သင်္ကြန်မှာ မေမြို့ တက်နားမယ် ဆိုပြီး ကားခ ဈေးကြီးတာနဲ့ မသွားဖြစ်ဘူး... van ကား နောက်ခန်းမှာ သုံးယောက် တင်တယ် တစ်ယောက်ကို ပုံမှန် အချိန်တွေဆို ၄၅၀၀-ကျပ်၊ သင်္ကြန်တွင်းမို့ ဈေးနည်းနည်း တက်တယ် ငါ့ညီရေ... ဘယ်လောက်လဲ မေးတော့ ၉၀၀၀-ကျပ်ပါတဲ့... အဲဒါနဲ့ မန္တလေးမှာပဲ နေပြီး အိပ်လိုက် စားလိုက် မီးလာရင် DVD ခွေကြည့်လိုက် ပျင်းလာရင် မဏ္ဍပ်လျှောက်ကြည့်လိုက်နဲ့ သင်္ကြန်တွင်းကို ဖြတ်သန်းခဲ့တယ်... ကင်မရာ ရေစိုမှာ စိုးတာနဲ့ ဓာတ်ပုံ မရိုက်ဖြစ်ဘူး.... bagannat ကြီးကို အားကျပြီး ဖြစ်ချင်တာ ဖြစ်ဆိုပြီး နောက်ဆုံး ၂-ရက်ကျမှ ဓာတ်ပုံ ထွက်ရိုက် ဖြစ်တယ်... အောက်ကပုံက အဲဒီထဲက ၁-ပုံပေါ့... My labels: Thingyan, Water Festival, Mandalay Myanmar Burma Burmese News
MgHla's ဒိုင်ယာရီ