ပြီးခဲ့တဲ့ ၂၃ ရက်နေ့လောက်ကစပြီး မန္တလေးမှာ မိုးတွေရွာပြီး တော်တော်လေးကို အအေးပိုလာပါတယ်... ခါတိုင်း ညဖက်နဲ့ မနက်ဖက်လောက်ပဲ ချမ်းတတ်တဲ့ မန္တလေးဟာ နေ့လည်ဖက်တွေတောင် အနည်းငယ် ချမ်းလာပါပြီ...
ဒီနေ့မနက်တော့ ထူးထူးခြားခြား နှင်းများကျနေပါတယ်... အခုအချိန်ထိကို နှင်းများ အနည်းငယ်ကျနေတုန်းပါပဲ... မြူနှင်းလို့ ပြောရင် ပိုမှန်မယ် ထင်ပါတယ်... ဒီနေ့မနက် (၇) နာရီ ၀န်းကျင်ကဆိုရင် ကိုယ့်ရှေ့ ပေ (၃၀) ၀န်းကျင်လောက်ကိုပဲ မြင်ရအောင် နှင်းများကျဆင်းနေပါတယ်... ကျုံးဘေးလမ်းကသွားတာတောင် မြို့ရိုးကို လှမ်းမမြင်ရပါဘူး...
Friday, December 30, 2005
မန္တလေး ဆောင်း ...
Posted by
MgHla မောင်လှ
at
8:52 am
No comments:
Post a Comment