gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေးပတ်ဝန်းကျင်မှ ကျွန်တော်ကြိုက်သော၊ ကျတော် စားသော၊ ကျော့် သိသော စားသောက်ဆိုင်များ - ၁၊ ၂၊ ၃၊ ၎


•••••••••••••••••••••••••••••••••••••••••••••••••
မန္တလေးပတ်ဝန်းကျင်မှ ကျွန်တော်ကြိုက်သော၊ ကျတော် စားသော၊ ကျော့် သိသော စားသောက်ဆိုင်များ - ၁၊ ၂၊ ၃၊ ၎
•••••••••••••••••••••••••••••••••••••••••••••••••

မန်ကျည်းရိပ် မြီးရှည်
https://goo.gl/maps/Q1RLJzjAs2D2
• မုံညင်းချဉ်ကြိုက်တဲ့သူတွေ အတွက် မုံညင်းချဉ် ကောင်းကောင်းလေးချပေးတယ်။ မုံညင်းချဉ်သာမက မုံလာချဉ်ပါ ချပေးတယ်။ ဝက်ဆီဖက်ကြော်နဲ့ ဂျုံကြော်လေးတွေပါ ချပေးတယ်။ ဝက်သားကို အခေါက်၊ အသားတင်မက အစုံရတယ်။

စိုးစိုး မုန့်တီ
https://goo.gl/maps/kiXb1YKp7YU2
• အထူးမိတ်ဆက်ပေးရန် မလိုပါ။ ရန်ကုန်အတွက် ပါဆယ် သယ်မယ်ဆို ရန်ကုန်အတွက် ပါဆယ် ယူမည်ဖြစ်ကြောင်း ကြိုမှာပါ။ တစ်ပွဲချင်းထည့်ဝင်တဲ့ တစ်မယ်ချင်းကို တစ်အိတ်ချင်းစီ ထည့်ပေးတယ်။ ၂၄-နာရီခန့် အထားခံတယ်လို့ ပြောပါတယ်။

တာမိုးကျော် ယူနန် စားသောက်ဆိုင်
https://goo.gl/maps/LFuR9x5Q4K62
• ဆိုင် အပြင်အဆင် မလန်းပေမယ့် အရသာ အထူးကောင်းမွန်ကြောင်းပါ။

ပန်ဆိုင်း အကင်ဆိုင်
https://goo.gl/maps/L4t8uSAneMo
• အကင်အပြင်အဆင်က လင်းလင်း အကင်ဆိုင်လိုပါပဲ။ ထူးခြားချက်က ပဲနို့အခမဲ့တိုက်တယ်။

လင်းလင်း အကင်ဆိုင်
https://goo.gl/maps/czA4Yt7DZxL2
https://goo.gl/maps/nEeWzPe8Min
• ရန်ကုန်ကလာသူတွေ ကြိုက်ကြတယ်။ ကျော့်အတွက်တော့ အရသာ ငန်လွန်းတယ်။

Central Park ပီဇာ နဲ့ မက်ဇီကန် အစားအစာ
၂၇-လမ်းဆိုင် https://goo.gl/maps/V6yiK9Nz7xA2
၆၆-လမ်းဆိုင် https://goo.gl/maps/3dH9WsUBwY82
• ပီဇာကောင်းတယ်။ စဉ်းတီတုံးလို သစ်သားပြားတွေပေါ် စားစရာတွေ ပြင်ပေးတယ်။ မက်ဇီကန် အစားအစာတွေလည်း စားလို့ ကောင်းတယ်။

အမြဲကောင်း ဆခွံ
https://goo.gl/maps/f89chNtGq4C2
• မန္တလေးက အကောင်းဆုံးဆိုတဲ့ ဆခွံ (ဆခုံ) ဆိုင်တွေထဲက တစ်ဆိုင်ပါ။ မြီးရှည်ဖက်နဲ့ အသားဖက်တွေကို ဆခွံနဲ့ တို့စားရတယ်။ ဒီဆိုင်က ဂဏန်းချက်လည်း ကောင်းတယ်။ အကင်တွေလည်း ကောင်းပါတယ်။

