Native Myanmar Forum မှာ Pretty Princess ရေးထားတာကို ပြန်လည် ကူးယူ ဖော်ပြတာပါ ...[ Link ] လူလူချင်းကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့.. နှာချေလို့ထွက်တဲ့ အရည်အစက်တွေ ကနေ ၊ နှပ်ရည်တို့ သလိပ်တို့ကနေ.. ဗိုင်းရပ်စ်တွေ ပါနိုင်ပါတယ်။ အဲဒါကြောင့် သည်ရောဂါ ပြန့်ပွားမှု ကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဟာ"လက်ဆေးပါ" ဆိုတာဖြစ်နေတာပါ။ သည်ဗိုင်းရပ်စ်ဟာ လေထဲမှာ မရှိပါဘူး.. ဒါကြောင့် အသက်ရှူရင်း ကူးမှာမဟုတ်ပါ..။ ငှက်တွေခေါင်းပေါ်က ပျံနေရုံနဲ့ ကိုယ့်ဆီကူးမှာ မဟုတ်ပါဘူး..။ လူလူချင်း ကူးနိုင်တာတွေ ပြောပါမယ်။ သိသလောက် ပြောတာမို့ ပိုသိသူများက ပြင်ဆင် ဖြည့်စွက်ပေးကြပါ။ မသိသေးသူများက ဖတ်ပြီး ရှောင်ရန် ဆောင်ရန်များ လုပ်နိုင်ရန်ပါ။ သည်လိုနည်းနဲ့ ရောဂါ ပျံ့ပွားမှု ကို တစ်ဘက်တစ်လမ်းက လျှော့ချနိုင်သလို.. အကြောက်မလွန်ကြဖို့လည်း ရည်ရွယ်ပါတယ်။ နည်းနည်း နည်းနည်း ပြန်ဖတ်သွားပြီး၊ အချိန်ရသလို တင်ပေးသွားပါမယ်။ ဘတ်ဒ်ဖလူ(Bird Flu) ဖြစ်နေတယ် လို့ သံသယရှိနိုင်တဲ့ လူတစ်ယောက် (နှာစေး၊ ချောင်းဆိုး ဖြစ်နေတဲ့လူပေါ့၊ ရိုးရိုးနှာစေးတဲ့လူဆိုလည်း သံသယထားလိုက်) က ပါးစပ်နဲ့ နှာခေါင်းကို မအုပ်ဘဲ နှာချေလိုက်တယ်။ အစက်အမွှားလေးတွေ က ...
MgHla's ဒိုင်ယာရီ