gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

OBD II Scanner သုံးပြီး ကားအခြေအနေကို monitoring လုပ်မယ်...

ဘာတွေ လိုမလဲဆိုတော့ OBD II scanner, OBD II scanner တပ်ဆင် အသုံးပြုနိုင်မယ့် ကားနှင့် Android Phone/Tablet or iPhone/iPad/iPod Touch ၃-မျိုးလိုပါတယ်...
OBD II scanner ဆိုတာ အောက်က ဓာတ်ပုံထဲကလို ဟာမျိုးလေးပါ...


ကျတော် ဝယ်ထားတာက Vgate Scan တံဆိပ် bluetooth တစ်မျိုးပဲရတဲ့ OBD II scanner ပါ... ဘလူးတုပဲ ရတဲ့အတွက် android သုံး ပစ္စည်းတွေနဲ့ပဲ ချိတ်ဆက်လို့ရပါတယ်... iPhone တို့နဲ့ ချိတ်ဆက်လို့ မရပါဘူး... iPhone နဲ့ချိတ်ဆက်သုံးချင်ရင်တော့ WiFi ပါတဲ့ OBD II scanner ဝယ်ရပါ့မယ်... 

OBD II scanner ကို ကားရဲ့ OBD II port မှာ တပ်ပါ... ကျတော့်ရဲ့ Demio မှာ စတီယာတိုင်ရဲ့ ညာဘက် အောက်နားလေးမှာ ရှိပါတယ်... 


OBD II scanner ကို ကားမှာ တပ်ပြီးရင်တော့ ကားကို စက်နှိုးထားပါ... Android ဖုန်းရဲ့ bluetooth ကိုဖွင့်ပြီး OBD II scanner ကို ရှာပါ... pair code က 0000 သို့မဟုတ် 1234 အများဆုံး ဖြစ်နိုင်ပါတယ်... 



OBD II scanner နဲ့ ဖုန်းနဲ့ ချိတ်သွားပြီဆိုရင် OBD monitoring လုပ်တဲ့ app ကို ဖွင့်ပါ... 
 
ကျတော်ကတော့ OBD DroidScan ကို ကြိုက်တဲ့အတွက် အပေါ်ပုံမှာ ပြထားတဲ့ တတိယ အတန်း ညာဘက်ဆုံးက OBD DroidScan app ကို ဖွင့်ပါတယ်... OBD DroidScan app ပွင့်လာပြီဆိုရင် menu ခလုတ်ကိုနှိပ်ပါ...

အပေါ်ပုံမှာပြထားတဲ့ အတိုင်း screen အောက်ဆုံးမှာ Start Scanning ဆိုတဲ့ အတန်းပေါ်လာပါလိမ့်မယ်... Start Scanning ကို နှိပ်ပါ...


OBD II scanner နဲ့ OBD DroidScan app တို့ ချိတ်ဆက်မိပြီဆိုရင်တော့ ENGINE မှာ အင်ဂျင်လည်ပတ် rpm ဟာ 0000 ပြနေရာကနေ ကားရဲ့ လည်ပတ်နေတဲ့ rpm ကို ပြပါလိမ့်မယ်... အပေါ်ပုံမှာ 749rpm ဆိုပြီးပြနေတဲ့ နေရာပါ... အဲဒါဆိုရင် OBD II scanner နဲ့ OBD DroidScan ချိတ်ဆက်မှု အဆင်ပြေပြီ ဖြစ်တဲ့ အတွက် ကားအခြေအနေ monitoring လုပ်ဖို့ အသုံးနိုင်ပါပြီ... Speed, Fuel Economy တို့က ကားဘီးလိမ့်မှသာ ပြပါလိမ့်မယ်... ကျန်တာတွေ အထဲက အပူချိန်ကလွှဲရင် ကျန်တာတွေကို ကျတော်လည်း မသိပါဘူး...

ဒီ OBD DroidScan app ကို ကျတော်ကိုယ်တိုင်လည်း ဘယ်က ရထားမှန်း မသိဖြစ်နေလို့ပါ... အခမဲ့လား ရောင်းတဲ့ app လားမှန်းလည်း မသိပါ...

နောက်ထပ် လူသုံးများတဲ့ app တစ်ခုက torque ပါ... ဒီ app လေးကတော့ play store ပေါ်မှာ free version အနေနဲ့ download လုပ်ပြီးသုံးနိုင်ပါတယ်... torque ကို ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်...

ဒီလိုပြနေတဲ့ screen မှာ menu ခလုတ်ကို နှိပ်ပြီး Vehicle Profile မှာ ကိုယ့်ကားကို ရွေးထည့်ပါ... Settings ကိုလည်း ချိတ်ညှိနိုင်ပါတယ်... ချိန်ညှိမှုတွေ ပြီးရင်တော့ Realtime Information ကို နှိပ်ပါ... 

ရပ်ထားတဲ့ကားမှာ ဆိုရင်တော့ OBD II scanner နဲ့ OBD app ချိတ်မိလား မချိတ်မိလား သိချင်ရင်တော့ rpm က 0 မဟုတ်ဘဲ သုညထက်ကြီးလား စစ်ပါ... သုညထက်ကြီးတဲ့ ဂဏတ်းပြနေရင်တော့ ချိတ်မိပြီး အလုပ်လုပ်နေပါပြီ... အဲဒီ ဒိုင်ခွက်ပုံလေးတွေ လိုတိုး ပိုလျော့လုပ်ချင်ရင်တော့ အပေါ်က ပုံလို ပေါ်နေတဲ့ screen အခြေအနေမှာ menu နှိပ်ပြီး Add Display ကနေ ထည့်နိုင်ပါတယ်...

အဆင်ပြေချောမွေ့ကြပါစေလို့ ဆုတောင်းပေးပါတယ်...

ချစ်ခြင်းအားဖြင့်

မောင်လှ

Comments

Ad