Skip to main content

Posts

မနေ့က...

မြန်မာ ၁-ယောက်ရဲ့ Where are you come from? လို့ အမေးခံရတဲ့ ည... ကိုစာပြောတဲ့ ဘကုန်းတွေ သောက်ကြတဲ့ Baron Beer သောက်ပြီး မူးတဲ့ညပေါ့... မှတ်မှတ်ရရ လွတ်လပ်ရေးနေ့မှန်း မသိရတဲ့ မန်းလေးမြို့ရဲ့ တခေတ်တခါက ဗိုလ်ချုပ် ကြေးရုပ် ရှိခဲ့ဖူးပြီး ရေပေါ် စားသောက်ဆိုင်တွေ ရှိခဲ့ဖူးတဲ့ ကျုံးထောင့်နားက မီးပွိုင့်ပေါ့ဗျာ... My Labels: Photos, Mandalay, Myanmar, Night shot

Hibernate Enable in Vista

Vista သုံးတော့ Hibernate မတွေ့မိဘူး... အဲဒါနဲ့ Google နဲ့ ရှာလိုက်တော့ ဒီမှာ လာတွေ့မယ် ... ဒီhowtogeek.com ထဲက အကြောင်းအရာလေးတွေလည်း ကောင်းတယ်နော်... cmd နဲ့ command promt ထဲသွားပြီး powercfg /hibernate on ဆိုပြီး ရိုက်ထည့် ပေးပြီးတဲ့ အခါ Shut Down command ရွေးတဲ့နေရာမှာ Hibernate ဆိုပြီး ပေါ်လာရောဗျာ... Hibernate နဲ့ ကွန်ပျူတာကို ပိတ်လိုက်ရင် ကွန်ပျူတာ မပိတ်ခင်က အသုံးပြုနေတဲ့ software တွေကို နောက်တစ်ကြိမ်ပြန်ဖွင့်တဲ့အခါ hibernate မလုပ်ခင် အခြေအနေက အတိုင်း ပြန်လုပ်ပေးတာပါ... ဥပမာ - Hibernate နဲ့ ကွန်ပျူတာ မပိတ်ခင် Firefox, Photoshop, MS Word တွေ သုံးနေတယ်... Hibernate လုပ်ပြီး ကွန်ပျူတာကို ပိတ်လိုက်တယ်... ကွန်ပျူတာ ပြန်ဖွင့်တဲ့အခါ Firefox, Photoshop, MS Word တွေ ကို အရင် သုံးနေတဲ့ အခြေ အနေအတိုင်း ပြန်မြင်ရပါမယ်... Thanks to http://www.howtogeek.com My Labels: Windows Vista, How to

မောင်လှရေ...

ပထမဆုံး နှုတ်ဆက်ချင်တာကတော့ Happy New Year ပါ... ပျော်ရွှင်စရာ အတိနဲ့ ပြီးပြည့်စုံတဲ့၊ တတိုင်းရနိုင်တဲ့ 2009 ခုနှစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... မောင်လှရေ... မှတ်ထားဦးဗျ... Windows XP ကြိုက်လွန်းလို့ ရုံးက ဝယ်ပေးတဲ့ laptop မှာပါလာတဲ့ Vista Home Premium ကို ဖြုတ်ချပြီး မရမက XP တင်သုံးနေတာကနေ... စမ်းထားတဲ့ တင်ထားတဲ့ software များလာလို ထင်ပါရဲ့ နှေးနှေးလာလို့ format ချပြီး Vista ပြန်တင်သုံးဖြစ်တယ်... Vista နောက် ထွက်လာမယ့် windows မှာလည်း vista ကို အခြေခံနိုင်တယ်လို့ ယူဆပြီး စွဲစွဲမြဲမြဲ သုံးနေတဲ့ XP အစား Vista ပြောင်းသုံး ဖြစ်တာပါ... အရင်က အခြား Disk Management Tool တစ်ခုခုကို သုံးပြီး လုပ်ရတဲ့ Partition ချုံ့တာ၊ ချဲ့တာ လုပ်တဲ့ လုပ်ဆောင်ချက် Vista မှာ ပါလာတာ သတိထားမယ်တယ်... Control Panel ထဲက Administrative Tools ထဲကမှ Computer Managment ကိုဖွင့်ပါ... Computer Managment ပွင့်လာပြီ ဆိုရင် ... ဘယ်ဘက် ကော်လံထဲက Storage အောက် Disk Manage ment ကို ရွေးပါ... စက်ထဲမှာ ရှိတဲ့ Hard Disk နဲ့ partition များကို ပြပါလိမ့်မယ်... မိမိ ချုံ့/ချဲ့လိုတဲ့ partition ပေါ် right click လုပ်လိုက်ပါ... ပေါ်

