Skip to main content

Posts

Mandalay Funny News

မန္တလေးမှာ မိုးသည်းပြီး ရေများကြီးခြင်း လမ်းမပေါ်တွင် ရေများပခုံးနီးပါးအထိ ရောက်ရှိသည်ဟု သိရ.... ၁၆ သြဂုတ် ၊ မန္တလေး သြဂုတ်လ ၁၆-ရက်နေ့ ညနေ ၆း၃၀-နာရီ ခွဲခန့် မိုးများ ရွာသွန်းရာ မန္တလေးမြို့ပေါ်ရှိ လမ်းမတော်တော်များများ တွင် မိုးရေများနှင့် ပြည့်လျှံသွားကာ လမ်းမပေါ်၌ ရေများ ပခုံးအထိ ကျန်ရှိခဲ့ကြောင်း အရပ် ၂ ပေခွဲကျော်ကျော် ရှည်သော မန္တလေး သတင်းထောက်မှ မောင်လှ အတင်းဌာနသို့ ပေးပို့သော သတင်းများ အရ သိရပါသည်။ Keywords:news, gossips, funny, သတင်း, အတင်း, ဟာသ, ပေါက်ကရ

avator

ကို JL (ခ) ကိုသခင်ကြီး ရဲ့ emo ဓာတ်ပုံဆိုင်မှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို avator လုပ်ရင် ကောင်းမလားလို့ စဉ်းစားပြီး ဆင်ထားကြည့်တာ... keywords: avator, design
မောင်လှရေ... နေရာလေး တစ်နေရာ တည်မြဲဖို့ ဆိုတာ မလွယ်ပါလား... နေရာလေး တစ်နေရာ ရဖို့လည်း မလွယ်ဘူးနော်... အတွင်းမှာ နေတဲ့ သူနဲ့ အပြင်မှာ နေတဲ့သူ စဉ်းစားတွေးခေါ် ဆုံးဖြတ်ပုံခြင်းလည်း မတူကြဘူးနော်... အတွင်း အတွင်းမှာ နေတဲ့သူနဲ့ အတွင်းမှာ နေတဲ့ သူတွေလည်း မတူကြဘူးနော်... ငါရဲ့ ဒီနေရာလေး ကမ္ဘာတည်သရွေ့ တည်မြဲဖို့ ငါဘာလုပ်ပေး ရမှန်းတောင် မသိတော့ပါဘူး...

မောင်လှ နှင့် Blogger Template

template ပြင်ရင်း ပြင်ရင်းနဲ့ ဖင်ချွန်းသွားလို့ သုံးနေကြအဟောင်းလေးကို quote လုပ်ထားလေးကိုပဲ အနည်းငယ် ပြင်ပြီး ဒီအတိုင်းထားလိုက်တယ်...