Skip to main content

Posts

Happy Birthday to My Bro Ko MM.Aye & Me (Mg HL.Aye) :D

ကိုကြီးရေ... ဒီနေ့ဆို ကိုကြီး အသက် ၃၆-နှစ် ပြည့်ပြီနော်... ကိုကြီးရေ... ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ... ပျော်ရွှင်စရာအတိနဲ့ ပြီးပြည့်ဆုံတဲ့ နေ့ရက်ပေါင်း များစွာကိုလည်း ပိုင်ဆိုင်နိုင်ပါစေ... အဟဲ... ဘာလိုလိုနဲ့ ကျတော်လည်း အသက် ၁-နှစ် ကြီးရပြီလေ... ဒီနေ့လည်း ကျတော့် မွေးနေ့ပါပဲ... ကျတော်နဲ့ ကျတော့် အကိုအကြီးဆုံး ၇-နှစ် တိတိ ကွာပါတယ်... ညီအကို နှစ်ယောက်စလုံး ဒီဇင်ဘာလ ၃၁-ရက်နေ့မှာ ကျတော်တို့ရဲ့ မိခင်ကြီးကနေ သဘာဝအတိုင်း မွေးဖွားခဲ့ကြတာပါ... သြော်... အသက် ၁-နှစ်ကြီးလာတဲ့ ကိုယ့်ကို ကိုယ် ပြန်စမ်းစစ်တော့ ဘာမှ အားရစရာကို မရှိပါဘူး... ခုပြီးခဲ့တဲ့ နှစ်မှာတော့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ၊ အဆင်မပြေဖြစ်တာတွေ တော်တော် များများ ကြုံတွေ့ခဲ့ရတယ်... ခုလာမယ့် နှစ်မှာတော့ ပျော်ရွှင်စရာတွေနဲ့ပဲ ကြုံတွေချင်တယ်ဗျာ... အင်း... အင်တာနက်ပေါ်မှာ ပျော်မွေ့မိနေတာ လည်း ၄-နှစ်ကျော်လောက်ရှိပြီ... ပညာတွေတော့ ရပါရဲ့... အချိန်ဖြုန်းတီးမိတာ ပိုများနေတယ်... နောက် ၁-လလောက်ဆို အင်တာနက် မရှိတဲ့နေရာမှာ နေဖြစ်မလား မသိသေးပါဘူး... ဘာပဲ ဖြစ်ဖြစ်ဗျာ... ... ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ... မှတ်ချက် - သူငယ်ချင်းတွေကိုတော့ ၂၆-ရက်နေ့

ဟိုဟို ဒီဒီ ...

မနေ့က ဘောလုပ်ပွဲ ဟုတ်ပါဘူး... မှားသွားလို့ ဘောလုံးပွဲသွားကြည့်သည်... ကွင်းထဲဝင်တော့မယ် ဆိုမှ လက်မှတ် ဝယ်စရာမလိုတော့ဘူး ဆိုလို့ ပျော်လိုက်တာ... တကယ်တန်းကလည်း လက်မှတ် အလကားရလို့ သွားကြည့်တာပါ... လူက ၆-ယောက်၊ vip က ၂-စောင်၊ အထူးတန်းက ၁-စောင်၊ ရိုးရိုးတန်းက ၂-စောင် ကိုးလို့ ကန့်လန့် ဖြစ်နေတုန်း အလကား ကြည့်ခွင့်ပေးတော့ အထူးတန်းမှ အကုန် တက်ကြည့်ကြသည်... ကိုသခင်ကြီးကတော့ ဓာတ်ပုံတွေ အများကြီး ရိုက်သည်... ကျတော်ကတော့ ဇာနည် အီလက်ထရောနစ် ကလုပ်ထားတဲ့ LED မီးလုံးတွေနဲ့ လုပ်ထားတဲ့ TV ကို ကြည့်လိုက် မြန်မာ့ရုပ်မြင်သံကြားက ကင်မရာမန်းကို ကြည့်လိုက်နဲ့ အလုပ်တွေကို ဖြစ်လို့.... ခုရက်ပိုင်း မအားပါ... www.htooeainthin.com ကို အင်္ကျီအသစ် ပြန်ဝတ်ပေးနေရလို့ပါ... အားပေးကြပါဦး... အကြံပေးကြပါဦး...

