Sunset Photos March 30, 2008 ဖားသားလဖုန်း နေဝင်ပြီ My labels: Myanmar, Burma, Mandalay, Sunset, Photos, Read more
Mandalay FM radio March 26, 2008 မန္တလေးမှာ လာတော့မယ် လာတော့မယ် ဆိုပြီး ကြာနေတဲ့ Mandalay FM ကြီးဟာဆိုရင်ဖြင့် အမှန်တကယ်ကိုပဲ ဧပြီလ ၃-ရက်နေ့ကနေ စပြီး စမ်းသပ် ထုတ်လွှင့်တော့မယ်လို့ ဆိုလာပါတယ်... အမှန်တကယ်လွှင့်မှာကတော့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ပါ... 91.9 MHz (FM) ကနေ ဖမ်းယူရရှိနိုင်မှာဖြစ်ပြီး မန္တလေးမြို့နဲ့ မိုင် ၅၀ ပတ်လည်နေရများကနေ နားသောတ ဆင်နိုင်မှာဖြစ်ကြောင်းနဲ့ အထက်မြန်မာပြည် တပြည်လုံးကို ဖြန့်ကြက်ဖို့ အစီအစဉ်ရှိကြောင်း ကြားသိရကြောင်းပါ... Mandalay FM logo ကတော့ ကျတော် ပြိုင်ပွဲ ဝင်မယ်ဆိုပြီး ဆွဲထားတာပါ... နေမကောင်းဖြစ်တာနဲ့ ဝင်မပြိုင်ဖြစ်ပါဘူး... တကယ့် Mandalay FM logo ဘယ်လို ပုံစံလဲဆိုတာကိုတော့ နှစ်ဆန်း တစ်ရက်နေ့မှ မြင်ရလိမ့်မယ် ထင်ပါတယ်... My labels: Myanmar Burma News, Mandalay News, FM Read more
Photo near U Pain Bridge (Mandalay, Myanmar - Burma) March 20, 2008 တောင်သမာန်အင်း မယ်ဇယ်ပင်တန်းသွားတုန်းက ရိုက်တားတဲ့ ပုံလေးပါပဲ My labels: Taungtaman inn, U Pain, Amarapura Myanmar Mandalay Photo Read more
Myo Kyawt Myaing One Man Show March 18, 2008 ကျတော်ရဲ့ crazy ဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ ပထမဆုံး One Man Show ဖျော်ဖြေပွဲကို မတ်လ ၃၀-ရက်နေမှာ ရန်ကုန်မှာ ကျင်းပမယ်တဲ့ဗျာ... မန္တလေးမှာပါ လုပ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ... ဝင်ကြေးက ၄၀၀၀-ကျပ်ကနေ ၄၅၀၀-ကျပ် အတွင်းဖြစ်လိမ့်မယ်တဲ့...ပရိတ်သတ်များ မမျှော်လင့်ထားတဲ့ ဖျော်ဖြေမယ့် ပုံစံမျိုး တင်ဆက်ဖို့ကြိုးစားထားပြီး ပရိတ်သတ် အံ့သြသွားအောင် မျိုးကျော့်မြိုင်နဲ့ အတူ ကူညီသီဆိုဖျော်ဖြေ ပေးမယ့် သူများကို ကြိုတင် ကြေညာထားမှာ မဟုတ်ကြောင်းကို အသစ်ထွက်ရှိလာတဲ့ Bi Weekly Eleven Journal ပါ သတင်းအရ သိရပါတယ်... ကိုမျိုးကျော့်မြိုင်ရဲ့ One Man Show အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေနိုင်ပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်... My labels: Myo Kyawt Myaing One Man Show Read more
ဒါနဲ့ စကားမစပ်... March 17, 2008 ဒါနဲ့ စကားမစပ်... ၁၄-ရက်နေ့က ဟောပြောပွဲကို ရောက်သွားတယ်... ရတနာပုံဈေး မီးမလောင်ခင်ကတည်းက YCC (MICT)မှာ လုပ်မယ်လို့ ကြေငြာထားတဲ့ပွဲပေါ့... ရတနာပုံဈေးကြီးမီးလောင်တော့ MICT လည်းပါသွားရော လုပ်စရာနေရာ ပျောက်သွားလို့ လမ်း-၈၀ ပေါ်က ခန်းမ တစ်ခုမှာလည်း လုပ်မယ်ဆိုပြီး သွားငှားတော့ ခန်းမတော့ ငှားပါရဲ့ သတင်းစာတွေ ဘာတွေမှာ ကြော်ငြာခွင့် မပေးဘူးတဲ့ဗျာ... အဲဒါနဲ့ နောက်ဆုံး မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ခန်းမကိုရောက်သွားရော... နေရာကို လူသိနည်းသွားလို့ ထင်ပါရဲ့ဗျာ လာတက်တဲ့သူ နည်းတယ်... လူလာနည်းပေမယ့် ကျတော့်အတွက်တော့ ပညာတွေ ရလိုက်တဲ့ ပွဲတစ်ပွဲပါ... ဟောပြောပွဲမှာ ဝမ်းနည်းစွာ သိလိုက်ရတဲ့ အချက်တစ်ချက်က မန္တလေးတိုင်း ကွန်ပျူတာပညာရှင်အသင်း EC အဖွဲ့ဝင် တဝက်လောက် စလုံးကို ထွက်သွားကြပြီတဲ့... ဒါနဲ့ စကားမစပ်... ပြီးခဲ့တဲ့ တပတ်က ရပ်ကွက်ရုံးနဲ့ ရဲ့စခန်းမှာ ထောက်ခံစာသွားယူတာ ထူးဆန်းတယ်ဗျ... လက်ဖက်ရည်ဖိုး မတောင်းဘူး... အသံတောင် မဟဘူး... လုပ်အားပေး ပုံစံ လုပ်နေရတဲ့ ရယကရုံးမှာတောင် လက်ဖက်ရည်ဖိုး မတောင်းဘဲ ဘာဖြစ်လို့ လခရတဲ့ ရုံးတွေက လက်ဖက်ရည်ဖိုးတောင်းနေရတာလဲ မသိဘူး... လခတွေ တိုးပေးထားရဲ့သားနဲ့... ဪ... ကလေးတေ Read more