Skip to main content

Posts

ရန်ကုန်သား တစ်ယောက်ရဲ့ ကိုယ်တွေ့ နာဂစ် (Myanmar Cyclone)

အောက်ဖော်ပြပါ အကြောင်းအရာများကို NativeMyanmar တွင် ကိုမင်းအို ရေးသားခဲ့ခြင်း ဖြစ်ပြီး ကိုမင်းအိုထံ ဖုန်းဖြင့် ခွင့်တောင်းကာ ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်.... ယခုလို ကျတော့် ဘလော့မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကိုမင်းအိုကို ကျေးဇူးအထူး တင်ရှိကြောင်းပါ... သောကြာနေ့ မုန်တိုင်းက လမ်းကြောင်းပြောင်းသွားပြီ...။ ဧရာဝတီတိုင်းကနေ ရန်ကုန်တိုင်းထဲကို ဖြတ်မတဲ့...။ အိမ်ကို ဖုန်းဆက်တယ်...။ ရိက္ခာနှစ်ရက်စာလောက် ၀ယ်ထားကွယ်ပေါ့...။ လေသံပျော့လေးနဲ့...။ စိတ်ထဲ သိပ်တော့မပူ...။ အင်တာနက်ကတော့ ပြင်းထန်သော မုန်တိုင်းကြီးဆိုလို့ သတိပေးစာလေးဘာလေးတော့ ရေးဖြစ်တယ်...။ လေတွေတိုက်မယ်ပေါ့...။ မိုးတွေရွာမယ်ပေါ့...။ သောကြာည ညနေကတည်းက မိုးကခပ်ဖွဲဖွဲစရွာတယ်...။ ညမိုးချုပ်တော့ မိုးသိပ်မရွာ...။ ဒီမုန်တိုင်းက ဘယ်လိုလဲပေါ့...။ အိမ်မှာတော့ ဟိုအကြောင်း ဒီအကြောင်းပြောကြရင်း စကားဝိုင်းဖွဲ့နေလိုက်ကြတယ်...။ လေက အသံနည်းနည်းပါလာတယ်...။ လေချွန်သလိုလိုေ>မတွန်သလိုလို အသံတွေ ကြားလာရတယ်...။ ပြတင်းကကြည့်တော့ သစ်ပင်တွေ ယိမ်းနွဲ့လို့...။ ည ၁၂နာရီကျော်တော့ လေသံက သိသိသာသာ ပြင်းလာတယ်...။ အုန်းပင်တွေက အုန်းလက်တွေက လေတိုက်လို့ လန်ထွက်သွားတဲ့ ထီ

Myanmar Cyclone 2008

ရန်ကုန်ကို ဧပြီ ၂၈ ရက်နေ့ကတည်းက ရောက်နေတာပါ... အဲဒါနဲ့ နာဂစ်ဆိုတာကြီးနဲ့တွေ့ရော ဆိုပါတော့... ဘီဘုတ်ပျံတွေ၊ သွပ်ပြားပျံတွေ တွေ့လိုက်ရတယ် ခင်ဗျ... မိုးတိတ်သွားတဲ့အချိန်မှာ ရုံးအခြေအနေ သိချင်တာနဲ့ လမ်းလျှောက်ပြီး ရုံးကို ရောက်အောင်သွားဖြစ်တယ်... န၀ဒေး မှတ်တိုင်မရောက်ခင်မှာ အသိအကို တစ်ယောက် နဲ့ တွေ့လို့ ကားနဲ့ လိုက်ပို့ပေးလို့ ရုံးကို ရောက်ခဲ့တယ်... သစ်ပင်တွေလဲ နေလို့ ကားလမ်းမဟာ တောကြီးထဲက လမ်းကြီးလိုပါပဲ... ပြိုကျနေတဲ့ တဲတွေ၊ အိမ်တွေ၊ သွပ်ပြားတွေ လှန်နေတဲ့ စက်ရုံတွေ ထမင်းမစားရသေးတဲ့လူတွေ တွေ့ခဲ့ရတယ်... ၀မ်းနည်းစရာ အရမ်းကောင်းတယ်ဗျာ... ဒေါသတွေထွက်ပြီး စိတ်တွေလည်း တိုမိတယ်.... စာရိုက်ရတာ အဆင်မပြေလို့ နောက်နေ့များမှ ဆက်ရေးပါ့မယ်... my labels: Nagis, Nargis, Myanmar Cyclone, Burma Cyclone, Myanmar News

