gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မောင်လှ အကြောင်း

မောင်လှ


၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၃၁-ရက်နေ့တွင် မြန်မာနိုင်ငံ၊ ပြည်မြို့၌ ဖွားမြင်သည်။ ၁၉၈၇ ခုနှစ် ဧပြီလမှ စတင်ပြီး အဖေဘက်မှ အဖိုး၊ အဖွားများ နေထိုင်ရာ မန္တလေးမြို့သို့ ပြောင်းရွှေ့အခြေချ နေနိုင်သည်မှာ ယခု အချိန်အထိ ဖြစ်သည်။




 အင်တာနက် နှင့် မောင်လှ


၂၀၀၀~၂၀၀၁ ခုနှစ်ဝန်းကျင်တွင် dial-up access ဖြင့် အင်တာနက်ကို စတင်အသုံးပြုဖူးခဲ့ပါသည်။ Intranet သာရသေးသော ကာလဖြစ်သော်လည်း ပေါ်လာသော web page များကို စိတ်ဝင်စားကြည့်ရှုခဲ့သည်။ ထမင်းစားချိန်များတွင်သာ ခဏတဖြုတ် ကြည့်ရှူခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၂ -ခုနှစ်တွင် ရုံးမှ BaganNET (ယခု Myanmar Teleport) ၏ Internet access service တစ်ခုဖြစ်သော iPStar စနစ် တပ်ဆင်ပေးခဲ့သည့် အတွက် အင်တာနက် အသုံးပြုခွင့် စတင်ရရှိလာခဲ့ပါသည်။ နောက်ပိုင်းတွင် Broadband Wireless Access ပြောင်းလဲ တပ်ဆင်ခဲ့သည်။




Forum နှင့် မောင်လှ


iPStar တပ်ဆင်ပြီးသည့် အချိန်တွင် အင်တာနက် လိုင်းများကို မည်သို့ ခွဲဝေ သုံးစွဲရမည်ကို မသိသောကြောင့် BaganNET Forum အတွင်းသို့ ဝင်ရောက် မေးမြန်းခဲ့ရာမှ စပြီး အခုအချိန်အထိ forum စွဲလမ်း နှစ်ခြိုက်သူ တစ်ယောက် ဖြစ်လာခဲ့သည်။ ကျတော် မေးမြန်းခဲ့သော အဖြေကို ဖြေကြားပေးသူမှာ k.thuya ဆိုသူ အကိုကြီး တစ်ယောက် ဖြစ်သည်။ BaganNET forum ပျက်သုဉ်း ခါနီး အချိန် အရောက်တွင် မောင် zeng ဟု အမည်တွင်သော သူငယ်ချင်းမှ 2006 ခုနှစ် လက်ဆောင် အဖြစ် NativeMyanmar Forum ကို တည်ထောင်ပြီး လက်ဆောင် ပေးခဲ့သည့် အတွက် ယခု အချိန်အထိ ယင်းဖိုရမ်တွင် ဝင်ရောက် ဆွေးနွေး ရေးသားလျှက် ရှိပါသည်။ အခြား မြန်မာ forum များကိုလည်း စိတ်ဝင်စားစွာ ဖတ်ရှူ လျှက်ရှိပါသည်။ MyanmarCupid, mmGeeks, Planet Myanmar Forum , MysteryZillion, Padonma, mmCyber, CrystalRays စသည့် forum များပါဝင်ပါသည်။




ဘလော့ နှင့် မောင်လှ


မြန်မာ ဘလော့ လောက အစဦးက ကိုအာလူး, ကိုငြိမ်းချမ်း, ညီလင်းဆက် အစ ရှိသူတို့၏ ဘလော့များကို ဝင်ဖတ်ရာမှ ဘလာ့ရေးပိုးဝင်ရောက် လာခြင်း ဖြစ်သည်။ ဘလော့ ရေးသားခြင်းကို ၂၀၀၅ ခုနှစ် မေလ ၁၀-ရက်နေ့ တွင်စတင် စမ်းသပ် ရေးသားခဲ့သည်။ ပထမပိုင်းတွင် personal post များကိုသာ ရေးသားခဲ့သည်။ English ညံ့သည့်အတွက် မြန်မာလို မပေါ်ပေါ်အောင် စမ်းသပ်ရေးသား ခဲ့သည်။ ဘလော့တွင် ပထမဆုံး အသုံးပြုခဲ့သော မြန်မာ စလုံးမှာ -Win---Innwa ဖြစ်သည်။ ဒုတိယအနေဖြင့် Ponnya_web (Unicode) font ကို အသုံးပြုခဲ့ပြီး Zawgyi-One font ပေါ်လာသည့် အခါတွင် ဇော်ဂျီ စာလုံးကို ပြောင်းသုံးခဲ့သည်။ ပထမဦးဆုံး မြန်မာလို ရေးသည့်ဘလော့ဟု ခေါ်ဆိုနိုင်သော်လည်း မောင်လှထက် အရင်စောစီးစွာ မြန်မာစာဖြင့် ဘလော့ရေးသူ များရှိခဲ့သည်။



မောင်လှသည် မှတ်သားမှု အားနည်းသည့် အတွက် ကွန်ပျူတာနှင့် ပတ်သက်သော လုပ်ဆောင်ပုံ အဆင့်ဆင့်ကို blog တွင် မှတ်သားထားရမှ တဆင့် အခြားသူများလည်း ဘလော့ကို သတိထားမိလာကြသည်။ ထို့အပြင် နောက်ပိုင်းတွင် မန္တလေး သတင်းများ၊ Photoshop tutorial များ၊ blog ပြုလုပ်နည်းနှင့် ပတ်သက်မှုများကို post တင်ခဲ့သည့် အတွက် မြန်မာ online လောကတွင် လူသိများ လာခဲ့သည်။ ပထမဦးဆုံး ဘလော့တွင် မြန်မာလို ပေါ်အောင် ရေးသားနိုင်သည့် အောက်တွင် ဖော်ပြထားသည့် HTML code


< font face="Zawgyi-One">  ဒီစာကို Select ပေးပြီးရေးပါ...< /font> 


နှင့် font မရှိသော်လည်း Microsoft Internet Explorer ဖြင့်ကြည့်ရှုပါက စာများကို ဖတ်နိုင်သည့် eot အကြောင်းများကို မိတ်ဆက် ရေးသား ပေးသည့် အတွက် ဘလော့လောကတွင် လူသိများလာခဲ့ခြင်း ဖြစ်သည်။




comment နှင့် Cbox များတွင် ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်းများ၊ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုများကြောင့် blog လောကမှ ထွက်ခွာရန် အကြိမ်ကြိမ် စိတ်ကူးဖူးသော်လည်း ယနေ့အချိန်ထိ မထွက်ခွာနိုင်သေးပါ။ သို့သော်လည်း ဘလော့ ရေးအား သိသိသာသာ ကျဆင်းခဲ့သည်။




ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော သူငယ်ချင်းမှ MgHla.com domain name ကို ၂၀၀၆ ခုနှစ်မှ စတင် ဝယ်ယူပေးခဲ့ သည့်အချိန်မှ စပြီး mghla.blogspot.com အစား blog.MgHla.com ဟု ပြောင်းလဲ အသုံးပြုခဲ့သည်။  ၂၀၀၉ ခုနှစ်အတွင်း blog.MgHla.com အား သက်တမ်းတိုးရန် အခက်အခဲ ဖြစ်ခဲ့သည့်အတွက် ယခုအခါ blog.MgHla.net ကို ပြောင်းလဲ သုံးစွဲလျှက်ရှိပါသည်။

Ad