Skip to main content

Posts

ဟေ့ရောင်...

ဟေ့ရောင်... မင်းကိုယ် မင်း ဆရာကြီးလို့ မထင်နဲ့ကွ... လူတွေဟာ တစ်ယောက် တစ်မျိုးစီ တော်ကြတယ် တတ်ကြတယ် ဆိုတာ မင်းလက်ခံစမ်းပါ... ဒီမှာ ဟေ့ရောင် ရပ်ကွက်ထဲက အမြဲတမ်းမူးနေတတ်တဲ့ အမူးသမားကို အထင်မသေးနဲ့ကွ... လူတွေ မလုပ်ချင်တဲ့၊ အဓိကက လူတွေ မလုပ်ရဲတဲ့ အလောင်း ရေချိုးပေးတာတွေ အလောင်းပြင်တာတွေ လုပ်တတ်တယ်ကွ... မင်းသိရဲ့လား... ဟေ့ရောင်... လူ တစ်ယောက်ချင်းစီမှာ ထူးချွန်မှု တစ်ခုတော့ ရှိရမယ် ဆိုတာ မင်းလက်ခံရမယ် ဟေ့ရောင်... မင်း ကွန်ပျူတာ ဘယ်လောက်တော်တော်... မင်းဈေးရောင်းတတ်ရဲ့လား ဟေ့ရောင်... ဈေးရောင်းတဲ့ မိန်းကလေးက မင်းလောက် ကွန်ပျူတာ မကိုင်တတ်ပေမယ့် .. မင်းထက် ဈေးရောင်းတတ်တယ်ကွ... ဟေ့ရောင် ... မင်းဆိုတဲ့အကောင်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး တောက်တိုမယ်ရ လုပ်စားနေရတဲ့ကောင် ... ဟိုက ဈေးပဲရောင်းနေရတဲ့ ဟေ့ရောင်မကွ... မင်းသိလား... ဟေ့ရောင်... ဒီမှာ မင်း ဖိုတိုရှော့လေး သူများထက်ပိုပြီး သုံးတတ်တာကို များ ဒီကမ္ဘာမှာ ငါလောက် တတ်တဲ့သူ... ငါ့ထက် တက်တဲ့လူ မရှိဘူး မထင်နေနဲ့ကွ... မင်းထက် ငယ်တဲ့ကောင်တွေက မင်းထက် ပိုတက်လာကြပြီ... မင်းထက် အသက်ကြီးတဲ့ လူတွေကလည်း မင်းထက် နည်းပညာပိုင်း ဆိုင်ရာမှာ အားနည်းကောင်း အားနည်း နိုင်

တက်ကုန်ပြီ...

မနေ့ကမှ ဆိုင်ကယ် ဆီထုတ်ခဲ့တာ ၁-ဂါလန်ကို ၁၅၀၀-ကျပ်တဲ့... အခုမနက် သွားထုတ်ပြီး ပြန်လာတဲ့သူတွေ ပြောတာ ဓာတ်ဆီက ၁-ဂါလန်ကို ၂၅၀၀-ကျပ်၊ ဒီဇယ်က ၃၀၀၀-ကျပ်တဲ့.... အမလေး... မောင်မင်းကြီး သားတို့ရေ... My Labels: Mandalay News, Myanmar News, မန္တလေး သတင်း, သတင်း, ရန်ကုန် သတင်း,

ဘာရယ်တော့ မဟုတ်ပါဘူး...

နေရင်းထိုင်ရင်း မော်လမြိုင်မှာ ကျောင်းသွားတက်ခဲ့ရတဲ့ ကာလလေးကို သတိရမိတယ်... မန္တလေးသား ဘယ်လို ဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းသွားတက်တယ်လို့ ထင်ပါသလဲ... ရှင်းရှင်းလေးပါ... အမှတ် ဟိုမမှီ ဒီမမှီရတဲ့ ကျတော်မောင်လှ မော်လမြိုင် တက္ကသိုလ်မှာသာ ရှိတဲ့ Marine Bio လို့ လူသိများတဲ့ Marine Science မေဂျာရလို့ သွားတက်ခြင်းပါ... အဏ္ဏဝါသိပ္ပံလို့လည်း ခေါ်တဲ့ ဒီမေဂျာတက်တဲ့ ကျောင်းသားတွေကို အဆောင် တစ်ခုတည်းမှာပဲ ထားပါတယ်...“မြိတ်” ဆောင်လို့ ခေါ်ကြောင်းပါ... ယောက်ျားလေး အဆောင်တွေရဲ့ အစွန်ဆုံးမှာ ရှိပါတယ်... ကျောင်းစတတ်တဲ့ညမှာ ကျတော်တို့ မေဂျာက သူငယ်ချင်းတွေ အဏ္ဏဝါသိပ္ပံသားတွေ ထွက်ခဲ့ သီချင်းသွားဆိုမယ် ဆိုလို့ လိုက်သွားတာ မေဂျာက ပထမနှစ် ကျောင်းသူတွေ နေတဲ့ အဆောင်ကို ရောက်သွားပါလေရော... လူ-၃၀ လောက်ရှိတဲ့ လူအုပ်ကြီး မိန်းကလေး အဆောင်ရှေ့မှာ သီချင်းဆိုကြလေရဲ့... တကယ်ဆိုတဲ့သူက ၅-ယောက်လောက်ပါ... ကျန်တဲ့သူတွေက အဖော် အဖြစ်လိုက်လာ ကြတာပါ... သြော် .. လွမ်းမိပါသေးတယ်... မော်လမြိုင်တက္ကသိုလ်ကြီးရယ်... 96 ကျောင်းပိတ်လို့ ပထမနှစ်ကို မန္တလေးမှာပဲ ဖြေပြီး အောင်ခဲ့ရတဲ့ အဏ္ဏဝါသိပ္ပံ ကျောင်းသားလေး ကျတော်ဟာ နောက်ဆုံးတော့ ရရာမေဂျာ