New BETA Homepage http://www.HtooEainThin.com

ထူးအိမ်သင် website ကို ဒီဇိုင်းအသစ် ပြောင်းဖို့ ကြိုးစားနေတာ တော်တော်ကြာပါပြီ... ရေးမယ် ကြိုးစားတိုင်း အခြား အလုပ်တွေ ဝင်လာတာနဲ့ မရေးဖြစ်လို့ ခုတော့ ပြီးသလောက်ရေးပြီး ဖြည်းဖြည်း ချင်း တင်သွားမယ် ဆိုပြီး ရှေ့ဆုံးကနေ အင်္ကျီထပ် ဝတ်ပေးလိုက်ပါတယ်... နောက်ထပ် စာမျက်နှာများကိုလည်း အသစ် ပြောင်းနိုင်အောင် ကျတော်တို့ အဖွဲ့ ကြိုးစားနေပါတယ်... ယခု homepage အသစ်မှာ ပုံထည့်သွင်းလိုသူများ Width: 570 x Height:425 pixels အရွယ်အစား အတွင်း ဝင်အောင် ဒီဇိုင်းလုပ်ပြီး [email protected] ကို ပေးပို့နိုင်ပါတယ်... အပြုသဘောဆောင်မယ့် ဝေဖန် အကြံပေးမှုများကို လက်ခံကြိုဆိုနေပါတယ်... ကျေးဇူးအထူးတင်ပါတယ်.... ချစ်ခြင်းအားဖြင့် မောင်လှ http://www.HtooEainThin.com

Orange Super Market အသစ်ထပ်ဖွင့်ပြီ... (Mandalay News)

မန္တလေးမှာ အထူး အောင်မြင်နေတဲ့ Skywalk Shopping Center ပေါ်မှာ ဖွင့်ထားတဲ့ Orange super maket ဟာ အခု လမ်း-၈၀၊ ၂၈-၂၉ လမ်းကြား Balzon ဘေး ကပ်လျှက်မှာ ထပ်ပြီး ဖွင့်လှစ်လိုက်က်ပါပြီ... ယခင်က Balazon မြေညီထပ်မှာ မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာ သောက်စရာများနှင့် အလှကုန် ပစ္စည်းများ ခင်ကျင်းထားပြီး... ယခုအခါ ယင်းမြေညီထပ်တွင် စာရေးကိရိယာ ပစ္စည်းများ ခင်ကျင်းထားကြောင်း သိရပါတယ်... မြောက်ဘက် ကပ်လျှက်မှာ ဖွင့်လှစ်လိုက်တဲ့ Orange မှာတော့ မြေညီထပ် တစ်ထပ်ပဲပါဝင်ပြီး မီးဖိုချောင်သုံး ပစ္စည်းများ၊ စားစရာ သောက်စရာများနှင့် အလှကုန် ပစ္စည်းများ ခင်ကျင်းထားကြောင်း တွေ့ရပါတယ်... Blazon, Orange & Giordano တို့မှာ Creation Myanmar Co., Ltd. ရဲ့ ညီနောင် လုပ်ငန်းများ ဖြစ်ကြောင်း သိရပါတယ်... အသစ်ထပ်ဖွင့်ဖို့ရှိတဲ့ ၇၈-လမ်းမကြီးပေါ် ၃၈-လမ်း ထောင့်မှာရှိတဲ့ 78th Shopping Mall မှာ Blazon, Orange တို့နဲ့ အပြိုင်အဆိုင်ဖြစ်လာမယ့် ရန်ကုန်က နာမည်ကြီး စူပါမားကဒ် တစ်ခုဖြစ်တဲ့ City Mart လာရောက် ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်...

Firewall ကြီးကြောင်သွားလို့....