မငယ် မုန့်တီ
https://goo.gl/maps/Rt1pipDYeAQ2
• ဆိုင်နာမည် မရှိပါဘူး။ မငယ် မငယ်နဲ့ ခေါ်သံကြားလို့ မငယ်မုန့်တီ လို့ရေးလိုက်တာပါ။ သူ့ဆိုင်က မုန့်တီဖက်က စားကောင်းတယ်။ ပလက်ဖောင်းပေါ် ရောင်းတဲ့ ဆိုင်ပါ။

ဒေါ်တော မုန့်တီ
https://goo.gl/maps/grhezFGvmpS2
• ဒီဆိုင်လည်း ပလက်ဖောင်းပေါ် ရောင်းတဲ့ ဆိုင်ပါပဲ။ ဒါပေမယ့် လူသိများ နာမည်ကြီးတယ်။ အမဲကြောနဲ့ပါရတယ်။ ငါးဖယ်လုံး ဟင်းရည်လေးပါ မှာပြီး သောက်ကြည့်ပါ။

ဒေါ်သန်းမြ မုန့်တီ
https://goo.gl/maps/4nEp1SAQ8nR2
• နာမည်ကြီးဆိုင်ပါ။

ရွှေရောင်လင်း
https://goo.gl/maps/2Aw1aXa2hXC2
• မုန့်တီတင်မက အုန်းနို့ခေါက်ဆွဲနဲ့ အခြားဟာတွေပါရတယ်။ သန့်သန့်ရှင်းရှင်းရှိတယ်။

ရွှေပြည်မိုး လက်ဖက်ရည်ဆိုင်
၆၆-လမ်း https://goo.gl/maps/ZY2K1v2M1Hp
လမ်း၃၀ https://goo.gl/maps/g4paYt3N8Gk
၃၅-လမ်း https://goo.gl/maps/UiGxMGSswWQ2
• အစားအသောက်မျိုးစုံရပါတယ်။

မင်းသီဟ လက်ဖက်ရည်ဆိုင်
https://goo.gl/maps/vdyePpYXbZq
• အစားအသောက်မျိုးစုံရပါတယ်။ မင်းသီဟ ပဲကိတ်က နာမည်ကြီးပါ။

Vanilla Garden Restaurant <<<ဆိုင်ပိတ်သွားပါပြီ>>>
https://goo.gl/maps/NY6tRzASeCD2
• ဒီဆိုင်က မန္တလေး ကန်တော်ကြီးဘက်က ဆိုင်တွေမှာ ထိုင်ရတဲ့ ခံစားမှုမျိုး ခံစားရတယ်။ အရသာလည်း ကောင်းတယ်။ ခြံဝန်းထဲ၊ အမိုးအကာအောက်နဲ့ သီးသန့်ခန်းတွေ ရှိတယ်။


Royal Mandalay Restaurant
https://maps.google.com/?q=Royal%20Mandalay%2C%2032nd%20St%2C%20Mandalay&ftid=0x30cb6d05040d997b:0x3724b50e677dc98f&hl=en-GB&gl=mm
• asia နဲ့ european အစားအသောက်တွေရတယ်။ အရသာကောင်းတယ်။

ထိုင်းမယ်အောင်
https://maps.google.com/?q=Thai%20Mae%20Aung%2C%2069th%20St%2C%20Mandalay&ftid=0x30cb6d04e367809d:0x11838196f9ad86d6&hl=en-GB&gl=mm

Cafe JJ
https://goo.gl/maps/cVGmNkYNWaR2https://maps.google.com/?q=Cafe%20JJ%2C%2073rd%20St.%2C%20Bet.%2032nd%20%26%2033rd%20St.%20Adipadili%20Rd%2C%20Mandalay&ftid=0x30cb6d1a3aa79dc3:0x9b0120f48fbfd4d7&hl=en-GB&gl=mm

Cafe City
https://goo.gl/maps/HRS7bdoBrhR2
• ယူယိုပီယမ် အစားအသောက်တွေ အရမ်းကောင်းတဲ့ဆိုင်ပါ။ BBB နဲ့ ပိုင်ရှင် အတူတူပါပဲ။

