Skip to main content

iPhone 3GS နဲ့ ကျတော်...

iOS 4.1 တင် ထားတဲ့ ကျတော့်ရဲ့ iPhone 3GS လေး ဖုန်းပြောတာကြာရင် restart ကျတတ် လို့ရယ်၊ ဖုန်းသုံးရတာ လေးတာရယ်၊ နောက်ပိုင်းထွက် app အချို့တင်လို့ မရတာကြောင့် အခုနောက်ဆုံးထွက် ထားတဲ့ iOS 4.3.3 ကို တင်ဖြစ်ပါတယ်... iPhone လက်ထဲရောက်ပြီး  ပထမဆုံး အကြိမ် firmware မြှင့်ခဲ့တုန်းက အဆင်မပြေလို့ iSONIC က ရှမ်းလေး ပြန်ပေးခဲ့တာကို အခု upgrade မလုပ်ခင် အချိန် အထိ သုံးနေတာပါ... ကျတော့်ရဲ့ ပထမဆုံး iPhone firmware တင်တာ အောင်မြင်မှုကို မျှဝေပါရစေ...

ကျတော် သုံးနေတဲ့ iPhone 3GS က old bootroom ဖြစ်ပြီး baseband (သို့) Modem Firmware 06.05.00 (iPad baseband) ပါ...
iPhone 3Gs မှာ old bootrom လား new bootrom လားဆိုတာကို www.redmondpie.com နည်းနဲ့ စစ်ခဲ့ပါတယ်... ပထမအကြိမ် firmware တင်လို့ မရတာလည်း iPad baseband ပြောင်း ထားလို့ပါ... အဲဒါလည်း နောက်မှ forum တွေ ဖတ်ရင်း သိတာပါ... 06.05.00 bb ပြောင်းထားရင် apple ထုတ် stock firmware ကိုတင် လို့မရတော့ဘဲ ပြုပြင်ထားတဲ့ custom firmware ပဲတင်လို့ရတော့တယ် ဆိုတာပါ သိလာပါတယ်...

www.redmondpie.com မှာ sn0wbreeze ကို သုံးပြီး Apple stock firmware iOS 4.3.1 ကို သုံးပြီး custom firmware tutorial မြင်ကတည်းက ကျတော့ဖုန်းကိုလည်း upgrade လုပ်ဖို့ပါပဲ... ခရီးထွက် အလုပ် မအားတာနဲ့ မလုပ်ဖြစ်ဘဲ apple.com က ဒေါင်းထားတဲ့ iOS 4.3.3 firmware ကို သုံးပြီး မနေ့ကမှ gensanblog.com ကနည်း အတိုင်း custom firmware လုပ်ပါတယ်... Firmware ရတော့ အပြင်သွားစရာ ရှိတာနဲ့ sn0wbreeze ကိုပိတ်ပြီး အပြင်သွားပါတယ်... 

အပြင်ကပြန်ရောက်တော့မှ ဖုန်းကို DFU mode ထဲဝင်ပြီး iTune နဲ့ချိတ်ပြီး shift+restore လုပ်ပါတယ်... ဒါပေမယ့် 1600 error code ပြပြီး restore လုပ်လို့ မရကြောင်း ပြော ပါတယ်... ကျတော်သုံးတဲ့ iTune နိမ့်လို့ ဖြစ်နေတာထင်ပြီး iTune အသစ် ဒေါင်းလုပ်တော့လည်း အဲဒီဟာပဲ ပြပါတယ်... နောက်မှ စဉ်းစားမိတာက sn0wbreeze ကပြောတဲ့ အဆင့်နဲ့ DFU mode ကိုဝင်ခဲ့တာမဟုတ်တာဆိုတာကို သွားတွေ့ပါတယ်... iREB rc4 နဲ့ DFU mode ကိုဝင်၊ iTune မှာ shift+restore လုပ်မှပဲ firmware upgrade ကအောင်မြင် ပါတော့တယ်... Unlock ကိုတော့  www.redmondpie.com ကနည်းနဲ့ လုပ်ခဲ့ပြီး ပထမဆုံး အကြိမ် အောင်မြင်စွာ iPhone firmware မြှင့်နိုင်ခဲ့ကြောင်းပါ...



My Labels: iPhone, iOS, firmware upgrage, custom firmware, jailbreaking, unlock

Comments

TZA said…
သေချာနားမလည်ပေမယ့် အောင်မြင်စွာ မြှင့်လိုက်နိုင်တာကို ဝမ်းသာမိပါတယ် ဟဲဟဲ
Saytana said…
Please use Burmese fonts when you want to write in Burmese languages then only real Burmese can read it.

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install