ဪ... သင်္ကြန်

သင်္ကြန်မှာ မေမြို့ တက်နားမယ် ဆိုပြီး ကားခ ဈေးကြီးတာနဲ့ မသွားဖြစ်ဘူး... van ကား နောက်ခန်းမှာ သုံးယောက် တင်တယ် တစ်ယောက်ကို ပုံမှန် အချိန်တွေဆို ၄၅၀၀-ကျပ်၊ သင်္ကြန်တွင်းမို့ ဈေးနည်းနည်း တက်တယ် ငါ့ညီရေ... ဘယ်လောက်လဲ မေးတော့ ၉၀၀၀-ကျပ်ပါတဲ့... အဲဒါနဲ့ မန္တလေးမှာပဲ နေပြီး အိပ်လိုက် စားလိုက် မီးလာရင် DVD ခွေကြည့်လိုက် ပျင်းလာရင် မဏ္ဍပ်လျှောက်ကြည့်လိုက်နဲ့ သင်္ကြန်တွင်းကို ဖြတ်သန်းခဲ့တယ်... ကင်မရာ ရေစိုမှာ စိုးတာနဲ့ ဓာတ်ပုံ မရိုက်ဖြစ်ဘူး.... bagannat ကြီးကို အားကျပြီး ဖြစ်ချင်တာ ဖြစ်ဆိုပြီး နောက်ဆုံး ၂-ရက်ကျမှ ဓာတ်ပုံ ထွက်ရိုက် ဖြစ်တယ်... အောက်ကပုံက အဲဒီထဲက ၁-ပုံပေါ့... My labels: Thingyan, Water Festival, Mandalay Myanmar Burma Burmese News

Ludu Daw Ahmar's Funeral part 2

My labels: Ludu Daw Ahmar, Mandalay Myanmar Burma Burmese Writer

Ludu Daw Ahmar's Funeral

ဒီနေ့ လူထုဒေါ်အမာရဲ့ ဈာပနနေ့မို့ ကျတော် ရုံးကနေ ခွင့်ယူပြီး လိုက်ပို့ဖြစ်ပါတယ်... ကျတော်နဲ့ အတူ bagannat ပါ ပါပါတယ်... အမေ့ရဲ့ ဈာပနမှာ ရိုက်ဖြစ်တဲ့ ဓာတ်ပုံများထဲမှ အချို့ ဓာတ်ပုံတွေပါ... My labels: Ludu Daw Ahmar's funeral, Mandalay Myanmar Burma Burmese Writer

Ludu Daw Ahmar

My labels: Ludu Daw Ahmar, Mandalay Myanmar Burma Burmese Writer

Mandalay News

မန္တလေးမှာ အခု မိုးဖွဲဖွဲလေး ရွာလျှက်ရှိပါတယ်... ထူးဆန်းတာကတော့ ဖန်ပေသီးခန့်ရှိတဲ့ မိုးသီးများ ကျနေခြင်းပါပဲ... စမ်းသပ် ထုတ်လွှင့်နေတဲ့ Mandalay FM အစီအစဉ်တွေ တော်တော်လေးကို ကောင်းတာ တွေ့ရပါတယ်... Mandalay FM ကို online ပေါ်မှ နားထောင်ချင်သူများ ဒီနေရာမှာ နားထောင်လို့ရပါပြီ... My labels: aPiRlfoOL