gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

SONY NEX-3 / NEX-5 Camera Review

SonyStyle Magazine မှာ SONY NEX-3 / NEX-5 ကင်မရာကို မြင်ပြီး ကတည်းက SONY NEX camera တွေကို သဘောကျမိတာနဲ့ အင်တာနက်ထဲ လိုက်ရှာ ဖတ်မိပြီး ကျတော် သဘောကျမိတာပါ… ကျတော်ကိုယ်တိုင် ဝယ်ယူဖို့ မတတ်နိုင်တာနဲ့ ကုမ္ပဏီမှာ အသုံးပြုဖို့ ဝယ်ယူခွင့်တင်ပြီး ဝယ်လိုက်တာပါ… တကယ် ဝယ်ယူခွင့်လည်းပြုရော ရန်ကုန် SONY Expo 2010 မှာ ပြခဲ့တယ်ဆိုတဲ့ ဒီကင်မရာတွေကို Sony Showroom ကို မေးကြည့်တော့ မတင်သေးပါဘူး… ပွဲအတွက် နမူနာ သွင်းလာတာတဲ့… တကယ် မထွက်သေးဘူးလို့ showroom က ပြောပါတယ်… ရန်ကုန် Sony Showroom အထိ ဖုန်းဆက်မေးတာ ကျတော့်မှာ အရူး ၁-ယောက်လို ဖြစ်လို့… ဒါနဲ့ ဟိုဟို ဒီဒီ လိုက်မေးထားရင်းနဲ့ ကံကောင်းစွာနဲ့ Technoland ကို SONY NEX-3 ကင်မရာ 16mm f/2.8 lens ရောက်လာနဲ့ ဝယ်ဖြစ်သွားတာပါ… အင်တာနက်ထဲမှာ SONY NEX-3 ကင်မရာကို 16mm f/2.8 Lens နဲ့ဆို USD550 ဝန်းကျင်ခန့်ရှိပြီး 18-55mm f/3.5-5.6 OSS  lens နဲ့ဆို USD600 ဝန်းကျင်ဈေး ရှိပါတယ်… စင်္ကာပူမှာ SONY NEX-3 + 16mm + 18-55mm ကို SGD1200 ဝန်းကျင်နဲ့ရောင်းပါတယ်… တတ်နိုင်ရင်တော့ lens ၂-ခုနဲ့ဟာ ဝယ်ရင် ပိုကိုက်တယ်လို့ ထင်ပါတယ်… 


ဒီ SONY NEX-3 ကင်မရာ ကျတော့် လက်ထဲရောက်တာ ၂-ရက်ပဲ ရှိသေးတယ်ဆိုတော့ သိပ်တော့ အထာမကျသေးပါဘူး… ဥပမာ - Manual Exposure မှာ Shutter Speed နဲ့ Aperture ပြောင်းရ ခက်တာမျိုးပေါ့… အင်တာနက်က ဖတ်ထားတာတွေရယ်၊ ကင်မရာဘူးထဲက ပါလာတဲ့ Handbook ထဲက ဖတ်ထားတာတွေရယ်၊ ကျတော် SONY NEX-3 ကင်မရာကိုင်ရင်း သိသလောက်လေးတွေကို ဥာဏ်မှီသလောက် ဝေမျှ ပါရစေ…