Koffee Korner
https://goo.gl/maps/AV1nwjdFdHK2

NY Bar
https://goo.gl/maps/QYa6RE9C4DC2

BBB
https://goo.gl/maps/88ebcto8yiR2
• ယူယိုပီယမ် အစားအသောက်တွေ အရမ်းကောင်းတဲ့ဆိုင်ပါ။ နိုင်ငံခြားသားတွေ အထိုင်များတယ်။

Food Palace
https://goo.gl/maps/mSKynb4CpBH2
• မြည်းစမ်းကြည့်ပါ။ အရသာငောင်းကြောင်း အာမခံပါတယ်။ အန်တီ Thet Wai Yee :D


12 Pan Nar
https://goo.gl/maps/NNoo2HkdXXx
• ရန်ကုန်ကလာတဲ့သူတွေ သဘောကျတဲ့ဆိုင်ပါ။

ပိုင်လီရှမ်း
https://goo.gl/maps/cARzQwB3fPH2
လမ်း ၁-ပြခန့်လွှဲနိုင်ပါတယ်။
• ယူနန် စားသောက်ဆိုင်ပါပဲ။ အရသာလွှတ်ကောင်း။

သတ်သတ်လွတ် ရှမ်းခေါက်ဆွဲဆိုင်
https://goo.gl/maps/2qG85qcDktG2
ပိတ်ရက်တွေမှာ ကျတော် စားနေကျဆိုင်ပါ။ ဆိုင်နာမည် မရှိပါ။

ဇော်ထက် တုတ်ထိုး
https://goo.gl/maps/u8yj8GF814k
အရောင်ဆိုးဆေး မပါဘူးလို့ ပြောလို့ရတဲ့ဆိုင်ပါ။ တုတ်ထိုးအပြင် ကြာဇံကြော်၊ ထမင်းဆီဆမ်း၊ ကော်ပြန်ကြော်နဲ့ အအေးမျိုးစုံရပါတယ်။

ကိုမြင့်လွင် တုတ်ထိုး
https://goo.gl/maps/juxpYUTcprm

မန္တလေးက old schoolတုတ်ထိုးဆိုင်ပေါ့။

ပန်းသခင် လက်ဖက်ရည်ဆိုင်
https://goo.gl/maps/obf3z43VRWQ2
 
လက်ဖက်ရည်၊ ကော်ဖီတွေအပြင် ဒန်ပေါက်၊ အုန်းထမင်း၊ ကြက်ရိုး စမူဆာသုတ်လိုမျိုး အစားအသောက် မျိုးစုံရပါတယ်။ ဘိန်းမုန့်လိုမျိုး မြန်မာမုန့်တွေပါ ရပါတယ်။

ပေါ်တော်မူဘုရားပေါက်က မုန့်တီဆိုင်
https://goo.gl/maps/J5tRdoKoBSP2
•  နေ့လယ်ဘက်မှ ဆိုင်ဖွင့်ပါတယ်။ မုန့်တီကို ကြက်ရိုးနဲ့ပါ ရပါတယ်။

ဗြစ်

https://goo.gl/maps/GpzVLuucyDU2
• အကင်တွေအပြင် မြန်မာအသုပ်တွေပါ ရနိုင်တဲ့ဆိုင်ပါ။

DAD's BBQ
https://goo.gl/maps/ndpi7MHyoFU2
https://goo.gl/maps/JJhBh1CiDVx
https://goo.gl/maps/MiGVD9YkL3r
• အခမဲ့ပေးတဲ့ အမဲကြောဟင်းရည် ကောင်းသလား မမေးပါနဲ့။ အမဲသားနဲ့ပတ်သက်တဲ့ အကင်တွေ ပိုကောင်းတဲ့ ဆိုင်ပါ။

Comments

Myanma Net said…
ဆိုင်လိပ်စာလေးတွေရေးပေးရင်ပိုကောင်းမယ် မြေပုံကြည့်ရတာအဆင်မပြေပါ

Ad