Skip to main content

Posts

Mandalay News -ကြက်၊ ဘဲ၊ ငုံး အသားများ၊ ဥများစားနိုင်ပြီ

ကြက်ငှက် တုတ်ကွေး ရောဂါ ဖြစ်ပွားမှု ရှိခဲ့တဲ့ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းမှာ ယင်းရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ ကြက်၊ ဘဲ၊ ငုံး အသားများနဲ့ ဥများကို စားသုံးနိုင်ပြီ ဖြစ်ကြောင်း ၂၀၀၆ ဧပြီလ ၁၇-ရက်နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ-၇ ပါ သတင်းအရသိရပါတယ်... ကျန်မာသန်စွမ်းမှုရှိတဲ့ ကြက်သေ၊ ဘဲသေ၊ ငုံးသေများကို ၀ယ်ယူစားသုံးကြဖို့... ကြက် ဘဲ အသားစိမ်းများကိုင်တွယ်တဲ့အခါ လက်အိတ်နဲ့ ကိုင်တွယ်ကြဖို့... လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့... ပွက်ပွက်ဆူအောင် ချက်ပြုတ်ကြဖို့... (60ံ C မှာဆိုရင် မိနစ် ၃၀ ခန့်၊ 100ံC မှာ ဆို ၂-မိနစ်ခန့် ချက်ပြုတ်လျှင် အန္တရယ်ကင်းကြောင်း) နှင့် .... .... .... တိုက်တွန်းနှိုးဆော်ထားပါတယ်...

Nestle Coffee Black

စားသုံးရန် မသင့်တော်တော့တဲ့ အစားအသောက်ထဲမှာ နက်စ်ဘလက်ကို ထည့်ရတော့မယ် ထင်ပါ့... ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ လအထိ နက်စ်ဘလက် တစ်ခွကို ၁၇၀-ကျပ်ပါ... သံပုရာသီး ဈေးတက်လို့ ဆိုပြီး ၂၀၀-ကျပ် ဖြစ်သွားလေရဲ့... သင်္ကြန်မတိုင်ခင်ထိ ဒီဈေးပဲ... ဒီနေ့ သွားသောက်တော့ ၂၅၀-ကျပ်တဲ့... ကဲ နက်စ်ဘလက်ကို ဆိုင်များ၌ သောက်သုံးရန် မသင့်တော်သော စားသောက်ကုန် စာရင်းထဲသို့ အကျွန်ုပ် မောင်လှ ထည့်သွင်းလိုက်ပါပြီ...

စိတ်အချဉ်ပေါက်ခြင်း

ခု ဓာတ်ဆီထုတ်ပြီး ပြန်လာသည်... စိတ်အချဉ်ပေါက်လာသည်... ကျတော့် ဆိုင်ကယ်လေးမှာ အစိုးရသတ်မှတ်ထားတဲ့ တစ်ဂါလန် (၄.၅လီတာ) မဆန့်ပါဘူး... ၄ လီတာလောက်ပဲ ဆန့်တာပါ... ဒါကို ပန့်ကိုင်တဲ့လူက ပန့်ကစားသလား မမေးနဲ့ ... ပန့်ကစားတဲ့အပြင် ၂ စိတ်လောက်ခိုးတယ်ဗျို့... ခါတိုင်းနေ့တွေ ၁ စိတ်လောက် ခိုးတာ ခိုးနေကြမို့ ခံသာသေးတယ်... ဒီနေ့ စိတ်အချဉ်ပေါက်လာတယ်... မကျေနပ်ဘူးဗျာ... မကျေနပ်လို့တိုင်လဲ... ဆိုင်မန်နေဂျာက အရေးမယူတဲ့အပြင် ရိုက်ထုတ်မှာစိုးလို့ တိုင်ပြီး အလကား ဖြစ်မှာ စိုးလို့ မတိုင်ခဲ့ဘူးဗျို့... မောင်လှ သင်္ကြန်ပိတ်ရက် အင်တာနက်သုံးနိုင်မည် မဟုတ်သောကြောင့် ဧပြီလ (၁၈) ရက်နေ့မှ ပြန်ရေးမယ်...

Myanmar News (Mandalay)

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်း ကိုအောင်သူမြိုင် စောစောကမေးတဲ့ ဓာတ်ဆီ၊ ဒီဇယ်တစ်ဂါလန်ကို ၂၅၀၀ အထိ ဈေးတက်ယူမယ်၊ လျှပ်စစ် ယူနစ်တစ်ခုကို ၂၅ကျပ် ကနေ ၇၅ကျပ်အထိ ဈေးတက်ယူမယ်ဆိုတာ ကောလာဟလဖြစ်ပါတယ်။ ၁၀-၄-၀၆ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာမှ ပြန်လည် ကူးယူဖော်ပြသည်... ကျတော်တို့မန္တလေးမှာ သင်္ကြန်ရောက်တော့မည် ဖြစ်သောကြောင့် ဓာတ်ဆီ တစ်ဂါလန်လျှင် ပြင်ပပေါက်ဈေး ၄၀၀၀-ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၃၀၀-ကျပ် ၀န်းကျင် ပေါက်ဈေးရှိကြောင်းပါ... အစိုးရဓာတ်ဆီဆိုင် ရောင်းဈေးကတော့ တစ်ဂါလန် ၁၅၀၀-ကျပ်ပါ... ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်အောင် အခုလို ၀န်ထမ်းတွေ လစာတိုးပေးတာကလည်း အခွန်အကောက်ကို စနစ်တကျကောက်ပြီးတော့ ဒီဟာကို ပေးခဲ့တာ ဖြစ်ပါတယ်။ ခုနကပြောသလို စနစ်တကျ ကောက်ခံတယ်၊ ကောက်ခံစရာရှိတဲ့ အခွန်အခတွေကို ထိုက်ထိုက်တန်တန် ထိထိရောက်ရောက် ပေးခဲ့နိုင်တာဖြစ်ပါတယ်။ ခုနကပြောသလို inflation ကို ၀န်ထမ်းလစာလေးပေးတာနဲ့ ကြိုတင်ခန့်မှန်းပြီးတော့ inflation တက်နိုင်တယ်၊ deflation တွေဖြစ်နိုင်တယ်ဆိုတာမျိုးကိုတော့ ကြိုတင် ခန့်မှန်းပြီး ပြောပြလို့ မရနိုင်ပါဘူး။ သုံးသပ်လို့ မရပါဘူး။ ၁၀-၄-၀၆ ထုတ်ေ

Testing Microsoft WEFT

ခုကျတော့်ရဲ့ blog ကို Microsoft WEFT (Web Embedding Fonts Tool) Ver III ကို စမ်းသပ်ထားပါတယ်... Zawgyi-One Font မရှိလဲ မြင်ရမယ်ထင်ပါတယ်... အဆင်မပြေဘူး ဆိုရင် ကျတော်ဒါကို ပြန်ဖြုတ်မှာပါ.... ဒီဟာလေးက IE နဲ့ သူ့အမျိုးနွယ်ဝင် Brower များမှာသာ အလုပ်လုပ်ပါတယ်... Firefox နဲ့ဆို ဇော်ဂျီ ဖောင့်မရှိရင် မြင်ရမှာ မဟုတ်ပါဘူး...