ပြောကို မပြောချင်တော့ပါဘူး... သောကြာနေ့ ညနေပိုင်းနဲ့ စနေ့နေ့ မနက်ပိုင်း ဘာပဲ ဝင် ကြည့်ကြည့် access denied ပဲ ပြနေလို့ Myanmar Teleport ကို ဖုန်းဆက်မေးတော့ သူတို့ ဘာမှ မလုပ်ဘူးတဲ့... Firewall/Router သုံးတယ်တယ်ဆို ip address ပြောင်းသုံးကြည့်ပါလား ဆိုလို့ ပြောင်းပြီး Reboot ချလိုက်တာ ပြန်ကို တက်မလာတော့ဘူး... အဲဒါနဲ့ အရေးပေါ် isa server ထိုင်သုံးမယ်ဆိုပြီး Windows 2003 server တင် ကံဆိုးချင်တော့ network ၂-ကဒ် တပ်ထားတာ ၁-ကဒ် ပဲသိတယ်... Firwall ကို ပြန်တက်အောင် လုပ်လိုက်... NIC card တက်အောင် လုပ်လိုက်နဲ့ မနေ့ မနက် ၁၀-နာရီလောက် ကတည်းက လုပ်နေတာ မနေ့ကတော့ ခေါင်းမူး နောက်ကျိပြီး အိမ်ပြန်သွားရတယ်... ဘာမှ မရဘူး... firewall အတွက် firmware နောက်ဆုံး version လိုက်ရှာတာလည်း snapgear က register လုပ်ခိုင်းတာ serial နံပါတ် မဟုတ်ပါဘူး လာလာပြောနေလို့ ဒေါင်းလုပ် လည်းမရ... အဲဒါနဲ့ ဝယ်တုန်းက ရတဲ့ စီဒီထဲက firmware အဟောင်းနဲ့ လုပ်ရင်း လုပ်ရင်း နောက်ဆုံး ဘယ်နည်းနဲ့ ပြန်ကောင်းသွားမှန်းတောင် မသိပါဘူးဗျာ... ခုတော့ အင်တာနက် ပြန်သုံးလို့ ရသွားပါပြီ...

မန္တလေးအကြောင်း ဟိုဟို ဒီဒီ...

- မနက်က ရုံးလာတော့ နှင်းတွေ ကျလိုက်တာ ... ဘယ်လောက်တောင်လဲဆိုတော့ ကျုံးဘေး ကပ်လျှက်လမ်းက လာတာတောင် မြို့ရိုးကို မမြင်ရဘူး... ရှေ့ကိုလည်း တစ်ပြနီးနီးပဲ ကောင်းကောင်း မြင်ရအောင် နှင်းမှုန်လေးတွေ ကျတယ်... အေးလိုက်တာ... ဆိုင်ကယ်စီးရင် မျက်နှာကို လာရိုက်တဲ့ အအေးဓာတ်ပါတဲ့ နှင်းမှုန်လေးတွေကို ထိတွေ့ခံစားရတာ တမျိုးလေး ကောင်းတယ်ဗျာ... - အရင်က လျှပ်စစ်မီး ၂-ရက်ကို ၂၄-နာရီလာနေရာကနေ ပြီးခဲ့တဲ့ ၄-ရက်လောက်ကစပြီး ၃-ရက်ပေါင်းမှ ၂၄-နာရီ လာမယ့် စနစ်ကို ပြောင်းသွားပြီလို့ သိရပါတယ်... ဘယ်လို လာနေတယ်ဆိုတာ လိပ်ပတ်လည်အောင် မသိသေးဘူး ဖြစ်နေတယ်... သေချာတာကတော့ ညဘက် ၂-ည အမှောင်ထဲမှာ နေရမှာ ဖြစ်ပြီး ၁-ညကတော့ လင်းချင်လင်းလိမ့်မယ်... မှောင်ချင် မှောင်လိမ့်မယ်ဗျ... အဲဒါနဲ့ အိမ်မှာ ဟုန်ပန်းမီး (အရပ်ခေါ်) ယူဖို့ပြောထားတာ ဈေးကိုင်နေတယ် ထင်ပါ့ ခုချိန် ထိလာမတပ် ပေးသေးဘူး... ဟုန်ပန်းမီးက ၂-ပေချောင်း တစ်ချောင်းကို တစ်ရက် ၇၀-ကျပ်... ညနေ ၆-နာရီကနေ ည ၁၁-နာရီထိ ပေးတယ်... မီးကြိုးတွေ မီးချောင်းတွေ အပြီး ဆင်ပေးတယ်ဗျ... နာရေးတွေ ဘာတွေရှိရင်လည်း နာရေးရှိတဲ့ အိမ်ကို မီးချောင်းတွေ အလကား လာတပ်ပေးတယ်... တကယ်တော့ ဟုန်ပန်း ကု