Skip to main content

Posts

မီးထပ်လောင် ပြန်ခြင်း (Mandalay Fire News)

ဒီနေ့ မနက် ၁၀း၁၅ နာရီဝန်းကျင် CAE အဆောင် နားမှာ မီးလောင်ပါတယ်... ယင်းဘော်ဒါ ဆောင်နားမှာရှိတဲ့ အားလူးကြော်ဖိုက နေစလောင်ပြီး CAE အဆောင်ဘက်ကိုပါ ကူးစက်ကြောင်း ကြားသိရပါတယ်... အချို့လူတွေကတော့ CAE စားဖိုဆောင်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်တယ်လို့ ပြောကြပါတယ်... ဘယ်သတင်း က အမှန်လဲ တော့ မသိပါဘူး... ကျတော်ကိုယ်တိုင်လည်း အိမ်နဲ့ နီးတဲ့အတွက် အိမ်ကို ပြန်ပြေးပြီး ပစ္စည်းမှား ပြန်သိမ်းရပါတယ်... လာကြည့်သူ ဆိုင်ကယ်များ အရမ်းများတဲ့ အတွက် မီးလောင်ပြင်ဘက်ကို တော့ သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိပါဘူး... အဆောင်နေ ကလေးများကတော့ ၃၂-လမ်းပေါ် စာအုပ်များ ပိုက်ပြီး အရှေ့မှ အနောက်ဘက်ကို ပြေးနေကြတာ တွေ့ရပါတယ်... ဖြစ်ဖြစ်ချင်း ဖြတ်သွားတဲ့ ကလေးတွေဆို မျက်နှာမှာ ထိခိုက်ဒဏ်ရာ ရသည့် ကလေးများ ပါဝင်ကြောင်း သိရပါတယ်... ပြေးလာတဲ့ ကျောင်းသားများရဲ့ အဆိုရ အချို့ကျောင်းသားများရဲ့ စာအုပ်များနဲ့ ပစ္စည်းများ မီးလောင်ရာမှာ ပါသွားတယ်လို့ဆိုပါတယ်... ၁၀း၄၅ မီနစ်ခန့်မှာ မီးငြိမ်းသွားပါပြီ... CAE ဘော်ဒါဆိုတာ မန္တလေးရဲ့ နာမည်ကြီး ဘော်ဒါဆောင်ဖြစ်ပြီး ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၆၄-လမ်းမပေါ်မှာ တည်ရှိပါတယ်... ဒီဓာတ်ပုံကို Sony Ericsson K510i

Fire @ Yadanabon Zay (Market) Part III

မနေ့က မီးထဲမှာ MCC ရဲ့ ရုံးခန်း ပါသွားပါတယ်... ဒီနေ့လောင်တဲ့ မီးထဲမှာ MCC အကုန်ပြာကျသွားတယ်... MCC အောက်ထပ်က Orange super market ပါ... Orange က air-con တက်ဖြုတ်ရင်း gas အိုး ပေါက်လို့ မီးထလောင်တာလို့ အခင်းဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သူငယ်ချင်းက ပြောပါတယ်... မနေ့ညကတည်း ကွန်ပျူတာများကို သယ်နိုင်ခဲ့တဲ့ အတွက် စက်ခန်း ၃-ခန်းမှ ကွန်ပျူတာများကို သယ်ယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်... ဒီနေ့ ခုံနဲ့ အခြား ပစ္စည်းများကို သယ်ယူဖို့ ခွင့်ပြုချက်ကို လမ်းမပေါ်မှာ စောင့်ဆိုင်းနေရင်း အခုလို မီးလောင်တာ ဖြစ်ကြောင်း သိရပါတယ်... MCC မှ ၀န်ထမ်းများ ထိခိုက်ဒဏ်ရာ ရမှုလည်း မရှိဘူးလို့ သိရပါတယ်... MgHla ex-Lecturer (MCC Mandalay Branch) My labels: Mandalay News, Fire at Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

Fire @ Yadanabon Zay (Market) Part II

ရတနာပုံဈေးမှာ မီးလောင်နေတာ အခုအချိန်အထိ မငြိမ်းသေးပါဘူး... ကြိုးစား ငြိမ်းသတ်နေကြတာကို တွေ့ရပါတယ်... အောက်က ပုံတွေက အခုနေ့လယ် ၂ နာရီ ဝန်းကျင်က ရိုက်ထားတာပါ... ကျတော့်ရဲ့ Google Pages မှာ တင်ထားတဲ့ အထက်ကပုံတွေ bandwidth ကျော်သွားလို့ မမြင်ရဘူး ဖြစ်နေပါတယ်... ဒီပုံတွေကို ကြည့်ချင်တယ် ဆိုရင်တော့ NativeMyanmar Forum မှာ သွားကြည့်နိုင်ကြောင်းပါ... My labels: Mandalay News, Fire at Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

ရတနာပုံဈေး မီးလောင်နေခြင်း... (Mandalay News)

ရတနာပုံဈေးမှာ မီးလောင်နေတယ်... အခုအချိန်အထိ မငြိမ်းနိုင်သေးဘူး... ဘယ်အချိန်က စလောင်နေတာလဲတော့မသိပါ... ကျတော် ရုံးလာတော့ မီးခိုးတွေ တွေ့လို့ကြည့်လိုက်တော့ ရတနာပုံဈေး အပေါ်ထပ် ဖြစ်နေတယ်... ရတနာပုံဈေး အပေါ်ဆုံးထပ် အရှေ့ဘက်ခြမ်းလို့ ပြောကြတာပဲ... ရတနာပုံဈေးမှာ မြေညီထပ်မှာ ရတနာပုံဈေး၊ ပထမထပ်မှာ Skywalk shopping mall ၊ ဒုတိယထပ်မှာ ကုန်သည်ကြီးများ အသင်း၊ MCC ၊ ဓာတ်ပုံအသင်းများ၊ Relax စားသောက်ဆိုင်၊ တတိယထပ်မှာ MICT park၊ စတ္ထုထပ်မှာ Ray World Office တို့ရှိပါတယ်... ဓာတ်ပုံကြည့်လိုပါက NativeMyanmar Forum ရဲ့ မန္တလေး သတင်း တော့ပစ်အောက် မှာ သွားကြည့်နိုင်ပါတယ်... 10:50AM : အခုအချိန်အထိ လောင်နေတုန်းပါ... မန္တလေး ကွန်ပျူတာလောက ကြီးတော့ သွားတော့မယ် ထင်ပါတယ်... 11:50AM : 11း40 နာရီ ခန့်ကရိုက်ကူးထားသည့် ဓာတ်ပုံ Update 11:56AM: NativeMyanmar Forum မန္တလေး သတင်းတော့ပစ်အောက်တွင် အခြားသူများ ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်နိုင်ပါသည်။ My labels: Mandalay News, Fire Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

Way Back Home (Photos)

NativeMyanmar Forum မှာ ကိုသခင်ကြီး ဦးဆောင် ကျင်းပနေတဲ့ Weekly Photo Contest အတွက် ဒီတပတ် ခေါင်းစဉ် ဖြစ်တဲ့ အိမ်အပြန်လမ်း အတွက် ရိုက်ထားတဲ့ ပြိုင်ပွဲဝင်တဲ့ ပုံတွေပါ... My labels: Mandalay Photos, come back home, မန်းလေး, မန္တလေး, အိမ်ပြန်ချိန်, အိမ်အပြန်လမ်း, ဓာတ်ပုံ