Tin Tin's Ads

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Wednesday, March 08, 2006

အိမ်ဖော် ...

မောင်လှရေ...
ပြောဖို့ မေ့နေတဲ့ အကြောင်းတွေ ပြောချင်ပါသေးတယ်...
မေ့နေတာလည်း မဟုတ်ပါဘူး... အားတဲ့အချိန်မှာ အင်တာနက်နှေးကွေးလို့ မတင်ဖြစ်တာလည်း ပါတာပေါ့...အင်း ..
သမီး ၂-လ သားလောက်ကတည်းက အိမ်ဖော် ရှာတာ ၆-လခွဲသားလောက်အထိ ရကို မရနိုင်ဘူး... တော်တော် ရှားတဲ့ အိမ်ဖော်ပဲ... ရမယ့်ရတော့ နှစ်ယောက်တောင်ရတယ်... တစ်ယောက်က သမီးအတွက် ... တစ်ယောက်ကိုတော့ ယောက္ခမအိမ်ပို့လိုက်တယ်... ယောက္ခမအိမ်ပို့လိုက်တဲ့ တစ်ယောက်က တစ်ည အိပ်ပြီး နောက်နေ့ တောင်းဆိုတာတွေများလို့တဲ့ ယောက္ခမက ပွဲစားအိမ်ပြန်ပို့ လိုက်လေရဲ့... အဲဒီ တစ်ယောက်က ကလေးပဲ ထိန်းချင်တာတဲ့လေ... သင်္ကြန်လည်း လည်ချင်သေးတယ်တဲ့... သူငယ်ချင်းတွေလာတွေ့ရင်လည်း လိုက်လည်ချင်သေးတယ်တဲ့... ရွာလည်းပြန်ချင်တယ်တဲ့.... တောင်းဆိုမှုတွေ များမှများတဲ့...
အိမ်မှာခေါ်ထားတဲ့ တစ်ယောက်က စကားများတာကလွဲရင် မဆိုးပါဘူး... အရာရာကို သိတဲ့ တတ်တဲ့ ဆရာမကြီး စတိုင်နဲ့ပေါ့... မေ့တတ်တာလေးတွေလည်း ရှိသေးတယ်ပေါ့... အင်း .. သူလည်း ဘယ်တော့ တောင်းဆိုမှုတွေ လုပ်မလဲမသိ ...
သြော် အိမ်ဖော် ... အိမ်ဖော် ...

2 comments:

NLS said...

အကို

စကရင် စက်တင်က ၈၀၀ ၆၀၀ ထားထားတာလား။ ဒါမှမဟုတ် စာလုံးကို သက်သက် သေးထားတာလား အကို။ ကျွန်တော့်ဘက်မှာ စမောလ်ဆိုဒ်လောက်ပဲ ဖြစ်နေတယ်။

မောင်လှ said...

ကိုညီလင်းဆက်ရေ...
Firefox မှာ ဘာဖြစ်တာလဲ မသိဘူးဗျ ခပ်သေးသေး ပေါ်နေတယ်... IE နဲ့ကြည့်ရင် ပုံမှန် အတိုင်းပဲ...