Skip to main content

Posts

ဒေါ်အောင်ဆန်းစုကြည် မန္တလေး စည်ရုံးရေး ခရီးစဉ် ၃-မတ်-၂၀၁၂

၃-မတ်-၂၀၁၂ (စနေနေ့)မှာ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို စည်းရုံးရေး ခရီးစဉ်လာပြီး လူထုဟောပြောပွဲ လုပ်မယ်ဆိုတာနဲ့ ရုံးဖွင့်ရက် ဖြစ်တဲ့ အတွက် ခွင့်ကြိုယူထားပြီး ၃-မတ် နေ့ မနက် ၆-နာရီ ခွဲဝန်းကျင် လောက်ကတည်းက ကားကြုံခေါ်တဲ့ အကို တစ်ယောက်ရဲ့ ကားနဲ့ လေယာဉ်ကွင်းကို သွာဖြစ်ပါတယ်... အမြန်လမ်းမ တလျှောက် လေယာဉ်ကွင်ဆီ သွားနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အပြင် စက်ဘီးတွေကိုပါ အဆက်မပြတ် တွေ့ရပြီး လေယာဉ်ကွင်းရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ရောက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ အများကြီး တွေ့ရပါတယ်... ကျတော် ဓာတ်ပုံကိုတော့ လေယာဉ်ကွင်းကနေ ကျွဲဆည်ကန် ကားကြီး ဝင်းနားအထိလောက်ပဲ ရိုက်ဖြစ်ပါတယ်... အဲဒီ နောက်ပိုင်း ဗီဒီယို ရိုက်ရတာ စိတ်ပါလာလို့ ဗီဒီယိုပဲ ရိုက်ဖြစ်ပါတော့တယ်... ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံထဲက အချို့ကို အားပေးကြပါဦး... ကျန်တဲ့ ပုံအချို့ကို https://www.facebook.com/media/set/?set=a.10150653863274784.413656.691314783&type=1 မှာ သွားကြည့်နိုင်ပါတယ်... My Labels: Daw Aung San Suu Kyi, Nobel Prize Winner, Myanmar, Burma, Mandalay, Ava, Innwa ...

iPhone 3GS Modem Firmware 06.15.00 အတွက် Custom Firmware လုပ်ခြင်း...

iPhone 3GS Modem Firmware 06.15.00 တွေက Apple က ထုတ်တဲ့ Stock Firmware ကို တိုက်ရိုက် update လုပ်လို့မရပါဘူး... အဲဒီတော့ custom firmware အရင်လုပ်ပြီးမှ version upgrade လုပ်ရပါတယ်... ကျတော်အတွက် အဆင်ပြေဆုံးဖြစ်တဲ့ Sn0wBreeze နဲ့ custom firmware လုပ်နည်းကို ပြောပါ့မယ်... iOS 4.3.3, 5.0, 5.0.1 သုံးမျိုးစလုံး လုပ်ခဲ့ဖူးတာ လုပ်တဲ့ အဆင့်တွေ မကွာပါဘူး... ပထမဆုံး သက်ဆိုင်ရာ iOS firmware နဲ့ http://ih8sn0w.com/ က Sn0wBreeze ကို download လုပ်ထားပါ... Sn0wBreezexxx.exe ကို double click နှိပ်ပြီး run ပါ... ဒီ software က ငွေကြေးနဲ့ ရောင်းစားဖို့ ထုတ်ထားတာ မဟုတ်ပါဘူး... အကယ်၍ မင်း အခကြေးငွေနဲ့ ဝယ်ယူခဲ့တယ်ဆိုရင်တော့ ငွေပြန်တောင်းပါ... ဒီဟာက ရောင်းတာမဟုတ်ပါဘူး... ဒီsoftware ကြောင့် မင်းရဲ့ ဖုန်းပျက်စီးသွားရင်တော့ ငါတာဝန်မယူနိုင်ပါဘူး... ဆိုပြီး သတိပေးတဲ့စာသားပါတဲ့ windows စတင်မြင်ရပါလိမ့်မယ်... ဆက်သွားမယ်ဆိုရင်တော့ OK ကိုနှိပ်ပေါ့ဗျာ... ပျက်မှာ စိုးရိမ်လို့ ဆက်မလုပ်တော့ဘူး ဆိုရင်တော့ close ကို နှိပ်ပေါ့...  OK နှိပ်ရင်တော့ အောက်ကပုံ အတိုင်း တက်လာပါလိမ့်မယ်... ကျတော် သုံးထားတဲ့ ...

Barcamp Yangon 2012 ကို ရောက်ခဲ့တယ်...

