Skip to main content

Posts

Showing posts with the label Shan Gyi

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၃

ပြောရဦးမယ်... မောင်မိုးဆိုတာ ဆော်ကြည်ဘဲ... မှတ်မိသေးသည်... ၁၀-တန်း Physics ကျူရှင်က ကောင်မလေး တစ်ယောက်ကို မောင်မိုးစာပေးသည်... အနှီကောင်မလေးလည်း မောင်မိုးကို ပြန်ကြိုက်သည်... မောင်မိုး ထိုကောင်မလေးကို ပေးသောစာမှာ ကျတော် ပေါက်ကရရေးထားသောစာ ဖြစ်၏... သူများတွေလို ပန်းနုရောင်ဖျော့ဖျော့ အချစ်သင်္ကေတလေးတွေနှင့် နုနုရွရွ ရေးထားသော စာဟု ထင်လျှင်သော မှားသွားလိမ့်မည်... မောင်မိုး၏ ဗလာစာအုပ် နောက်ကျော... မောင်မိုး ကာတွန်းပုံအကြမ်းများ ဆွဲထားသော နေရာအောက် စုတ်စုတ်ပြတ်ပြတ် ပေါက်ကရ လျှောက်ရေးထားခြင်း ဖြစ်သည်... “မင်း ကိုယ့်ကို ပြန်မကြိုက်ရင် ကိုယ့်ရဲ့ အသည်းနှလုံးကို အယ်လ်ကိုဟောထဲ စိမ်လိုက်တော့မည်...” “နစ်ကိုတင်း ဓာတ်ငွေ့တွေထဲမှာ ကိုယ့်ရဲ့ အချစ်တွေကို မြှုပ်နှံလိုက်တော့မယ်...” ဆိုတဲ့ စကားလုံးတွေ ပါတာတော့ မှတ်မိသည်... ကျတော့် လက်ရေးနှင့် ထိုရည်းစားစာကို မောင်မိုးက ပြန်မကူးဘဲ ထိုအတိုင်းပေးလိုက်တာ... အနှီကောင်မလေးက သူ့ကိုပြန်ကြိုက်လေသည်... ကြာကြာတော့ မခံပါ... ထိုဇာတ်လမ်းက လက်လေးတောင် မကိုင်လိုက်ရဘဲ ဆယ်တန်း စာမေးပွဲ ဖြေပြီးတော့ ပြီးသွားလေသည်... မောင်မိုးအသက်ထက် သူ့ကောင်မလေး အရေအတွက်က ပိုများမည်ဟု ထင်သည်.