
- ဂုံးကျော်တံတား ၂-ခုအား ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဆိုင်ကယ် စက်ဘီး သွားလာခွင့် ပိတ်ပင်မှုအား မန္တလေးထုတ် သတင်းစာ ဖတ်သည့် လူအနည်းစုသာ သိရှိကြပြီး ၇-ရက်ခန့်သာ သတင်းစာထဲမှ ကြိုတင်ကြေငြာ... (သတင်းစာထဲ ပြန်ကြည့်တော့ ၁၇-ဒီဇင်ဘာ-၁၁ ထုတ် သတင်းစာမှသာ ကြေငြာချက် စတွေ့)
- ၃၅-လမ်း ဂုံးကျော် ပုံမှန် အသုံးပြုနေသော ဆိုင်ကယ်စီးသူများမှာ အနီးဆုံး ၃၆-လမ်းမှ ဂုံးကျော်ရှောင်ပြီးသွားရန်လိုအပ်သည်...
- ၃၆-လမ်း ပေါ် ၇၈-လမ်းနှင့် လမ်း-၈၀ လမ်းဆုံများမှာ ယခင်ကတည်းက ကား၊ ဆိုင်ကယ်၊ စက်ဘီး အရမ်းရှုပ်သည့် လမ်းဖြစ်ပြီး ယာဉ်ထိန်းရဲများ လမ်းရှင်းပေးမှု အားနည်းသည့် လမ်းဆုံများ ဖြစ်ပါသည်။
- ၃၅-လမ်းပေါ် လမ်း ၈၀ နှင့် ၈၁-လမ်း လမ်းဆုံများမှာလည်း လမ်းပိတ်ဆို့မှု ပိုမို ဖြစ်ပေါ်လာနိုင်....
- လမ်းပိတ်ဆို့မှုဖြေရှင်းလိုသည့် အတွက် ဂုံးကျော် တံတားများအား ဆိုင်ကယ်၊ စက်ဘီး အသုံးပြုခွင့် ပိတ်ပင်သည်ဆိုပါက ဆေးမီးတိုနှင့် ကုသည့် လုပ်ဆောင်ချက်ဟုသာ မြင်ပါသည်။
- ၂၆-လမ်းမှ ၃၅-လမ်း အတွင်း ၃၅-လမ်း ဂုံးကျော် တစ်ခုသာလျှင် အခမဲ့ အဆင်ပြေစွာ အသုံးပြုနိုင်သည့် အတွက်သာ ၃၅-လမ်း ဂုံးကျော်မှာ လမ်းပိတ်ဆို့မှု များနေရခြင်းသာ ဖြစ်သည်ဟု မြင်ပါသည်...
- မီးရထား ဘူတာရုံကို ဖြတ်ကျော် ဖောက်လုပ်ထားသည့် ဂုံကျော်များမှာ အတက်အဆင်း အဆင်မပြေခြင်း၊ ငွေကြေးကောက်ခံမှုများကြောင့် အသုံးပြုသူ နည်းပါးသည်။
- ၂၆-လမ်းနှင့် ၃၅-လမ်းကြားတွင် ၃၅-လမ်းကဲ့သို့ နောက်ထပ် ဂုံးကျော် ၁-ခု အနည်းဆုံး ဆောက်လုပ်မှသာလျှင် ၇၈-လမ်း အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း သွားလာမှု ပိုမို အဆင်ပြေမည်ဟု မျှော်လင့်ပါသည်။
- ၃၅-လမ်းဂုံးကျော်တံတားတွင်
ဆိုင်ကယ် စက်ဘီး မဝင်ရ စာတမ်း သင်္ကေတ ရုပ်ပုံ ချိတ်ဆွဲထားခြင်း မရှိသေးဘဲ
ယာဉ်ထိန်းရဲ၊ စည်ပင်မှလူများဖြင့် သာ လမ်းရှင်းနေတာကို တွေ့ခဲ့ရပါတယ်...
-
၇၈-လမ်း လမ်း-၈၀ ကြား ၃၆-လမ်းကို အရှေ့မှ အနောက်သွား တစ်လမ်းမောင်း၊
၃၇-လမ်းကို အနောက်မှ အရှေ့သွား တစ်လမ်းမောင်း အဖြစ်ပြောင်းလဲကြောင်း ကြိုတင်ကြေငြာခြင်း မရှိဘဲ၊ မဝင်ရ
စာသား သင်္ကေတ ရုပ်ပုံ ချိတ်ဆွဲခြင်း မပြုထားဘဲ သတ်မှတ်ထားကြောင်း
သိရှိရပါတယ်...
My Labels: Mandalay News, Gossip, Myanmar, Burma