Skip to main content

Posts

Nikon D90 camera အသစ်ထွက်လေပြီ...

27-Aug-08 နေ့က Nikon D90 ကင်မရာ အသစ်ထွက်တဲ့ သတင်း Dpreview.com မှာတွေ့လို့ http://www.nikon.com မှာ သွားကြည့်ဖြစ်သည်... Nikon D90 မှာ အထူးခြားဆုံး လုပ်ဆောင်ချက်က D-Movie လို့ခေါ်တဲ့ movie clip ရိုက်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာခြင်းပါ... DSLR ကင်မရာတွေမှာ ပထမဦးဆုံး ပါဝင်ခြင်းပါ... point-and-shoot ကင်မရာတွေမှာ ပါတာ တော်တော် ကြာပါပြီ... Megapixels က 12.3 megapixels ဖြစ်ပြီး Nikon's DX-format CMOS image sensor ကို သုံးထားပါတယ်... ISO ကို 200 ကနေ 3200 အထိ ပြောင်းလဲ ရိုက်ကူးနိုင်ပြီး Hi1 ထားမယ်ဆိုပါက ISO6400 နဲ့ ရိုက်ကူးနိုင်ပါတယ်... Face Detection System ပါဝင်လားပြီး LCD ကနေ တိုက်ရိုက်ကြည့်ရှု ရိုက်ကူးနိုင်တဲ့ Live View လည်း ပါဝင်လာကြောင်းပါ.... အသေးစိတ် ထပ်မံ ဖတ်ရှုလိုပါက http://chsvimg.nikon.com/products/imaging/lineup/d90/en/ နဲ့ http://www.dpreview.com/news/0808/08082702nikond90previewed.asp မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... Google Shopping နဲ့ ဈေးနှုန်းရှာကြည့်တော့ body ချည်းပဲဆိုရင် ဒေါ်လာ 1000 ဝန်းကျင်ရှိကြောင်းပါ... ကျတော်တော့ Nikon D90 ပုံတွေကြည့်ပြီး သွားရည်ကျနေကြော

Water Drops photo

မနေ့ညက ဟိုတယ် ဘေစင်မှာ ရေဖြည့်ပြီး ရိုက်ကြည့်ထားတာပါ... အပြာဘက် သန်းအောင် အလင်းခန်းထဲမှာ ချိန် ထားပါတယ်... ISO: 400 Lens: 180mm (Nikkor 70-300mm) Apature: f/4.8 Shutter Speed: 1/60sec ISO: 400 Lens: 270mm (Nikkor 70-300mm) Apature: f/8.0 Shutter Speed: 1/200sec My Lables: water drops photo

Flowers

ကျေးဇူးတင်ပါတယ်...

ကျတော့် ဘလော့ကို လာကြည့်တဲ့သူတွေရဲ့ ကျေးဇူးနဲ့ ဘန်ကောက်ရောက်နေတဲ့ ကျတော့်သူငယ်ချင်း ကျေးဇူးကြောင့် အပေါ်က ပြထားတဲ့ ဓာတ်ပုံထဲမှာ ပါတဲ့ ပစ္စည်း ၂-ခု ဝယ်နိုင်ခဲ့ပါတယ်... ကျတော့်ဘလော့ကို လာရောက် ကြည့်ရှုသူများကို ကျေးဇူး အထူးတင် ရှိကြောင်းပါ...

မနေ့က

မနေ့က ... ဪ မနေ့က...

b ဘီအသေးလား B ဘီအကြီးလား (Bit or Byte)

Bit ဆိုတာ binary digital ကို ခေါ်တာပါ... bit ဆိုတာ 0 (သို့) 1 ကိုရည်ညွှန်းပါတယ်... ကွန်ပျူတာမှာ အသေးဆုံး ယူနစ် တစ်ခုဖြစ်ပါတယ်... 0 နဲ့ 1 ၈-လုံး ပေါင်းစည်းလိုက်ရင် Byte လို့ခေါ်ပါတယ်... အက္ခရာတစ်လုံး (character တစ်လုံး) နဲ့ ညီမျှပါတယ်... Bit ကို အတိုကောက် ရေးတဲ့အခါ b (small letter b) အနေနဲ့ သုံးရပြီး Byte ကို အတိုကောက် သုံးနှုန်းတဲ့အခါ B (capital letter B) နဲ့ သုံးရပါတယ်... 10 Kb ဆိုတာနဲ့ 10 KB ဆိုတာ အဓိပ္ပာယ် မတူပါဘူး... 10 Kb က 10 Kilo bit ကိုပြောတာဖြစ်ပြီး 10 KB ဆိုတာက 10 Kilo Byte ကိုပြောတာပါ... အဲဒီလိုပါပဲ 100Mbps နဲ့ 100MBps မတူသလို 200Mb နဲ့ 200MB ဆိုတာ မတူပါဘူး... အသုံးအနှုန်းလေးတွေ မမှားကြအောင်၊ အဓိပ္ပာယ် မလွှဲရအောင် ဂရုတစိုက် ရေးသား စေချင်ပါတယ်.. အကျယ်ထပ်သိချင်ရင်တော့ http://en.wikipedia.org/wiki/Bit နဲ့ http://en.wikipedia.org/wiki/Byte မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... labels: data storage unit, data transfer unit, bit, byte, computer, it, ict

Zaygyo IT Zone

မနေ့က ကိုသခင်ကြီး နဲ့ အတူ ဈေးချို ပလာဇာမှာ ကျင်းပတဲ့ Zaygyo IT zone ဖွင့်ပွဲနဲ့ ကွန်ပျူတာ နည်းပညာပြပွဲကို သွားကြည့်ဖြစ်တယ်... ကွန်ပျူတာဆိုင်တွေမှာ အများသောအားဖြင့် laptop များကို အဓိက ပြသ ရောင်းချတာကို တွေ့ခဲ့ရတယ်... Dell desktop PC များကိုလည်း ရောင်းချတာတွေ့ရပါတယ်... မှတ်မိသလောက် ပြောရရင် DCD, MRS, KMD, Blu Ray, Top Trading (Digital Camera Shop), eTradeMyanmar, Technoland, eVolva, Alpha, MAT, MIT, Canon နဲ့ Sony တို့အပါအဝင် အခြားဆိုင်တွေကိုလည်း တွေ့ခဲ့ရတယ်... လူအရမ်းကြီး မများပေမယ့် စည်ကားတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်... ဒီနေ့လည်း အဲဒီပွဲကို ကင်မရာဝယ်ဖို့ သွားခဲ့ပါသေးတယ်... ဒီနေ့ဟာ ဈေးချိုဖွင့်တဲ့ အတွက် ဆိုင်ကယ် အပ်ရာမှာ အခက်အခဲ ရှိပါတယ်... Zaygyo IT zone ဟာ မန္တလေးမြို့ နာရီစင်၊ ဈေးချို ပလာဇာ၊ ၂၆-လမ်းနှင့် ၈၅-လမ်းထောင့်မှာ တည်ရှိပါတယ်... ရတနာပုံဈေး မီးလောင်သွားပြီးတဲ့ နောက်မှာ MICT မှ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတော်တော်များများက ရတနာပုံဈေး မြောက်ဘက် မှာ တိုက်ခန်းများပြန်လည် ငှားရမ်း လုပ်ကိုင်ကြပြီး အချို့ကတော့ အခုဖွင့်လှစ်တဲ့ ဈေးချိုပလာဇာမှာ ပြောင်းလဲ ဖွင့်လှစ်ကြတာ ဖြစ်ပါတယ်...