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁-ရက် နှင့် ၁၂-ရက် နေ့များမှာ ကျင်းပပြုလုပ်တဲ့ barcamp Yangon 2012 ပွဲကို သွားမယ် မသွားဘူး လုပ်နေတာ အနားကပ်တော့မှ သွားမယ်ဆုံးဖြတ်ပြီး ရောက်ခဲ့ပါတယ်... ရုံးဖွင့်ရက်ဖြစ်တဲ့ ၁၁-ရက်နေ့ကို ခွင့်ယူပြီး ၁၀-ရက်နေ့ ညကားနဲ့ ရန်ကုန် ဘားကမ့် တက်ရောက်ဖို့ ကိုဂျေ (ခ) ကိုသခင်ကြီး၊ ရဲဘော်သူရိန်၊ ကိုထက်တို့ အဖွဲ့ နဲ့အတူ ရန်ကုန် ဆင်းဖြစ်ပါတယ်... ၁၁-ရက်နေ့ မနက် ၆-နာရီလောက် အောင်မင်္ဂလာ ကားကွင်းရောက်ပြီး ရန်ကုန်က barcamper တွေ booking လုပ်ထားပေးတဲ့ မြေနီကုန်းက ဟိုတည်ကိုသွားပြီး ရထားတဲ့ အခန်းတစ်ခန်းမှာ မျက်နှာ သစ်ပြီး barcamp ကျင်းပမယ့် ICT Park ထဲကို taxi နဲ့ ချီတက်ကြပါတယ်...  အဝင်ပေါက်ရောက်တော့ ဒေါ်အောင်ဆန်းစုကြည် ကားတန်းရောက်နေတဲ့ အတွက် ဖွင့်ပွဲ ကျင်းပတဲ့ Main Building ရှေ့ကို အပြေးအလွား သွားခဲ့ရပါတယ်... ဖွင့်ပွဲ ပြုလုပ်မယ့် စင်အောက် ရှေ့ဆုံးတန်းမှာ ရန်ကုန်က blogger တွေ barcamper တွေ ကင်မရာ ကိုင်ထားသူတွေနဲ့ ပြည့်နှက်နေပါတယ်...  ကျတော်လည်း အတည်ပေါက်နဲ့ စင်ပေါ်ကို ဝင်ပြီး ဓာတ်ပုံသမား နည်းမယ့်နေရာကို PhotoCamp Mandalay 2011 အင်္ကျီအားကိုးနဲ့ ဝင်ရောက် နေရာယူပါတယ်... သိပ်မကြာပ...

Joke for All. All for Joke ကာတွန်းပြပွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( မန္တလေးတိုင်း ဒေသကြီး) NLD က ကြီးမှူးကျင်းပတဲ့ Joke for All. All for Joke ကာတွန်းပြပွဲကို ဒီနေ့ (၂၀-၁-၂၀၁၂) မှစပြီး (၂၂-၁-၂၀၁၂) အထိ ၂၆-လမ်း၊ ၈၇-၈၈ လမ်းကြားမှာ ရှိတဲ့ ပဒုမ္မာခန်းမမှာ ကျင်းပပြုလုပ်နေပါတယ်... နေ့လယ် ထမင်းစားပြီးတော့ ရဲဘော်သူရိန် နဲ့ အတူ အဲဒီ ကာတွန်းပြပွဲကို ရောက်ခဲ့ပါတယ်... ကာတွန်းပြပွဲနဲ့ အတူ ရန်ပုံငွေ ရရှိရေးအတွက် အမှတ်တရ ပစ္စည်းများကိုပါ ရောင်းချပေးနေတာ တွေ့ခဲ့ပါတယ်... ပြပွဲအတွင်း ကြည့်ရှုနေကြသူများ အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသော အကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသားစာရင်းကို ဖတ်ရှုနေသူ ပြပွဲလာသူတစ်ဦး အမှတ်တရ လက်မှတ်ရေးထိုးထားမှု မှတ်တမ်း - ၁ အမှတ်တရ လက်မှတ်ရေးထိုးထားမှု မှတ်တမ်း - ၂ ဒေါ်အောင်ဆန်းစုကြည့်ပုံပါ T-Shirt အား ဝယ်ယူရန် ကြည့်ရှုနေသူ တစ်ဦး NLD မှ ရောင်းချနေသော အမှတ်တရ ပစ္စည်းဆိုင်   ကာတွန်းဆရာများမှ အမှတ်တရ ကာတွန်းရေးဆွဲနေပုံ My Labels: NLD, National League for Democracy, Cartoon Exhibition, Mandalay, Myanmar, Burma

X'mas Eve @ St. Josept Catholic Church Mandalay, Myanmar

၂၄-ဒီဇင်ဘာ-၂၀၁၁ ညက ကိုစူပါ က St. Josept Catholic Church (ကျတော်တို့ခေါ် ဖားသားလဖုန်း)မှာ X'mas Eve ရှိတယ်ဆိုတာနဲ့ ကိုစူပါ ၊ ကိုရှု တို့နဲ့ အတူ ဓာတ်ပုံ သွားရိုက်ဖြစ်ပါတယ်...  ၂၅-ဒီဇင်ဘာ-၂၀၁၁ မနက် ၂-နာရီလောက်မှ ဖားသားလဖုန်းကနေ ပြန်လာဖြစ်ပါတယ်... အဲဒီနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေကို အားပေးပါဦး... My Labels: X'mas Eve, Mandalay News, Religious news, Christmas