Skip to main content

Posts

Showing posts with the label Photo

ပဉ္စရူပ ဓာတ်ပုံပြပွဲကို ရောက်ခဲ့တယ်...

မနေ့က ကျတော် ပဉ္စရူပ ဓာတ်ပုံပြပွဲကို ရောက်ခဲ့ပါတယ်... ဓာတ်ပုံပြပွဲမှာ ၁. ခင်မောင်နှင်း ၂. ဖြူနှင်းဝါ ၃. ငြိမ်းချမ်းစိမ်းလန်း (စာရေးဆရာ ညီပုလေး) ၄. ကျော်ဟန်မြင့် ၅.ကျော်ဝဏ္ဏထွန်း ၆. ကျော်သန်းထွန်း ၇. အေးကို ၈. မြင့်စိုး ၉. သီတာ ၁၀. ဒေါက်တာ စန်းနိုင် ၁၁. ဇော်မြင့်ဦး ၁၂. ထွန်းထွန်းဦး ၁၃. N ဆိုပြီး ဓာတ်ပုံဆရာ ၁၁-ယောက် နဲ့ ဓာတ်ပုံဆရာမ ၂-ယောက် ဆိုတော့ စုစုပေါင်း ၁၃-ယောက်ပါ... မနေ့က ပွဲဦးထွက် ဈေးဦးပေါက် ကိုသခင်ကြီးရဲ့ညီ ဓာတ်ပုံ အရင်ဆုံး ရောင်းရပါတယ်...

Pyinsarupa

လာမယ့် ဖေဖ၀ါရီ ၅-ရက် ကနေ ၉-ရက်နေ့အထိ စကိုင်းဝေါခ် ရှော့ပင်းမောလ်မှာ ဓာတ်ပုံဆရာ ၁၃-ဦး တို့ပြသမယ့် ပဉ္စရူပ ဓာတ်ပုံပြပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်... ယင်းဓာတ်ပုံပြပွဲမှာ ကျတော်တို့ နေးတစ်မြန်မာ ဖိုရမ်၊ မြန်မာဘလော့လောကမှ ဓာတ်ပုံဆရာတစ်ဦးရဲ့ ညီဖြစ်သူလည်း ပါဝင်ပြသမှာ ဖြစ်တဲ့အတွက် သွားဖြစ်သွားလိုက်ကြ ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်...

မန္တလေးမှာ ဒီလို ဒီလို

မနေ့က မနက်ပိုင်းကနေစပြီး နေ့လယ် ၂-နာရီလောက်အထိ မိုးရွာပြီး ကျတော်တို့ မန္တလေးမြို့ကြီး အရမ်းအေးနေလေရဲ့... ၇၈-လမ်းနဲ့ ၃၈-လမ်းထောင့်မှာ တည်ရှိတဲ့ Quality Life Quality Shopping ဆိုတဲ့ ဆောင်ပုဒ်နဲ့ 78th Shopping Mall ကြီး မနေ့က စဖွင့်ပါတယ်... တကယ်တန်း မြေညီထပ်မှာ ရှိတဲ့ မန္တလေးအတွက် ပထမဆုံး ဆိုင်ခွဲ ဖြစ်တဲ့ City Mart တစ်ခုပဲ ဖွင့်သေးတာပါ... ကျန်တဲ့ ဆိုင်တွေကတော့ အနည်းငယ်ပဲဖွင့်နိုင်သေးပါတယ်... City Mart မှာတော့ ညဘက် လူတွေ များသလားမမေးပါနဲ့ ဓာတ်ပုံကိုသာ ရှုပါတော့... မနေ့ညနေ ဧရာဝတီ မြစ်ဘက်သွားပြီး နေဝင်ချိန်ဓာတ်ပုံသွားရိုက်ပါတယ်... အလွန်ညံ့လှတဲ့ မောင်လှ စိတ်ကြိုက် ၁-ပုံမှ မရပါဘူး... အဆင်ပြေမယ်ထင်တာလေး တင်လိုက်ပါတယ်... အောက်ပုံက မန္တလေး ကန်တော်ကြီး ရေပြင်ကို ဖြတ်ပြီး ရိုက်ထားတာပါ... ဘယ်ဘက်က မီးထိန်ထိန်လင်းနေတဲ့ ဘုရားက မဟာမြတ်မုနိဘုရားကြီးပါ...

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ - ၃ ...

ဒီပုံလေးက လမ်း ၈၀ နဲ့ ၂၆-လမ်းထောင့်ပါ... ကျုံး အနောက် တောင်ထောင့် ပေါ့ဗျာ... မီးတိုင်ကြီးက ရပ်ကွက် ၁-ခုစာမက မီးပေးလို့ရမယ် ထင်ပါ့... မန္တလေး ရွှေဘဲနဲ့ မျက်နှာချင်းဆိုင်ကပါ... Tags: Mandalay, Myanmar, Photo

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ - ၂ ...

LCD ထဲမှာ ပေါ်လာတဲ့ဟာကို ကြည့်ပြီး လက်ညှိုးလေးပဲ နှိပ်တတ်တဲ့ ကျတော့် လက်ညှိုးရာကို ထပ်ပြီး မြည်းစမ်းကြည့်ပါဦး...

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ...

လည်ပင်းက တစ်ကျပ်သားကို အသွင်ပြောင်းလိုက်တဲ့ အခါ မောင်လှ မှာ မျောက်အုန်းသီး ရသလို ဖြစ်ပြီး လက်ကမြင်းထားတာကို ကြည့်ကြပါဦး...