Welcome 31 & Bye Bye 30

My Labels: 31-Dec-1977, Birthday

ဘာရယ်တော့မဟုတ်ပါဘူး...

ဘာရယ်တော့မဟုတ်ပါဘူး... ညီမင်းစံ (ခ) သခင်စိုးကြီး (Not သခင်ကြီး) (ခ) BaganNAT ဓာတ်ပုံကို အဖြူအမည်းနဲ့ တင်မယ် လုပ်ပြီးမှ .. မကောင်းပါဘူးလေ ဟိုပြင် ဒီပြင် လုပ်ဦးမှ ဆိုပြီး လုပ်လိုက်တာ ဒီလိုဖြစ်သွားရော...

ဒါနဲ့ .. စကားမစပ်...

ဒါနဲ့ .. စကားမစပ်... တနင်္ဂနွေနေ့ မနက် ၅း၅၀-နာရီ လောက်က မန်းလေးရဲ့ မြောက်ဘက် ၅၅-မိုင်အကွာကို ဗဟိုပြုပြီးတော့ြေါညငအကိန ၄.၇ ရှိတဲ့ ငလျင် လှုပ်သွားကြောင်းပါ... ငလျင်မလှုပ်ခင် တစ်ပတ် မတိုင်ခင်မှာ ရာသီဥတုမှာ အရမ်းအေးပြီး ငလျင်လှုပ်ပြီးတဲ့ အချိန်မှာတော့ အအေးပြန်လျော့သွားပါတယ်... ငလျင်နဲ့ ရာသီဥတု အပူချိန် ပတ်သတ်မှု ရှိလား မရှိလားတော့ မသိကြောင်းပါ... Google နဲ့ ရှာကြည့်တော့ ပုံအောက် လင်ခ်ထဲမှာ ငလျင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ တွေ့တယ်... http://earthquake.usgs.gov/eqcenter/rec ... hp#details ဒါနဲ့ .. စကားမစပ်... ဒီမှာ မခင်ဦးမေ က “ခါးမှာ ချိတ်ထားတာ ဗျောက်ကြီးထင်လို့။ :P” လို့ပြောတားတာကို ဖြေရှင်းပါရစေ... အဲဒါ ဗျောက် မဟုတ်ကြောင်းပါ... “ဟလို .. ဟလို ... ကြားလား ကြားလား..” ခဏ ခဏ အော်ရတဲ့ ပါလေရာ ဖုန်းလေးပါ.. ဒါနဲ့ .. စကားမစပ်... ကျတော့် blog မှာ Followers လုပ်ထားသူများကို ကျေးဇူး အထူးတင်ကြောင်းပါ... ကျတော်မှာတော့ Greader နဲ့ ဖတ်နေရတဲ့ အတွက် follow မလုပ်နိုင် comment မရေးနိုင် မပြန်နိုင်တာကို ခွင့်လွှတ်စေချင်ပါသည်... ဒါနဲ့ .. စကားမစပ်... စိုးမင့်ခန့် မေးထားတဲ့ © အမှတ်အသား ကို ဘယ်လို လုပ်ထားလဲဆိုတော့... Pho