Skip to main content

Posts

MgHla ရေ...

မောင်လှရေ... ဒီနေ့ မနက်စောစောစီးစီး ရုံးတောင် မတက်ရသေးဘူး... အလုပ်စလုပ်ရတယ်...ဘာအလုပ်လဲသိလား... အင်္ဂလိပ်လို ရေးထားတာတွေ တရုတ်လို ဘာသာပြန်ပေးရတာ...တရုတ်လို မတတ်ပေမယ့် ဘာသာပြန်တတ်ပါတယ်... ဂူဂယ်လ်ကြီး တစ်ခုလုံး ရှိနေတာ... ပြီးတော့ ဒီဇိုင်းလုပ်ရတယ်...ပြီးတော့ ကွန်ပျူတာ ပြင်ပေးရတယ်...ပြီးတော့ ကော်ရယ်ထဲမှာ လိုင်းပုံဆွဲ .. ဖိုတိုရှော့ပ်ထဲဝင် အရောင်ဖြည့် ... အင်းမေ့ခ်ျရယ်ဒီထဲ ၀င်လှုပ်အောင် လုပ်... ပါဝါပွိုင့်ထဲ ၀င် အဆင် ပြေရဲ့လား ပြန်ကြည့် .. မပြေသေးရင် အင်းမေ့ခ်ျရယ်ဒီထဲ ပြန်ဝင် လှုပ်ထာ ပြန်ပြင်ပြန် ... ဒီလိုနဲ့ ဒီနေ့ လှုပ်တာ ၁-ပုံပဲ ပြီးတယ်... သြော် ... ငါ ဘာကောင်ပါလိမ့်...ငါ စားနိုင်သောက်နိုင်ဖို့အတွက် မလုပ်တတ်တဲ့ အလုပ်တွေ လျှောက်လုပ်နေတဲ့ လူတစ်ယောက်ပါလား... keywords: Mg Hla MgHla Maung Hla MaungHla မောင်လှ ရေ

တောင်းပန်ပါတယ်...

ဝါး ... အလုပ်တွေများနေတယ်လို့ပဲ ဆိုရမှာပဲ... နေ့တိုင်း မလာကြပါနဲ့ဗျာ... ကျတော် အားနာလို့ပါ... ခု ရေးချင်စိတ်တွေ ပျောက်နေလို့ပါ... လာချင်လွန်းအားကြီးတယ်ဆိုရင်လည်း ၂-ပတ်မှ ၁-ခါလောက် လာကြပါဗျာ... Blogger beta ပြောင်းလိုက်တာ ကျော်ခွပြီး ရေးနေရလို့ပါ... ရေးစရာလည်း ခေါင်းထဲက ထွက်မလာဘူး ဖြစ်နေလို့ပါ... တောင်းပန်းပါတယ်...

လမ်းမတွေ ရေမြုပ်နေတဲ့ မန္တလေး (Mandalay News)

ဒီနေ့ မနက် ၅-နာရီ ၀န်းကျင်လောက်က စပြီး မိုးရွာနေတာ ခုချိန်ထိ မတိတ်သေးပါဘူး... အောက်ပြည် အောက်ရွာမှာ ရွာတဲ့ပုံစံမျိုး သည်းသည်းမည်းမည်းနဲ့ကို ရွာနေတာပါ... ဒီနေ့ တစ်နေကုန်တောင် ရွာမယ် ထင်ပါတယ်... လမ်း-၈၀ တစ်လျှောက်လုံးလည်း ရေတွေနဲ့ အပြည့်ပါ... လမ်းလယ်ခေါင်မှတောင် ရေက ၆-လက်မ ၀န်းကျင်လောက် ရှိပါတယ်... keywords: Mandalay News MDY မန်းလေး မန္တလေး သတင်း မိုး rain

ကိုယ့်လမ်းကို မှန်အောင် စီး...

