ဪ... ကျတော်လည်း ဒီကမ္ဘာမြေပေါ်မှာ ရပ်တည်နေထိုင်ပြီး ဒီကမ္ဘာမြေကြီးကို ကောင်းအောင် မလုပ်နိုင်ဘဲ ဒုက္ခပေးမိသလို ဖြစ်တာ ဘာလိုလိုနဲ့ မနက်ဖြန်ည ၁၁း၃၀ နာရီဆိုရင် အနှစ် ၃၀ ပြည့်မြောက်လေပြီ... ကျတော် ကမ္ဘာမြေကြီးကို ဒုက္ခပေးနေမိတာကို ကမ္ဘာမြေကြီးတောင် သိရဲ့လား မသိ... ပထမဆုံး ကျတော့်ကို မွေးဖွားခဲ့တဲ့၊ ကျတော့်ကို ဒီလူ့လောကထဲကို အရောက်ခေါ်ခဲ့တဲ့ ကျတော် မိခင်ကို ကျေးဇူးတင်တယ်... ငယ်စဉ် ကလေးဘဝကနေစပြီး မိန်းမမယူခင်အချိန်အထိ ထမင်းဟင်း ချက်ကြွေး၊ အဝတ်အစားတွေ လျှော်ဖွတ်ပေး၊ မီးပူတိုက်ပေးတတ်တဲ့ မေမေ့ကို ကျတော် အရမ်းချစ်ပါတယ် မေမေ... ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဖေဖေကိုလည်း ကျတော် အရမ်း ကျေးဇူးတင်တယ်... အရမ်းချစ်တယ်... ညီအကို သုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျတော့်ကို အလိုအလိုက်ဆုံးနဲ့ အများဆုံး ရိုက်ခဲ့၊ ဆူခဲ့ရတယ် မဟုတ်လားဖေဖေ... အဖေ့ကို ပိုပြီး ကျေးဇူးတင်တာက ကျတော် ဆယ်တန်းအောင်တော့ မေမြို့မှာ ရှိတဲ့ ကျောင်းတစ်ခု တက်ဖို့ လျှောက်လွှာ တင်မယ် ဆိုတော့ မင်းမတက်ပါနဲ့ကွာ မင်း ... ငါ့လို ဘာမှ ဘေးပေါက် မရှာတတ်ရင် ဆင်းဆင်းရဲရဲ နေရလိမ့်မယ်လို့ တားခဲ့တဲ့ အဖေ့ကို အခု အချိန်မှာ ကျေးဇူးအရမ်းတင်တယ်အဖေ... အဖေ့ ခြေရာ ဆက်မနင်းခဲမိတာ ...
MgHla's ဒိုင်ယာရီ