Skip to main content

Posts

Ludu Daw Ahmar's Funeral

ဒီနေ့ လူထုဒေါ်အမာရဲ့ ဈာပနနေ့မို့ ကျတော် ရုံးကနေ ခွင့်ယူပြီး လိုက်ပို့ဖြစ်ပါတယ်... ကျတော်နဲ့ အတူ bagannat ပါ ပါပါတယ်... အမေ့ရဲ့ ဈာပနမှာ ရိုက်ဖြစ်တဲ့ ဓာတ်ပုံများထဲမှ အချို့ ဓာတ်ပုံတွေပါ... My labels: Ludu Daw Ahmar's funeral, Mandalay Myanmar Burma Burmese Writer

Ludu Daw Ahmar

My labels: Ludu Daw Ahmar, Mandalay Myanmar Burma Burmese Writer

Mandalay News

မန္တလေးမှာ အခု မိုးဖွဲဖွဲလေး ရွာလျှက်ရှိပါတယ်... ထူးဆန်းတာကတော့ ဖန်ပေသီးခန့်ရှိတဲ့ မိုးသီးများ ကျနေခြင်းပါပဲ... စမ်းသပ် ထုတ်လွှင့်နေတဲ့ Mandalay FM အစီအစဉ်တွေ တော်တော်လေးကို ကောင်းတာ တွေ့ရပါတယ်... Mandalay FM ကို online ပေါ်မှ နားထောင်ချင်သူများ ဒီနေရာမှာ နားထောင်လို့ရပါပြီ... My labels: aPiRlfoOL

Sunset Photos

ဖားသားလဖုန်း နေဝင်ပြီ My labels: Myanmar, Burma, Mandalay, Sunset, Photos,

Mandalay FM radio

မန္တလေးမှာ လာတော့မယ် လာတော့မယ် ဆိုပြီး ကြာနေတဲ့ Mandalay FM ကြီးဟာဆိုရင်ဖြင့် အမှန်တကယ်ကိုပဲ ဧပြီလ ၃-ရက်နေ့ကနေ စပြီး စမ်းသပ် ထုတ်လွှင့်တော့မယ်လို့ ဆိုလာပါတယ်... အမှန်တကယ်လွှင့်မှာကတော့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ပါ... 91.9 MHz (FM) ကနေ ဖမ်းယူရရှိနိုင်မှာဖြစ်ပြီး မန္တလေးမြို့နဲ့ မိုင် ၅၀ ပတ်လည်နေရများကနေ နားသောတ ဆင်နိုင်မှာဖြစ်ကြောင်းနဲ့ အထက်မြန်မာပြည် တပြည်လုံးကို ဖြန့်ကြက်ဖို့ အစီအစဉ်ရှိကြောင်း ကြားသိရကြောင်းပါ... Mandalay FM logo ကတော့ ကျတော် ပြိုင်ပွဲ ဝင်မယ်ဆိုပြီး ဆွဲထားတာပါ... နေမကောင်းဖြစ်တာနဲ့ ဝင်မပြိုင်ဖြစ်ပါဘူး... တကယ့် Mandalay FM logo ဘယ်လို ပုံစံလဲဆိုတာကိုတော့ နှစ်ဆန်း တစ်ရက်နေ့မှ မြင်ရလိမ့်မယ် ထင်ပါတယ်... My labels: Myanmar Burma News, Mandalay News, FM

Photo near U Pain Bridge (Mandalay, Myanmar - Burma)

တောင်သမာန်အင်း မယ်ဇယ်ပင်တန်းသွားတုန်းက ရိုက်တားတဲ့ ပုံလေးပါပဲ My labels: Taungtaman inn, U Pain, Amarapura Myanmar Mandalay Photo

Myo Kyawt Myaing One Man Show

ကျတော်ရဲ့ crazy ဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ ပထမဆုံး One Man Show ဖျော်ဖြေပွဲကို မတ်လ ၃၀-ရက်နေမှာ ရန်ကုန်မှာ ကျင်းပမယ်တဲ့ဗျာ... မန္တလေးမှာပါ လုပ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ... ဝင်ကြေးက ၄၀၀၀-ကျပ်ကနေ ၄၅၀၀-ကျပ် အတွင်းဖြစ်လိမ့်မယ်တဲ့...ပရိတ်သတ်များ မမျှော်လင့်ထားတဲ့ ဖျော်ဖြေမယ့် ပုံစံမျိုး တင်ဆက်ဖို့ကြိုးစားထားပြီး ပရိတ်သတ် အံ့သြသွားအောင် မျိုးကျော့်မြိုင်နဲ့ အတူ ကူညီသီဆိုဖျော်ဖြေ ပေးမယ့် သူများကို ကြိုတင် ကြေညာထားမှာ မဟုတ်ကြောင်းကို အသစ်ထွက်ရှိလာတဲ့ Bi Weekly Eleven Journal ပါ သတင်းအရ သိရပါတယ်... ကိုမျိုးကျော့်မြိုင်ရဲ့ One Man Show အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေနိုင်ပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်... My labels: Myo Kyawt Myaing One Man Show