ဒါလေးက အပြင်မှာ တကယ်ဖြစ်ခဲ့တာပါ...ကျတော်တို့က အဖိုးအဖွားအိမ်က ပွဲကုန်း လမ်းမတန်းပေါ်မှာ ရှိတာဗျ... ၂၆-ဘီလမ်းလမ်းကနေ အနောက်ဘက် တည့်တည့်ဆင်းသွားရင် တာရိုးမရောက်ခင် ၃-ပြလောက်အလို၊ ချမ်းသာကြီးဘုရား ကွေ့ရမယ့်လမ်း ၁-ပြကျော်ကျော် လောက်မှာ ရှိတာဗျ...တစ်နေ့ အဖိုးအဖွားအိမ်ရှေ့မှာ ထိုင်နေတုန်းပေါ့ဗျာ... အရှေ့ဘက်ကနေ ယောက်ျားတစ်ယောက် စက်ဘီးစီးလာပြီး ပုလိုင်းပေါက် (တောင်ဘက်) ကို ကွေ့ဖို့ လုပ်နေတဲ့အချိန် အနောက်ဘက်ကနေ စက်ဘီးစီးလာတဲ့ မိန်းကလေး တစ်ယောက်တို့ စက်ဘီးချင်း တိုက်မိကြသတဲ့... "ဦးလေးနော် ... ကိုယ့်လမ်း ကို မစီးဘူး... " " အမယ် ... ငါက ငါ့လမ်း ငါစီးတာပါ ... ညည်းကသာ သူများလမ်း လိုက်စီးနေပြီးတော့ ... မယုံရင် ညည်း ငါ့အောက်ကို ငုံ့ကြည့်ပါဦး ... " " ဦးလေးနော် မညစ်ပါတ်နဲ့နော်..." " ဟ ... ဘယ်မှာ ငါညစ်ပတ်လို့လဲ ... ငါပြောတာ လမ်းလယ် မျဉ်းရဲ့ မြောက်ဘက်မှာ ပဲ ရှိသေးတယ်လေ... အဲဒီတော့ ငါက ငါ့လမ်း ငါစီးနေတာပဲလေ ဟုတ်ဘူးလား... ညည်းကသာ တောင်ဘက်အခြမ်းမှာ ရှိရမှာ ခု လမ်းမြောက်ဘက်ခြမ်းကို ရောက်နေတာ မဟုတ်ဘူးလား..." ကိုယ့်လမ်းကို မှန်အောင် စီးကြနော်... keywords: adu

ထူးထူးဆန်းဆန်း

ဟိုက်! ထူးထူးဆန်းဆန်း blogger.com/home ပြန်ပွင့်နေတယ်... Gmail ရောပွင့်လားမသိဘူး သွားကြည့်လိုက်ဦးမယ်... မပွင့်ဘူးဗျ... ပိတ်တယ်...

Mandalay News

သြဂုတ်လ ၃၀ ရက်နေ့က ပွဲ ၂-ပွဲ ကျတော် ရောက်ခဲ့တယ်... ပထမ တစ်ပွဲက ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်ရဲ့ Leadership Challenges ဟောပြောပွဲပါ... မန္တလေး ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းက ဦးစီးပြီးတော့ လုပ်တဲ့ ဟောပြောပွဲပါ... သတင်းစာထဲမှာ ၉း၃၀ နာရီ စမယ်လို့ ကြေငြာထားတဲ့ ပွဲလေးဟာ အခြားပွဲတွေနဲ့မတူ ၉း၃၀ နာရီခွဲမှာ ခန်းမအပြည့် ဖြစ်နေလို့ ထိုင်ခုံများ ထပ်ခင်းရပါတယ်... ဆရာကြီးရဲ့ ဟောပြောချက် အရမ်းကို ကောင်းမွန်ပါတယ်... နောက် တစ်ပွဲကတော့... အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲပါ... နေ့လယ် ၁-နာရီစမယ့်ပွဲဟာ ၁း၄၅ နာရီလောက်မှ စခဲ့တဲ့ ပွဲလေးပါ... အကြောင်းကြောင်းကြောင့် ကဗျာရွတ်ဆိုမှု မပြုနိုင်ပဲ... သီးချင်းဆိုပွဲလေးအဖြစ်နဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ပွဲလေးပါ... ပထမဆုံး မိုးမိုး သီချင်း ၂-ပုဒ်ဆိုပါတယ်... ပြီးတော့ မြန်မာပြည်တွင် လုပ်သည်ဆိုတဲ့ ရသ ဆိုပါတယ်... ပဟေဠိနန်းတော် အစီအစဉ်က ဂိမ်းဒါရိုက်တာ မောင်မောင်အေး (Dream Boat) သီချင်းတစ်ပုဒ်ဆိုပါတယ်... သူဆိုနေတုန်း မီးပျက်သွားတာ ဂီတာသမားနိုင်ဇော်ရယ်၊ သူရယ်ဆက်ဆိုကြတာ အောက်က ပရိတ်သတ်ကပါ လိုက်ဆိုကြတာ အရမ်းကို ကြက်သီးထဖို့ကောင်းပါတယ်... ရဲလေး၊ သဉ္ဇာဝင့်ကျော်၊ ဆန်းထွဋ်၊

Mandalay News

မနေ့ကထုတ်ဝေတဲ့ ရတနာပုံ သတင်းစာထဲမှာ ပါတဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကြော်ငြာလေးပါ... အသည်းအလှူရှင် အလိုရှိသည် အမျိုးသမီး၊ အေသွေး ဖုန်း- ၃.... keywords: Mandalay, MDY, News, သတင်း