဲ့လက မန်းလေးက သူငယ်ချင်းတစ်ယောက် ရဲ့ မောင်လေး အဲဒီရောဂါနဲ့
ဆုံးပါးသွားတယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်မှာလည်း ဖြစ်လာနိုင်ပါတယ်။ အားလုံး
ခုအချိန်မှာ ကြက်သားလုံးဝ မစားသင့်ပါဘူး။ ကျွန်တော်တို့ဆီက ဘယ်လို ထိန်းချုပ်သလဲ
ဆိုတာ မသိရတော့ အလွန် စိုးရိမ်ဖို့ ကောင်းပါတယ်။ သေရင်တောင် ဒါနဲ့ သေတယ်ဆိုတာ
သိကြပါ့မလား ထုတ်ပြန်ပါ့မလား မသိပါဘူးဗျာ။ သတင်းအစုံအလင်ကို ဒီနေရာမှာ
ဖတ်ပါခင်ဗျား။ [Click]

No comments: