iPhone 3GS Modem Firmware 06.15.00 တွေက Apple က ထုတ်တဲ့ Stock Firmware ကို တိုက်ရိုက် update လုပ်လို့မရပါဘူး... အဲဒီတော့ custom firmware အရင်လုပ်ပြီးမှ version upgrade လုပ်ရပါတယ်... ကျတော်အတွက် အဆင်ပြေဆုံးဖြစ်တဲ့ Sn0wBreeze နဲ့ custom firmware လုပ်နည်းကို ပြောပါ့မယ်... iOS 4.3.3, 5.0, 5.0.1 သုံးမျိုးစလုံး လုပ်ခဲ့ဖူးတာ လုပ်တဲ့ အဆင့်တွေ မကွာပါဘူး... ပထမဆုံး သက်ဆိုင်ရာ iOS firmware နဲ့ http://ih8sn0w.com/ က Sn0wBreeze ကို download လုပ်ထားပါ... Sn0wBreezexxx.exe ကို double click နှိပ်ပြီး run ပါ... ဒီ software က ငွေကြေးနဲ့ ရောင်းစားဖို့ ထုတ်ထားတာ မဟုတ်ပါဘူး... အကယ်၍ မင်း အခကြေးငွေနဲ့ ဝယ်ယူခဲ့တယ်ဆိုရင်တော့ ငွေပြန်တောင်းပါ... ဒီဟာက ရောင်းတာမဟုတ်ပါဘူး... ဒီsoftware ကြောင့် မင်းရဲ့ ဖုန်းပျက်စီးသွားရင်တော့ ငါတာဝန်မယူနိုင်ပါဘူး... ဆိုပြီး သတိပေးတဲ့စာသားပါတဲ့ windows စတင်မြင်ရပါလိမ့်မယ်... ဆက်သွားမယ်ဆိုရင်တော့ OK ကိုနှိပ်ပေါ့ဗျာ... ပျက်မှာ စိုးရိမ်လို့ ဆက်မလုပ်တော့ဘူး ဆိုရင်တော့ close ကို နှိပ်ပေါ့... OK နှိပ်ရင်တော့ အောက်ကပုံ အတိုင်း တက်လာပါလိမ့်မယ်... ကျတော် သုံးထားတဲ့ ...
MgHla's ဒိုင်ယာရီ