Skip to main content

တရားဖြင့် သေခြင်း ဗီဒီယို

တရားဖြင့် သေခြင်း ဗီဒီယိုကို ဖြတ်တင်ထားတာပါ... ဖိုင် (၂) ဖိုင် ခွဲပြီး တင်ထားပါတယ်... ပထမဖိုင်မှာ လက်တွေ၊ ခြေတွေလှုပ်ပြတာတွေပါ ၀င်ပြီး ဒုတိယဖိုင်က မီးသင်္ဂြီုဟ်တာကို ရိုက်ပြထားတာပါ... သူ့မူရင်းခွေက ဘုန်းကြီးတရားဟောရင်း ဒီကောင်မလေး အကြောင်း ထည့်ဟောထားတာပါ... ကျတော်တို့ရဲ့ မြန်နှုန်းမြင့် အင်တာနက်က လိပ်သာသာ ရှိတာကြောင့် တစ်ခွေလုံးစာ မတင်ပေးနိုင်တာကို ခွင့်လွှတ်ကြ ပါခင်ဗျား...
ကျတော် တစ်ခုသိချင်တာ သေတာမဟုတ်ဘဲ မေ့မျောနေတာရော မဖြစ်နိုင်ဘူးလားဗျ...

MgZeng said

ဒီလင့်ခ်ကနေလည်း ဒေါင်းလုပ်ရယူနိုင်ပါတယ် ... အကယ်၍
တကယ်မသေဘဲ မေ့မျောနေတာမျိုး၊ ဦးနှောက်မသေသေးတာမျိုး ဖြစ်နေရင်၊ ဒါမှမဟုတ်
အားလုံး အလုပ်မလုပ်တော့ပေမယ့် တစ်ချိန်ချိန်မှာ ပြန်ရှင်လာဦးမယ်လူဆိုရင်တော့
မီးသဂြိ င်္ုလ် လိုက်မိတာဟာ တော်တော် သနားစရာ ကောင်းမှာပဲ။ အင်းလေ .. သေသွားပြီ
ဆိုတာကိုး။
http://www.mgzeng.net/download/TayarPhyiThayChin.wmv
http://www.mgzeng.net/download/TayarPhyiThayChin_002.wmv

BaganNET Forum က Pretty Princess ပြောထားတာလေးပါ....