Olympus / Panasonic တို့ထုတ်လုပ် အောင်မြင်နေတဲ့ EVIL (Electronic Viewfinder Interchangeable) Micro Four-Thirds cameras လိုင်းထဲကို Sony Alpha NEX-3 နဲ့ NEX-5 ထုတ်လုပ်ပြီး ဝင်ရောက်ခဲ့တယ်… ဒီ NEX-3/NEX-5 ကင်မရာ အရွယ်အစားဟာ DSLR ကင်မရာတွေထက် ပိုသေးပြီး Point-n-shoot camera / Prosumer camera အရွယ်အစားထက် အနည်းငယ်ကြီးပါတယ်… Sony Alpha DSLR ကင်မရာ တွေမှာ အသုံးပြုတဲ့ APS-C sensor ကို သုံးထားတာ ဖြစ်တဲ့အတွက် DSLR တွေရဲ့ ပုံထွက်ကိုမှီပြီး ဓာတ်ပုံရိုက်တာအပြင် HD video ကိုပါ ရိုက်ကူးနိုင်ပါတယ်… ကျတော် လေ့လာမိသလောက်က NEX-3 နဲ့ NEX-5 ရဲ့ ပထမ ကွာခြားချက်ကတော့ NEX-3 ကို polycarbonate
နဲ့ပြုလုပ်ထားပြီး NEX-5 ကိုတော့ magnesium alloy နဲ့ပြုလုပ်ထားပါတယ်… ဒုတိယ ကွားခြားချက်ကတော့ NEX-3 က HD video ရိုက်ကူးရာမှာ 720p HD video ကို stereo sound နဲ့သာ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး NEX-5 ကတော့ 1080i HD video ကို ရိုက်ကူးနိုင်ပါတယ်… တတိယ ကွာခြားချက်ကတော့ NEX-5 မှာ Wireless Remote Commander နဲ့ ရိုက်ကူးနိုင်ပေမယ့် NEX-3 မှာတော့ ဒီလုပ်ဆောင်ချက် မပါဝင်ပါဘူး…

SONY NEX-3 ကင်မရာကို အနက်ရောင်၊ အနီရောင်၊ ငွေရောင် ဆိုပြီး အရောင် ၃-ရောင်နဲ့ ထုတ်လုပ် ရောင်းချ နေပါတယ်… 14.2-magapixel ဓာတ်ပုံရိုက် ကူးပေးနိုင်တဲ့ Exmor™ APS HD CMOS sensor (23.4 X 15.6mm)  နဲ့ BIONZ image processor ကို အသုံးပြုထားပါတယ်… ဒီကင်မရာမှာ lens တွေ အလဲအလှယ်နဲ့ တပ်ဆင်နိုင်တဲ့ E-mount အမျိုးအစား ဖြစ်ပြီး Sony Alpha camera lens များကို တပ်ဆင်လိုပါက ကြားမှာ adapater ခံပြီး တပ်ဆင်နိုင်ပါတယ်… Alpha lens များအပြင် Nikon, Canon Lens များကိုလည်း သက်ဆိုင်ရာ lens adapater ခံပြီး တပ်ဆင် အသုံးပြုနိုင်ပါတယ်…

ISO 200 ကနေ 12800 အထိ ပြောင်းလဲ ရိုက်ကူးနိုင်ရုံသာမက ISO ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ Auto ISO စနစ်လည်း ပါဝင်ပါတယ်… Focus စနစ်မှာလည်း Auto Fous, Manaual Focus အပြင် DMF လို့ခေါ်တဲ့ Auto Focus ဖြတ်ပြီးတဲ့အချိန်မှာ focus စိတ်ကြိုက် ပြန်လည်ချိန်ညှိနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်… 16mm လိုမျိုး တစ်လုံးထိုး Lens (Fixed Lens or Singale focus lens) တပ်ဆင် အသုံးပြုပါက အဝေးက အရာဝတ္တုများကို ဆွဲယူရိုက်ကူးနိုင်တဲ့ Precision Digital Zoom စနစ်ပါပါတယ်… ဒီ NEX ကင်မရာမှာ built-in flash မပါဝင်ဘဲ… ထပ်တပ်လို့ရတဲ့ flash လေးကို ကင်မရာနဲ့အတူ ဘူးထဲမှာ တစ်ခါတည်း ထည့်ပေးထားပါတယ်… ပြင်ပအလင်းပေါ် မူတည်ပြီး LCD brightness ကို အလိုအလျောက် ချိန်ညှိပေးတဲ့ စနစ်ပါဝင်ပြီး LCD ကို အထက်/အောက် ၂၅ဒီဂရီခန့် စောင်းနိုင်ပါတယ်… TV ပေါ်မှာ ဓာတ်ပုံ၊ ဗီဒီယိုများ ချိတ်ဆက်ကြည့်ရှုဖို့အတွက် HDMI port ပါဝင်ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ USB port ပါ ပါတယ်…

