gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Thursday, April 21, 2011

ကျတော်နဲ့ Nikon D7000 ကင်မရာ - ၁



သူငယ်ချင်း တစ်ယောက် ကျေးဇူးနဲ့ အရင်ကိုင်နေတဲ့ Nikon D200 + Tamron 18-200 lens နဲ့ Nikon D7000 နဲ့ အလိုက်ပေး လဲလိုက်ပါတယ်... အခုအချိန်အထိတော့ Nikon D7000 ကို အတော်လေး ကြိုက်မိနေပါတယ်... Nikon D7000 က D90 နဲ့ D300 ကြား level ကင်မရာအနေနဲ့ ထွက်ရှိလာတာပါ... camera body က Nikon D90 ထက် အနည်းငယ် ပိုကြီးပြီး D300 ထက် ပိုငယ်ပါတယ်... 16.2 MP DX-format CMOS sensor ကို အသုံးပြုထားပြီး ၁-စက္ကန့်ကို ၆-ပုံ အမြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး အဲဒီ အမြန်နှုန်းနဲ့ ပုံ၁၀၀ အထိ မနားတမ်း ဆက်တိုက် ရိုက်ကူးနိုင်ပါတယ်... SD memory ကဒ် ၂-ကဒ် ထည့်သွင်းနိုင်ပြီး ပထမ ၁-ကဒ် ပြည့်မှ နောက် ၁-ကဒ်မှာ ပုံတွေ သိမ်းနိုင်သလို တပြိုင်းတည်း ကဒ် ၂-ကဒ်စလုံးမှာ ပုံတွေ သိမ်းနိုင်ပါတယ်... ပထမကဒ်မှာ RAW ဖိုင်သိမ်းပြီး ဒုတိယကဒ်မှာ JPG ဖိုင်သိမ်းနိုင်ပါတယ်... ဒါမှ မဟုတ် ဓာတ်ပုံကို ၁-ကဒ်မှာသိမ်းပြီး Video ကို နောက် တစ်ကဒ်မှာ သိမ်းနိုင်ပါတယ်... 
Nikon D7000 မှာ 1080p HD Movies ရိုက်ကူးနိုင်ပြီး ဗီဒီယို ရိုက်ကူးရာမှာ Auto Focus ရတဲ့ ပထမဆုံး Nikon DSLR camera က D3100 ဖြစ်ပြီး အခု D7000 က ဒုတိယပါ... ကျတော် စမ်းကြည့်တာ AF-S lens သာမက AF lens တွေပါ auto focus လုပ်ပါတယ်... AF lens နဲ့ auto focus လုပ်ပြီး movie ရိုက်ရင် lens motor လည်သံတွေ ဗီဒီယိုထဲ ပါပါတယ်... HD ဖြစ်လို့လားတော့ မသိ.. ရုပ်ထွက် အလွန်ကောင်းပါတယ်... movie ရိုက်ကူးရာမှာ တဆက်တည်း ရိုက်ကူးမယ်ဆို မိနစ်-၂၀ အထိပဲ ရိုက်ကူးလို့ရပါတယ်... Nikon D7000 ရဲ့ movie quality ကို ကြည့်ချင်ရင်တော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်...

ISO 100-6400 အထိ ပြောင်းလဲ ရိုက်ကူးနိုင်ပြီး ISO 25600 အထိကို ရိုက်ကူးလို့ရပါတယ်... ISO မြှင့်လိုက်လို့ ဖြစ်ပေါ်လာတဲ့ noise တွေကို တော်လေး လျော့ကျအောင် လုပ်ထား ပေးတာ တွေ့ရပါတယ်... ကျတော် ISO ပြောင်းပြီး စမ်းရိုက်ထားတဲ့ ပုံတွေကို ယှဉ်ကြည့်ပါဦး...














ဓာတ်ပုံတွေ မမြင်ရပါက http://www.facebook.com/photo.php?fbid=10150164376724784&set=a.381887164783.159460.691314783&type=1 မှာကြည့်နိုင်ပါတယ်...

 

Nikon D7000 Specifications
Image Sensor: 16.2 million effective pixels.
Metering: Matrix, centre-weighted metering and spot.
Effective Sensor Size: 23.6×15.6mm CMOS.
A/D processing: 12/14-bit.
35 SLR Lens Factor: 1:5x.
Compatible lenses: Nikon F mount (with AF contacts).
Exposure Modes: Auto, Program AE, shutter and aperture priority, manual.
Shutter Speed: Bulb, 30 to 1/8000 second, Bulb. Flash sync: 1/250-1/320 sec.
Memory: SD/SDHC/SDXC cards.
Image Sizes (pixels): 4928×3264 to 2464×1632. Movies: 1920×1080 to 640×480 at 24/25/30fps.
Viewfinders: Eye level pentaprism, 7.5cm LCD (921,000 pixels).
File Formats: NEF (RAW), NEF (RAW)+JPEG, JPEG, MPEG4.
Colour Space: Adobe RGB, sRGB.
ISO Sensitivity: Auto, 100 to 6400.
Interface: USB 2.0, AV, HDMI mini, DC input, external mic, remote.
Power: Rechargeable lithium ion battery, AC adaptor.
Dimensions: 132×105x77 WHDmm.
Weight: Approx. 690 g (with memory card and battery).


My Labels: Nikon D7000 review, Photography, Camera, gear

Friday, April 01, 2011

Yay.... Pyaw lite dar...

ကျတော် ရေးခဲ့တဲ့ နှစ်သက်မိတဲ့ iPhone Dictionary apps တွေ... ကြောင့် ဒီနေ့ ကျတော် Mac Pro ၁-စုံရယ်၊ iPhone 4 ရယ် လက်ဆောင်ရပါတယ်... ကျတော် အဲဒီ post ရေးပြီး နောက်ပိုင်းမှ Apple Apps Store ရဲ့ ရောင်းအား အကောင်းဆုံး Top Ten ထဲမှာ Ornagai ဝင်လို့ဆိုပြီး ထိန်လင်းရွှေက လက်ဆောင် အဖြစ် ဝယ်ပို့လိုက်တာပါ... iPhone 4 ကိုတော့ ထူးမြင့်နောင် က လက်ဆောင်ပေးတာပါ... သူ့ရဲ့ iDEFINED ရောင်းအား အဆ ၅၀ လောက်အထိ ရောင်းအားတက်သွားလို့ လက်ဆောင် ပေးတာပါတဲ့... ပျော်လိုက်ထှာ...



My Labels: aPriL fOol