photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Wednesday, March 22, 2006

ကျတော် နဲ့ ဆေးခန်း

မောင်လှရေ ...
အမေ ဆေးရုံတက်ရတဲ့ အကြောင်း ရေးဦးမှပဲ ... အမေ့ကို ဆေးရုံတင်စရာလိုလားလို့ အိမ်နားဆေးခန်းက ဆရာဝန်ကိုမေးတော့ ဆေးရုံကြီးက ပစ်ထားလိမ့်မယ် ဘာမှ မထူးဘူး... အပြင်ဆေးခန်း တင်ဆိုတာနဲ့ ညိမ်း ဆေးခန်းသွားတာလေ ... ပိုက်ဆံတတ်နိုင်တဲ့ လူတွေ အတွက် ကောင်းပါရဲ့ ... ရေအိမ်ထဲမှာ ဘယ်သူ လက်ကမြင်းပြီး ရေးသွားလဲမသိ... ´သိန်း မပါရင် ညိမ်း မလာနဲ့` ဟုတ်တယ်ဗျ ... တော်တော်မှန်တယ်... ဘယ်လောက် ကုန်မယ် မသိသေးဘူး စပေါ် (၁) သိန်းတင်ပါတယ်... အမေ ဆေးခန်းဆင်းတော့ တကယ်ကုန်တာ ၄-သောင်း ကျော်ကျော်လေးပါ...
စိတ်မကျေနပ်တာ တစ်ခုက ဆေးရုံဆင်းဖို့ ဆရာဝန်စောင့်နေရတာ နေ့လည် (၁၂) နာရီကျော်သွားတာနဲ့ပဲ နောက်တစ်ရက်စာ အခန်းခ ထပ်ယူလိုက်လေရဲ့... ဘယ်လိုပြောရမလဲဆိုတော့ တည်းခိုခန်းနဲ့ကို တော်တော် တူနေပြီ... မနက်ကတည်း လူနာက ဆေးရုံဆင်းချင်တာကို ဆရာဝန်ကြီးဆီ ဖုန်းဆက်ပြီး လှမ်းမေးပေးလို့ မရဘူးလားမသိ...
၂-နာရီလောက် ကျော်သွားတာကို နောက်တစ်ရက်စာ အခန်းက ထပ်ယူတာတော့ လောဘကြီးလွန်းတယ် ထင်တာပဲဗျာ... ပြီးတော့ သမီးမွေးတုန်းက ဆေးခန်းကြီးလိုလည်း မဟုတ်ဘူး... အခန်းကတင်မက service fees ဆိုပြီးတော့လည်း ထပ်ယူထားလေရဲ့... ဒါပေမယ့် အမေ ကျန်းမာတာ မြင်တော့ ဘာမှ အတွန့် မတက်ခဲ့တော့ပါဘူး...

မန်းသူ မန်းသားတွေ ...
ညနေပိုင်း အရေးတကြီး အပြင်ဆေးခန်းသွားပြချင်တယ်ဆိုရင် ညိမ်း ကိုသွားပါ... ညိမ်းမှာ ညနေပိုင်းဆိုရင် အထူးကု ဆရာဝန်ကြီးတွေ တော်တော်များများ ဆေးခန်းထိုင်ကြလို့ပါ...

No comments: