Skip to main content

Posts

SONY NEX-3 / NEX-5 Camera Review

SonyStyle Magazine မှာ SONY NEX-3 / NEX-5 ကင်မရာကို မြင်ပြီး ကတည်းက SONY NEX camera တွေကို သဘောကျမိတာနဲ့ အင်တာနက်ထဲ လိုက်ရှာ ဖတ်မိပြီး ကျတော် သဘောကျမိတာပါ… ကျတော်ကိုယ်တိုင် ဝယ်ယူဖို့ မတတ်နိုင်တာနဲ့ ကုမ္ပဏီမှာ အသုံးပြုဖို့ ဝယ်ယူခွင့်တင်ပြီး ဝယ်လိုက်တာပါ… တကယ် ဝယ်ယူခွင့်လည်းပြုရော ရန်ကုန် SONY Expo 2010 မှာ ပြခဲ့တယ်ဆိုတဲ့ ဒီကင်မရာတွေကို Sony Showroom ကို မေးကြည့်တော့ မတင်သေးပါဘူး… ပွဲအတွက် နမူနာ သွင်းလာတာတဲ့… တကယ် မထွက်သေးဘူးလို့ showroom က ပြောပါတယ်… ရန်ကုန် Sony Showroom အထိ ဖုန်းဆက်မေးတာ ကျတော့်မှာ အရူး ၁-ယောက်လို ဖြစ်လို့… ဒါနဲ့ ဟိုဟို ဒီဒီ လိုက်မေးထားရင်းနဲ့ ကံကောင်းစွာနဲ့ Technoland ကို SONY NEX-3 ကင်မရာ 16mm f/2.8 lens ရောက်လာနဲ့ ဝယ်ဖြစ်သွားတာပါ… အင်တာနက်ထဲမှာ SONY NEX-3 ကင်မရာကို 16mm f/2.8 Lens နဲ့ဆို USD550 ဝန်းကျင်ခန့်ရှိပြီး 18-55mm f/3.5-5.6 OSS  lens နဲ့ဆို USD600 ဝန်းကျင်ဈေး ရှိပါတယ်… စင်္ကာပူမှာ SONY NEX-3 + 16mm + 18-55mm ကို SGD1200 ဝန်းကျင်နဲ့ရောင်းပါတယ်… တတ်နိုင်ရင်တော့ lens ၂-ခုနဲ့ဟာ ဝယ်ရင် ပိုကိုက်တယ်လို့ ထင်ပါတယ်…  ဒီ SONY NEX-3 ကင်မရာ ကျတော့် လက်ထဲရောက်တာ ၂-ရက်ပ

Business Mobility and Wireless Technology Workshop

မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (မန္တလေးတိုင်း) က ဦးစီးကျင်းပမယ့် Business Mobility and Wireless Technology Workshop ကို အသင်း အစည်းအဝေးခန်းမ အခန်း ၂၂၉၊ ရွှေဖြူပလာဇာ ဒုတိယထပ်မှာ 11-July-2010 (တနင်္ဂနွေနေ့) မနက် ၉-နာရီကနေ ညနေ ၅-နာရီ အထိ ကျင်းပမှာ ဖြစ်ပြီး တက်ရောက်လိုတယ် ဆိုရင်တော့ ဖုန်းနံပါတ် ၀၂-၆၉၃၁၅ ဆက်သွယ်နိုင် တယ်လို့ ဒီလ ၉-ရက်နေ့ထုတ် မန္တလေး နေ့စဉ် သတင်းစာပါ ကြော်ငြာ အရသိရပါတယ်...  ဖုန်းဆက် စုံးစမ်းကြည့်တဲ့အခါမှာတော့ workshop fee ၂-သောင်း ပေးသွင်းရမှာ ဖြစ်ပြီး နေ့လည်စာ၊ အကျွေးအမွေးနဲ့ ဧည့်ခံမှာ ဖြစ်ပြီး certificate လည်း ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်... My Labels: Work Shop, IT, Wireless, ICT, Myanmar, Burma, Mandalay,

EVOLTA with bokeh

My Labels: Photography, Bokeh, Toy Photography

Adobe Photoshop Lightroom 3 ထွက်ပါပြီ...

ဓာတ်ပုံ သမားတွေ အသုံးများတဲ့ ကျတော် သုံးနေကျ ဖြစ်တဲ့ Adobe Photoshop Lightroom 3 ထွက်ပါပြီ... Adobe Photoshop Lightroom နဲ့ Adobe Photoshop ၂-ခု မတူပါဘူး... Adobe Photoshop Lightroom က ဓာတ်ပုံများ ပြင်ဆင်ချိန်ညှိဖို့ အတွက် သီးသန့်  ထုတ်ထားတာပါ...  မနေ့ကမှ LR3 ထွက်တာကို သိပြီး မရမက ဒေါင်းလုပ် လုပ်ပြီး အခု စမ်းသုံးကြည့်နေပါတယ်... အခု အသစ်ထွက်လာတဲ့ LR3 မှာ  ကျတော် စမ်းသုံးပြီးသလောက် ကြိုက်မိတာ ၂-ခု ရှိပါတယ်...  ပထမ လုပ်ဆောင်ချက်ကတော့ noise reduction စနစ်ပါ... noise reduction စနစ်ဟာ အရင် LR 2.6.1 ထက်ကို ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်... ညဘက်တွေ ဓာတ်ပုံရိုက်တဲ့အခါ noise ကြောက်လို့ ISO လျော့ရိုက်ရစရာ မလိုတော့ဘဲ ISO အမြင့်မှထားရိုက်ပြီး LR3 က noise reduction စနစ်နဲ့ noise တွေကို အလွယ်တကူ လျော့ချနိုင်ပါပြီ... နောက်ထွက်တဲ့ ကင်မရာတွေမှာ တော့ ကင်မရာကိုယ်တိုင်က noise တွေမပါအောင် လျော့ချပေးနိုင်ပါတယ်... ကျတော့် Nikon D200 မှာတော့ ISO400 မှာဆို ကျတော် မမြင်ချင်တဲ့ noise တွေ ပါနေပါတယ်...  အခုတော့ LR3 မှာတင် noise တွေကို မမြင်ရအောင် ချောမွေ့အောင် လျော့ချ ပေးပါတယ်... ဒုတိယ လုပ်ဆောင်ချက်ကတော့ waterm

Circles & Hearts Bokeh

My Labels: Photos, Photography, Bokeh, Custom Shape Bokeh

သြော်... ဒါနဲ့စကားမစပ်...

သြော်... ဒါနဲ့စကားမစပ်... “ သြော်... ဒါနဲ့စကားမစပ်...” လို့ ပြောတတ်တဲ့ ဦးသုမောင်ကြီး ဘဝ တစ်ပါးသို့ ကူးပြောင်းသွားတဲ့ အတွက်ကြောင့် အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကောင်းရာသုဂတိ လားပါစေ ဦးသုမောင် ခင်ဗျား... သြော်... ဒါနဲ့စကားမစပ်...  MacBook သုံးတော့ စဒုက္ခတွေ့တာ Windows သုံးရင် Home, End, Page Up, Page Down နဲ့ Delete key တွေ ပါတာပဲ... Delete လို့ရေးထားပေမယ့် Windows ဘက်မှာဆို Back space အလုပ်ပဲ လုပ်ပါတယ်... တကယ် Delete key အလုပ် လုပ်ချင်ရင် Fn+Delete key ၂-ခုကို တွဲနှိပ်ရပါတယ်... Home Key ကတော့ Fn+Left Arrow key တွဲနှိပ်ရပါတယ်... End key ကတော့ Fn+Right Arrow Key တွဲနှိပ်ရပါတယ်... Page Up Key ကတော့  Fn+Up Arrow key တွဲနှိပ်ရပါတယ်... Page Down Key ကတော့  Fn+Down Arrow key တွဲနှိပ်ရပါတယ်... တော်တော် ညံ့တဲ့ ကျတော်ပါ... ရှာလိုက်ရတာ ဖတ်ဖတ်မော... သြော်... ဒါနဲ့စကားမစပ်...  Google Calculator လေးကို ကြိုက်မိနေတယ်... ငွေလဲလှယ်နှုန်းတွေ၊ ရာသီဥတုတွေ တော်များများ ကြည့်လို့ရတယ်ဗျာ... ဥပမာ- 512 Kbps ဟာ KBps ဘယ်လောက်ရှိလဲဆိုတာ သိချင်ရင် Google.com ထဲအရင်ဝင် search box ထဲမှာ 512 kbps in KBp