Skip to main content

Posts

သြော်... ချဉ်ပေါင်ကြော်...

မောင်လှရေ... မနေ့က ရုံးဆင်းတော့ ဆိုင်ကယ် ဆီသွားထုတ်ပြီး ပြန်လာတော့ တောင်ဘက်ကို ကြည့်လိုက်တော့ မိုးသားတွေ မည်းနေတာနဲ့ .. အိမ်ကို အမြန်ပြန်တာ ကီးမားတင်ဝင်းရှေ့လဲ ရောက်ရော ရွာချလိုက်တဲ့ မိုးတွေ မိုးတွေ... ရေတွေကလည်း အများကြီး ပါသလား မမေးနဲ့... မိုးသည်းနေတာနဲ့ ညစာ အတွက် ဟင်းတောင် ဝင်မဝယ်နိုင်ဘူး... အိမ်ပြန်ရောက်တော့ ဟိုနေ့က အမေ့ဆီခဏ သွားရင် အမေပေးလိုက်တဲ့ ချဉ်ပေါင်ရွက်ကြော်ရယ်... အိမ်သူ သက်ထား ဇနီး မယား မိန်းမ ကြော်ကျွေးတဲ့ ဝက်အူချောင်းကြော်နဲ့ ဂျင်းသုတ်ရယ်နဲ့ ညစာ စားရတာ ထမင်းစားလို့ ကောင်းလိုက်တာကွာ... ပြောမနေပါနဲ့တော့... သတိရလို့ ပြောရဦးမယ်... ချဉ်ပေါင်ကြော်သွားယူရင်းနဲ့ အမေကပြောတယ်... သား ကိုလှရေ... အခု ပဲဆီဈေးက ၁-ပိသာ ၃၈၀၀-ကျပ် ဖြစ်နေပြီ... မင်းကြိုက်တဲ့ ဝက်သားနဲ့ အမဲသားက ၄၈၀၀-ကျပ်၊ ကြက်သားကတော့ မစားသေးတော့ အမေလည်း မမေးမိဘူး... အရှေ့ဘက် ၂-အိမ်ကျော်က မူလတန်းကျောင်း သွားအပ်ဖို့မေးတာ အလှူငွေ ကျပ် ၅-ပုလင်း ထည့်ရမယ်တဲ့... မိန်းမကပြောတယ် ဓာတ်ဆီတွေ ဈေးကျတယ်တော်ရေ... တစ်ဂါလံ ၃၅၀၀-ကျပ်တဲ့... မိုးတွင်းဆိုတော့ ရွှေတူးတဲ့လူတွေ အလုပ်နားလို့ ဈေးကျတယ်တဲ့ တော်ရေ... ဓာတ်ဆီဆိုင်ကလူ ပြောလိုက်တာပဲ... အ

ဘာရယ်တော့ မဟုတ်ပါဘူး...

NativeMyanmar Forum မှာ ကိုJL စခဲ့တဲ့ တော့ပစ်... ဘာရယ်တော့ မဟုတ်ပါဘူး... ပျင်းပျင်း ရှိတာနဲ့ ဘလော့ကို ခဏပိတ်ထားတာပါ... အခုတော့ ပြန်ဖွင့်မယ် ဆိုပြီး နောက်ခံကို အနက်ရောင် ပြောင်းပြီး ပြန်ဖွင့်လိုက်တယ်... မကြိုက်ရင်လည်း သည်းခံပြီးတော့ ဖတ်ကြပါ... ဘာရယ်တော့ မဟုတ်ပါဘူး... ညီလင်းဆက် ကြီးလည်း ဘလော့တွေ ပြန်ရေးနေတယ်... ဘာရယ်တော့ မဟုတ်ပါဘူး... မြန်မာ ဘလော့လောကမှာ ပို့အတင်နိုင်ဆုံးကို ပြောပါဆို နိုင်းနိုင်းစနေ လို့ ပြောရမှာပဲ... ဘာရယ်တော့ မဟုတ်ပါဘူး... မန္တလေးမှာ မိုးရွာနေတာ ၁-ပတ်ကျော်ရှိပြီ... ညနေတိုင်း နီးပါး မိုးရွာတယ်... ဒီနေ့တော့ အခုအချိန်ထိ မိုးအုံ့နေလေရဲ့...

ကြော်ငြာတွေ

ဒီတလော ဘာမှလည်း အလုပ်ရှုပ်တာမဟုတ်ဘဲနဲ့ စာရေးဖို့ ပျင်းနေတယ်... သူများရေးတာတွေပဲ လိုက်ဖတ်ဖြစ်နေတယ်... ပြီးတော့ ကြော်ငြာဆိုဒ်တွေ တွေ့တာနဲ့ လိုက်ကြည့်မိနေတယ်... အပေါ်က သုံးပုံကတော့ ဒီ http://sandeepmakam.blogspot.com/ ထဲက ယူထားတယ် ထင်တာပဲ... ကောင်းလိုက်တဲ့ CNN ကြော်ငြာလေးတွေ... သူတို့ခမျာ CNN Breaking News အကြည့်ကောင်းလို့ သူတို့မှာ အန္တရာယ်ကျရောက် တော့မယ်ဆိုတာတောင် မသိကြဘူး... My Labels: Ads, Advertisement