Adobe Photoshop ဘယ်လို သုံးမလဲ -၂

Adobe Photoshop ဘယ်လို သုံးမလဲ -၁ ကို မေလ (၄)ရက်နေ့က ရေးခဲ့သော်လည်း ဆက်မရေးဖြစ်ခဲ့ပါ... ဖိုတိုရှော့ သုံးတတ်သူများကလည်း လွယ်လွယ်လေးတွေ လာရေးပြနေတယ်... မောင်လှ ပညာပြနေတယ် ဆရာကြီး လုပ်နေသည်ဟု ထင်မှာ စိုးသောကြောင့် ဆက်မရေးဘဲ ရပ်ထားခဲ့သည်... အပျင်းကြီးမှုက အဓိက ဖြစ်ပေသည်... သို့သော်ငြားလည်း Photoshop ကို မည်သည့် အကြောင်းကြောင့် ဖြစ်ဖြစ် သင်တန်းမတက် နိုင်သူများအတွက် ရည်ရွယ်ပြီး ပြန်ရေးပါမည်... အများကြီး မရေးနိုင်ရင်တောင်မှ နည်းနည်းစီ ရေးသွားပေးပါမည်... ကျတော် စာပြန်သင်တဲ့ အချိန်ကျရင်လည်း မှတ်စု သဘောမျိုး ဖြစ်သွားအောင် ပြန်ရေး နေခြင်းလည်း ဖြစ်ပါသည်... Tool တွေ အကြောင်း မစသေးဘဲ Layer အကြောင်း အရင် သွားရအောင် ခင်ဗျာ... ဘေးမှာပါတဲ့ ပုံက Layer palette ပုံပါ... မတွေ့ခဲ့ရင် Windows menu ထဲက Layers ကနေ ခေါ်ယူလို့ရပါတယ်... Layers ရဲ့ရှေ့မှာ အမှန်ခြစ် ရှိတယ် ဆိုရင်တော့ ခေါ်တင်ထားပြီးသားပါ... အဲဒါဆိုရင်တော့ ဖိုတိုရှော့ window ထဲမှာ တွေ့အောင် ရှာကြည့်ပါ... Layers palette ရဲ့ အောက်ဆုံးမှာ ပါတဲ့ button လေးတွေအကြောင်း သွားရအောင်... ၁- လို့ညွှန်းထားတာက layer တွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်... ဖျက်ချင်တဲ့ လေ

ဝါတွင်းကြီးမှာ Hotel Mandalay ၌ မချောအိမာန်(မန္တလေး) မင်္ဂလာပွဲတစ်ခု ကျင်းပခြင်း....

မနေ့က Hotel Mandalay မှာ မချောအိမာန်(မန္တလေး) ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ ကောင်းကင်အနမ်း စာအုပ်အသစ် ထွက်ရှိခြင်း အသိပေးပွဲ အခမ်းအနားကို နေ့လယ် ၂-နာရီမှ စတင်ကျင်းပခဲ့ပါတယ်... အခမ်းအနားမှူးအဖြစ် ဆရာ သင့်နော်က ဆောင်ရွက်ခဲ့ပါတယ်... ဆရာညီပုလေး၊ ဆရာ ဆူးငှက်၊ ဆရာမ ဖြူဖြူဝင်း (မြန်မာစာ)၊ ထုတ်ဝေသူ ကိုသီဟမောင်မောင်တို့က စာအုပ်နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြပေးပါတယ်... စာရေးဆရာမ မချောအိမာန်ကလည်း သူမ ဘယ်က ဘယ်လို စရေးဖြစ်ကြောင်းကိုလည်း ပြောပြပေးပါတယ်... ကျတော်ကတော့ နောက်ဆုံး အခမ်းအနား အစီအစဉ်ကို အကြိုက်ဆုံးပါ... ဒီစာအုပ် မိတ်ဆက်ပွဲလေးဟာလည်း မချောအိမာန်အတွက် မင်္ဂလာပွဲတစ်ခု ဆောင်ရွက်ခြင်း မဟုတ်ပါလား ခင်ဗျား... မချောအိမာန်ရဲ့ ယခုစာအုပ်ကို အမေ လူထုဒေါ်အမာမှ အမှာစာရေးထားပေးပါတယ်... အပျိုကြီး မချောရဲ့ စာအုပ် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါလိုက်ပါတယ်... ချောအိမာန် (မန္တလေး) ရဲ့ ကောင်ကင်အနမ်း တက်ရောက်လာကြတဲ့ စာရေးဆရာများနဲ့ စာနယ်ဇင်းသမားများ မချောအိမာန်နဲ့ သူမကို ဝိုင်းရိုက်နေကြသူတွေ AD1971 စာအုပ်ထုတ်ဝေရေး လုပ်ငန်းတည်ထောင်သူ Graphic Designer ကိုသီဟမောင်မောင် စာရေးဆရာ ညီပုလေး ဆရာ ဆူးငှက် My Labels: Mandalay N