မီးသဂြိုဟ် လိုက်တာ ဆိုးတာပဲ.. တကယ်သိသင့်တာတွေ သေချာ မသိလိုက်ရသလို.. လေ့လာ စူးစမ်း ခွင့်လည်း မရလိုက်ကြဘူးပေါ့..။ ( အခု ကြားသိသလောက် ပြောရတာမို့ မှားသွားရင် ခွင့်လွှတ်ကြ စေချင်ပါတယ်.. တကယ့်ဆရာဝန်ကြီးတွေ စစ်ဆေး အတည်ပြုပြီးသားဆိုရင်
မပြောသာတော့ပါ..၊)
တကယ်လို့ အဲလို မလုပ်လိုက်ဘဲ မီးသဂြိုဟ်ပြီးခါမှ ဒီလိုခွေထုတ်လိုက်တာ (နောက်ပြီး..ကိုယ်ပြောတာ ရိုင်းချင်ရိုင်းမယ်.. စိတ်ထဲ အရှိအတိုင်း ပြောရရင်.. အဲသည် ကိစ်စကို တရားဖြင့် သေခြင်းလို့ အမည်တပ်တာရယ်.. ၀ိပသနာ တရားတွေ နောက်ခံ ထားရိုက်ထားတာရယ်.. ) ကိုတော့ သိပ်သဘောမကျဘူး.. ။ အတင်း ဆွဲစိ ပြ တာမျိုးပေါ့.။ အမှန်နဲ့ ဝေးသွားနိုင်ပါတယ်..။
ဝိပသနာဟာ အကျိုးများနိုင်တာကို လက်ခံပါတယ်..။ တကယ်ကျင့်ရင် တကယ် ကောင်းတယ် ပေါ့လေ.. ဒါပေမယ့်.. အဲဒါကို အခွင့်သာတုန်း ကြံဖန် သက်သေပြတာမျိုး ဖြစ်နေသလိုမျိုးမို့ပါ..။ တရားစစ်မှန်ကောင်းပေမယ့်.. သဒါလွန်လို့.. ကြံဖန် သက်သေပြတတ်သူ တွေကြောင့်.. တကယ့်တရားရဲ့ သိက်ခါ ကျဆင်းနိုင်လို့ပါ..။ နည်းနည်း ခက်တာနောက်တစ်ခု က လူတွေဟာ..ဖြစ်နိုင်မဖြစ်နိုင် သေချာ စူးစမ်းတဲ့ အလေ့ပျောက်ပြီး.. အံ့စရာ မှန်သမျှ တန်ခိုးတော်တစ်ခု အနေနဲ့ ကြံဖန် အံ့ပြီး အကြည်ညိုလွန်ကုန် တတ်ကြတာပဲ..။ မိန်းမဘ၀ကနေ.. ယောက်ျားဘဝ
ပြောင်းတယ် ဆိုတုန်းကလည်း.. လက်အုပ်ချီသူတွေ တပုံကြီး ရှိခဲ့တာကြောင့်.. အခု အဲသည်မိန်းကလေးကိုလည်း.. လက်အုပ်ချီတဲ့သူတွေ ရှိချင်ရှိခဲ့မှာပဲ... သည်လိုသာ စွက်လုပ်နေကြရင်.. အမှန်နဲ့ ဝေးသထက်ဝေးကုန် ကြတော့မှာပဲ..။ ။ သနားစရာကောင်းတာက.. မီးသဂြိုဟ်ပစ်လိုက်တဲ့ ကိစ်စပဲ..။ ဘာ့ကြောင့်ဖြစ်တာလဲ ဆိုတာကို ကိုယ်တိုင်က ဆရာဝန်တစ်ယောက် မဟုတ်လို့ အတပ်မပြောနိုင်ပေမယ့်.. တကယ့်ဆရာဝန်တွေ သာ လေ့လာ စူးစမ်းခွင့် ရလိုက်ကြရရင်.. ထူးခြားတာတစ်ခုခု တွေ့ခွင့်ရကြမယ်. .လို့ ကိုယ်ကတော့ ထင်မြင်နေမိပါတယ်...။ ။

Last edited 05-Jan-2006 9:55AM MM Time

Comments

NLS said…
သူ့ဘာသာ ဘယ်လိုနည်းနဲ့ သေသေပေါ့ဗျာ။ ကျန်ခဲ့တဲ့သူတွေက ဟိုလုပ်ပြ ဒီလုပ်ပြနဲ့ ပြနေတာတော့ မကောင်းဘူးထင်တာပဲ အကိုရ။ သေတာတောင် အသားငါးကိုင်သလို အကိုင်ခံနေရသေးတယ်။ တယ်မနိပ် သေးပါဘူး။

ညီလင်း
Anonymous said…
ခြေတွေ လက်တွေလည်း ကွေးလို့ဆန့်လို့ရတယ်၊ အလောင်းကို မီးသင်္ဂြိုလ်တော့လဲ သွေးတွေထွက်တယ်ဆိုတော့ မသေလို့ပဲ ဖြစ်မှာပေါ့ဗျာ။ ဒါကို လူတွေတင်မကပဲ ဘုန်းကြီးကအစ လူအရှင်လတ်လတ်ကြီးကိုတော့ မီးနဲ့ရှို့မိပါပြီဟလို့ မမြင်ပဲ တရားဖြင့် သေသလေးဘာလေး လုပ်နေတာကိုတွေ့ရတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော် Imigination ကောင်းတာပဲလို့ပဲ ချီးကျူးရမလား- ဒါလောက်တောင် အသိဥာဏ်မရှိ တော်တော် သောက်သုံးမကျတာပဲ-လို့ပဲ အပြစ်တင်ရမလား မဆုံးဖြတ်တတ်တော့ပါဘူးဗျာ၊
Unknown said…
ဥာဏ်မမီရင်မဝေဖန်ကြတာအပြစ်ကင်းမယ်လို့ယူဆပါတယ်၊
ကိုယ်ကိုယ်တိုင်လေ့လာပါ၊စူးစမ်းပါ............စည်ဖြင့်ကာလမသုတ်မှာဟောပြထားပါတယ်၊အပေါ်ယံရှပ်ပြီးဘာမှမလုပ်ဈေခင်ပါ။
လူမျိုးတွေလို့လဲမသုံးပါနဲ့ဗျာ၊

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...