Adobe Photoshop ဘယ်လို သုံးမလဲ -၁

လွယ်လွယ်လေးပါဗျာ… Adobe Photoshop ထဲအရင်ဝင်ပေါ့… ကျတော် ပြောတာ မှားများသွားလား… Photoshop ထဲလည်း ရောက်ရော ကျန်တဲ့ software တွေနဲ့ မတူတာက အလုပ်လုပ်မယ့် နေရာ မတွေ့တာပဲ… Photoshop ဘာနဲ့ အလားသဏ္ဌာန်တူလဲဆိုတော့ ပန်ချီဆွဲတဲ့အခါ ကျတော်တို့ ဆွဲမယ့် canvas အရွယ်အစားအတိုင်း ဘောင်အရင် ကျပ်ထားရတဲ့ ပုံစံနဲ့ တူတယ်ဗျ… ကဲ… ကျတော်တို့ canvas အရွယ်အစားယူကြရအောင်… ဘယ်ကနေ ယူမလဲ ဆိုတော့ File menu ထဲက New ကို ရွေးပေးပါ… အောက်မှာ ပြထားတဲ့ ပုံအတိုင်း New dialog box ပေါ်လာပါလိမ့်မယ်… Name ဆိုတဲ့ေ နရာမှာ ကျတော်တို့ ပေးချင်တဲ့ file name ကို ကြိုတင် ပေးထားလို့ရပါတယ်… Preset ဆိုတာကတော့ အသင့်လုပ်ထားပေးတဲ့ အရွယ်အစားနဲ့ resolution တွေ အဆင်သင့်ပါရှိတယ်… Preset တွေနဲ့ ကျတော်တို့ လုပ်မယ့် အရွယ်အစား မကိုက်ညီဘူး ဆိုရင်တော့… Width မှာ ကျတော်တို့ ဒီဇိုင်းလုပ်မယ့် canvas size ရဲ့ ဘယ်ညာ အကျယ်ကို ရိုက်ထည့်ပေးပါ… အဲ.. မေ့တော့မလို့ နောက်က Unit ကို အရင်ပြောင်းပြီးမှ ရိုက်ထည့်ပါ… inches လား၊ cm လား၊ pixels လား ဆိုတာ အရင်ရွေးခိုင်းတာပါ… press လုပ်မယ့်ပုံတွေ (စက္ကူတို့ vinyl တို့လို ပြင်ပ media တစ်ခုခုမှာ ပုံနှိပ်မယ့် ဒီဇိုင်းမျိုးတွေ

ဘာရယ်တော့ မဟုတ်ပါဘူး...

ဒီတလော ဘာမှလုပ်ချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ်... စိတ်တွေ ထွေနေတယ်ပေါ့ဗျာ... အားအားရှိ အိပ်လိုက်စားလိုက် သူငယ်ချင်းတွေနဲ့ စကားပြောလိုက်ပဲ နေချင်တယ်... ဘလော့မှာလည်း ရေးချင်စိတ် နည်းနေသလို... ဖိုရမ်မှာလည်း ရေးချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ်... ဘလော့ကို ဆက်မရေးတော့ဘဲ နေရင် ကောင်းမလားတောင် စဉ်းစားမိတယ်... ဘလော့လုပ်မယ့် အသစ်အသစ်တွေကို ကြိုဆိုပါတယ်... ကျတော် စလုပ်ခဲ့တုန်းကဆို ရှေ့ဆောင်လမ်းပြ ဘာလုပ်ရင် ဘာဖြစ်မယ်လို့ ပြောခဲ့တဲ့သူ မရှိသလောက်ရှားတယ်... စမ်းတဝါးဝါးနဲ့ စလုပ်ခဲ့ရတယ်... လုပ်လို့ရပြန်ရင်လည်း လွယ်အောင် သုံးလို့ရမယ့် နည်းတွေ လိုက်ရှာရတယ်... template ပြောင်းပြီဆို လူကို ၃-ရက်လောက် ခေါင်းတွေ ကိုက်လို့... ညအိမ်ပြန်ရောက်ရင် တချိုးတည်း အိပ်ရော... ခုလည်း template ပြောင်းရင် အဲဒီအတိုင်း ဖြစ်နေတုန်း... အရင်က CSS ဆိုတာ ဘာမှန်းကို မသိဘူး... blog template ပြင်ရင်းနဲ့မှာ CSS ဆိုတာကို နည်းနည်း တီးမိ ခေါက်မိလာတယ်... အဓိက ပြောချင်တာက (မေတ္တာရပ်ခံချင်တာက) အခုမှ ဘလော့ အသစ်စလုပ်မယ့်သူတွေ ရှေ့က ဘလော့လုပ်ပြီး အတွေ့အကြုံရှိတဲ့ လူတွေရေးထားတဲ့ post တွေကို ရှာဖတ်ပြီး သေချာစမ်းကြည့်ပါဦး... ဒီနည်းနဲ့ မရရင် နောက်တစ်