Skip to main content

Posts

Mandalay GSM Moblie Phone

ကျတော်တို့ မန္တလေးမှာ GSM ဖုန်းများ ခေါ်ဆိုရာတွင် ခေါ်ဆိုရခက်ခဲခြင်း၊ ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေခြင်း၊ တစ်ဖက်က ပြောသည်များကို တစ်ဖက်က မကြားရခြင်းများသည် GSM အသုံးပြုသူများ ကိုယ်ပိုင် ၀ယ်ယူ တပ်ဆင်ထားသော GSM booster/repeater များ၏ စံချိန်စံညွှန်းမပြည့်မှီမှုကြောင့် ဖြစ်သည်ဟု ဆိုကာ ယင်း GSM booster/repeater များ တရားမ၀င် တပ်ဆင်ထားခြင်းအား ဖြုတ်သိမ်းရန် မနေ့က ထုတ်ဝေသော မန္တလေး ခြေစိုက် သတင်းစာဖြစ်သော ရတနာပုံ သတင်းစာတွင် မန္တလေးတိုင်း တယက မှ ကြော်ငြာထားပါသည်... keywords: Myanmar News, Burma News, Mandalay News, GSM, Mobile, Phone, ဖုန်း, မန္တလေး, မန်းလေး, မြန်မာ, သတင်း

မြန်မာ့အလင်း သတင်းစာ (from Myanma Ah Lin Newspaper)

မြန်မာ့အလင်း သတင်းစာ ၊ စာမျက်နှာ ၁၄မှ ပြန်လည် ကူးယူ ဖော်ပြသည်... အသည်းအစားထိုး ခွဲစိတ်ကုသအောင်မြင်ခြင်း ကျေးဇူးတင်လွှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု အောင်မြင်ခြင်း နှစ်နှစ်ပြည့် အခါသမယတွင် နိုင်ငံတော် အစိုးရ၊ ကျန်းမာရေး ၀န်ကြီးဌာနနှင့် အသက်သခင် ကျေးဇူးရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ကျန်းမာရွှင်လန်းစွာဖြင့် ဂါရ၀ပြု နှုတ်ခွန်းဆက်သအပ်ပါသည်။ မောင်ခင်ဇော်ထက် (အသည်းအစားထိုးခွဲစိတ်ခံယူသူ) keywords: Myanmar News, Burma News, Mandalay News, Health News, ကျန်းမာရေး, သတင်း

ယောက်ျားချင်း နမ်းတာ မြင်ဖူးကြလား...

မမြင်ဖူးရင် ကိုသခင်ကြီး (a) Ko JL Blog မှာ သွားကြည့်ပါ... ယောက်ျားချင်း လဲချစ်တတ်ကြပါတယ်.... တမျိုးမတွေးပါနဲ့ ....မန်းလေးသားတွေက မူးရင်ဖက်နမ်းကြတာ အကျင့်ပါ.....မယုံရင်နီးစပ်ရာမန်းလေးသားတစ်ယောက်လောက်ကို မူးအောင်တိုက်ကြည့်ပါလား....

ဘာရယ်မဟုတ်

သြော် ... ဘန်းနိုင်ကြပါစေ... ဘန်းနိုင်ကြပါစေ... အဖိတ်နေ့ (21-8-06) ကစပြီး blogger.com ကို ဘန်းသွားတယ်ဗျာ... post တွေ ၀င်ပြီး တင်လို့ မရဘူးပေါ့ဗျာ... ခုဟာက ကိုမောင်ရိုး ပြောတဲ့ နည်းနဲ့ မရရ အောင် ၀င်ထားတာ... မနက်က နိုင်ငံခြားဆိုဒ်တွေ အကုန် access denied ပြနေလို့ Myanmar Teleport ကို ဖုန်းဆက်မေးတော့ voip အတွက်ထားတဲ့ ip ကို သုံးမိလို့ ဖြစ်ရတာတဲ့လေ... အရင်က သုံးလို့ ရနေတယ် ဆိုတော့ ခုမှ ပိတ်တာတဲ့... အကြောင်းလေး ဘာလေး ကြားသင့်တာပေါ့... အကြောင်းမကြားတော့ အင်တာနက်ဆိုတာကြီးကနေ အင်ထရာနက်များ ဖြစ်သွားသလားလို့...

Signature

လူဘယ်က ဖြစ်လာသလဲ Adult Only (18+)

ပုဂံဖိုရမ်မှာတုန်းက တင်ခဲ့ဖူးတာလေးပါ... သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ပုံပြင်လေးပေါ့... ကြားဖူးချင်လည်း ကြားဖူးကြမှာပါ... မောင်လှ ရေ . . . ဒီနေ့တော့ လူဘယ်က ဖြစ်လာသလဲ ဆိုတဲ့ ပုံပြင်လေး တစ်ပုဒ် ရေးမယ်ကွာ . . . လူဆိုတာ ဗြဟ္မာကြီးလေးဦးက ဖြစ်လာတာလည်း မဟုတ်ဘူးဆိုဘဲ . . . အာဒံနဲ့ ဧ၀က ဖြစ်လာတာ မဟုတ်ဘူးဆိုပဲ . . . ဒါဆို ဘယ်ကဖြစ်လာတာလဲ ဆိုတော့ လူဆိုတာ လဥက ဖြစ်လာတယ်ဆိုပဲကွ . . . (အမောင် အက်ဒမင်များ ဆင်ဆာမဖြတ်ကြရန် ကျွန်ုပ်ရှင်းပြအံ့) လူဆိုတာ နေနတ်သားနဲ့ လနတ်သမီးတို့ အကြောင်းဆက် ပေါင်းဖက်လို့ ဖြစ်လာကြတာတဲ့ဗျ . . . အဲဒီလိုနဲ့ လနတ်သမီးမှာ နေနတ်သားရဲ့ရင်သွေးလေးကို လွယ်ထားရသတဲ့ . . . အဲဒီတုန်းက အခုလို ကိုယ်ဝန်ဆောင်ရတာ မဟုတ်ဘဲ ဥဥပြီးမွေးတာတဲ့ဗျာ . . . (အမောင်တို့ - ကြက်က ဥရင် ဘာဥလဲ... ကြက်ဥပါဗျ ... ဘဲက ဥရင်ရောဗျ . . . ...ဘဲဥပါဗျ ... မြွေက ဥရင်ရော ... မြွေဥပါဗျ ... ကဲ ဒီလောက်ဆို အမောင်တို့ ရှင်းလောက်ပြီ ထင်ပါရဲ့ ) လဥသည့်အတွက် လဥဟု ခေါ်ပါသည် အမောင်တို့ . . . လနတ်သမီးမှာ လဥရှိနေစဉ်ကာလမှာ နေနတ်သားက သားဆက်ခြား စီမံကိန်း မလုပ်ရလေခြင်းဟု လနတ်သမီးကို အပြစ်တင်လေသတဲ့ . . . အဲဒီက စပြီး အကြီးအကျယ် ရန်တွေဘာတွေ ဖြစ်ကြ