Skip to main content

Posts

မနေ့က...

မနေ့က ဘုဃံနက် ရယ်၊ ကျတော်ရယ် ၂-ယောက်သား D40တွေ ကိုင်ဆောင်ပြီး Swan Hotel (အရင်က မန္တလေး ဟော်တယ်)ကို ချီတက်ခဲ့ရတယ်... PUPA က ဦးဆောင် ကျင်းပတဲ့ Mr. & Ms Valentine ရွေးချယ်ပွဲကြီး ရှိတာကိုး... ဘယ်သူတွေ ဆုရရှိသွားတယ် ဆိုတာတော့ မသိခဲ့ပါဘူး... အိမ်က မာရှယ်လော ထုတ်ထားလို့ ၉-နာရီခွဲလောက်မှာ ပြန်ခဲ့ရလို့ပါ... မနေ့က ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ရှုပါဦး... Miss Valentine ပြိုင်ပွဲဝင်တွေ စုံတွဲပြိုင်ပွဲဝင်သူတွေ သူကတော့ နာမည်ကျော် blogger ကြီး တစ်ယောက်ပေါ့... My labels: Mandalay News, Valentine

ဒီနေ့ဟာ... ဖေဖော်ဝါရီ ၁၃ရက်နေ့ဟာ...

ဒီနေ့ဟာ... ဖေဖော်ဝါရီ ၁၃ရက်နေ့ဟာ... ကိုသခင်ကြီး ဆီမှ ခွင့်ပြုချက်တောင်းပြီး ကိုသခင်ကြီးရဲ့ ဘလော့ မှ ရယူပါသည်။ ဗိုလ်ချုပ်ကို အသက်သေအောင် သတ်ခဲ့ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေကို ကျတော် မကျေနပ်ဘူး... အခုလည်း ဗိုလ်ချုပ် နာမည်ကို ...........

လွတ်လပ်မှု နဲ့ ကရဝိတ်...

ဆုပ်ကိုင် ဖမ်းပြလို့မရတဲ့ အင်တာနက်ဆိုတဲ့ထဲက blog လောကမှာ ဆုံဆည်းခဲ့သူ သူငယ်ချင်းရေ... ရန်ကုန် ကန်တော်ကြီးက ကရဝိတ်ကို လွတ်လွတ်လပ်လပ် ပြန်ကြည့်နိုင်ပြီး ကဗျာတွေ စာတွေ ရေးနိုင်ပါစေခင်ဗျာ... My Labels: Photo, Night Sense, Karawait, Kandawgyi, Yangon

တိမ် အလား ခရီးနှင်ချင်တယ်....

ဘာဖြစ်လို့ အလုပ်တွေများနေရတာလဲ... ငါ အလုပ်တွေများနေရင် ငါ့ကို လူတွေက ဘာလို့ ကြည့်မရ ဖြစ်ချင်ရတာလဲ... ငါ့ ဘာသာငါ အလုပ်များနေလို့ အလုပ်လုပ်နေရတာကို... ဘာကြောင့်မို့ ငါ့ကို မကျေနပ်ကြတာလဲ... တခါတလေ တိမ်တွေလို လေတိုက်တိုင်း စိတ်ရှိတိုင်း သွားချင်ရာသွား ခရီးနှင်ချင်တယ်... :( My Label: cloud, Photo, Nikon D40, Myanmar, Air Bagan, sky

လူပျိုကြီးပန်း...

လူပျိုကြီး တစ်ယောက် စိုက်ထားတဲ့ ပန်းပင်ကပွင့်တဲ့ ပန်းမို့ "လူပျိုကြီးပန်း" လို့ နာမည်ပေးထားတာ လွန်လားဗျာ... My Label: Flowers, Photo, Nikon D40, Myanmar

Remove Restrictions Tool

ကွန်ပျူတာလေးကို အကောင်တွေ ကိုက်သွားပြီး antivirus နဲ့ရှင်းထုတ်လို့ ရပေမယ့်... folder options, Task Manager, Run Command, etc... တွေသုံးမရဘူး ဖြစ်နေတယ်ဆိုရင်တော့ ဒါလေး download လုပ်ပြီး ဖြေရှင်းကြည့်ပါ... ကွန်ပျူတာထဲမှာ ဖြစ်နေတဲ့ ပြသနာတွေကို အနီရောင်နဲ့ဖော်ပြပေးထားပါတယ်... ဥပမာ- Folder Options ပျောက်နေတဲ့ ကွန်ပျူတာမှာ ဆိုရင် Folder Options ကို အနီရောင်ပြပေးပါလိမ့်မယ်... Folder Options ပြန်ပေါ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့ ရှေ့မှာ ရှိတဲ့ check box မှာ အမှန်ခြစ်လေး ပေါ်အောင် click ခေါက် ပြီးရင် အောက်ဆုံးမှာ ရှိတဲ့ Remove ဆိုတဲ့ ခလုတ်လေးကို ထပ် click ခေါက်ပါ... သက်ဆိုင်ရာ ပြသနာကို ဖြေရှင်းပေးပြီးပါပြီ ကွန်ပျူတာကို restart လုပ်ရပါလိမ့်မယ် လာပြောပါလိမ့်မယ်... OK ကို ကလစ်လုပ်ပြီး Restart လုပ်ပြီးရင် (သို့) နောက်တစ်ခါ ကွန်ပျူတာ ပြန်တက်လာတဲ့ အချိန်မှာ ဖြစ်နေတဲ့ ပြသနာ ပြေလည် သွားပါလိမ့်မယ်... မပြေလည်ဘူးဆိုရင်တော့ ကွန်ပျူတာထဲမှာ Virus , Worm, Trojan, တွေရှိနေသေးလို့ ဖြစ်ပါလိမ့်မယ်... link: http://en.sergiwa.com/modules/mydownloads/ My Label: RRT