Sweep Panorama function ပါဝင်တဲ့အတွက် panorama ပုံများ ရိုက်ကူးရာမှာ shutter ခလုတ်ကို ၁-ချက် နှိပ်ပြီးတာနဲ့ မနှေး မမြန်လေး ရွှေ့လျား ရိုက်ကူးလိုက်တာနဲ့ အဆင်သင့် ပေါင်းစည်းပြီးသား panorama ပုံများကို ရရှိပါတယ်… firmware version 2 ဆိုပါက 3D Sweep Panorama funtion ထပ်တိုးလာမှာဖြစ်ပြီး ယင်း function နဲ့ရိုက်ကူးထားတဲ့ပုံများကို 3D TV များမှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်…

JPEG File format ရော RAW file format နဲ့ပါ ရိုက်ကူးနိုင်ပါတယ်… ဓာတ်ပုံ ration အနေနဲ့ 3:2 အပြင် 16:9 ပါ ပြောင်းလို့ရပါတယ်… ကင်မရာထဲမှာပင် Auto HDR ရိုက်ကူးပေးနိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်လာပါတယ်…  ရိုက်ယူနေတဲ့  subjects ထဲက မျက်နှာတွေကိုရှာဖွေ စစ်ဆေးကာ focus, exposure, white balance စတာတွေကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ Face detection စနစ်၊ ကင်မရာဘက်ကို လှည့်ပြုံးပြလိုက်တာနဲ့ အလိုအလျောက်ရိုက်ကူး ပေးနိုင်တဲ့ Smile Shutter စနစ်တွေလည်းပါဝင်ပါတယ်…

ရိုက်ကူးနိုင်တဲ့ shoot mode တွေကတော့ Intelligent Auto, Program Auto, Aperture Priority, Shutter Priority, Manual Exposure, 3D Sweep Panorama (ဒီလုပ်ဆောင်ချက်က firmware version 2 မှာမှ စပါပါတယ်), Sweep Panorama, Anti Motion Blur, Scene Selection mode တွေပါဝင်ပါတယ်… ဓာတ်ပုံရိုက်ကူးရာမှာ normal mode မှာ 2.3fps နဲ့ရိုက်ကူးနိုင်ပြီး speed priority mode မှာဆိုရင်တော့ 7fps အထိ ရိုက်ကူးနိုင်ပါတယ်... ဓာတ်ပုံ၊ ဗီဒီယိုများ သိမ်းဆည်းဖို့အတွက် MS Duo Pro, SD, SDHC, SDXC memory card တွေ ထည့်သွင်း အသုံးပြုနိုင်ပါတယ်…

အားနည်းချက်အနေနဲ့ကတော့ lens ဖြုတ်လိုက်ရင် sensor ကို တိုက်ရိုက် ထိမိခိုက်မိနိုင် ပျက်စီးနိုင်ပါတယ်… lens အလဲအဖြုတ်လုပ်ရင်း sensor မှာ ဖုန်မှုန့်များ အလွယ်တကူ ကပ်နိုင်ပါတယ်… ကျတော့် ကိုင်နေတဲ့ Nikon D200 မှာ အသုံးများတဲ့ လုပ်ဆောင်ချက်တွေကို menu system ထဲဝင်စရာ မလိုဘဲ ခလုတ်များနဲ့ အလွယ်ကူ ပြောင်းနိုင်ပေမယ့် ဒီကင်မရာမှာတော့ ခလုတ်အနည်းငယ်သာ ပါဝင်တဲ့အတွက် တစ်ခုခ ပြောင်းချင်တိုင်း menu system ထဲဝင်ပြောင်းစရာလိုတဲ့ အတွက် အချိန်ပို ကုန်ပါတယ်… ဒါပေမယ့် DSLR ပုံထွက် မှီပြီး အလွယ်တကူ ပေါ့ပေါ့ပါးပါး သယ်လို့ရလို့ ကျတော်တော့ SONY NEX-3 camera ကို နှစ်သက်မိကြောင်းပါ…  


အောက်မှာ ပြထားတဲ့ ဓာတ်ပုံ ၂-ပုံက Sony NEX-3 နဲ့ရိုက်ထားတာပါ... ဓာတ်ပုံပေါ် ကလစ်ခေါက်ကြည့်ရင် ပုံကြီးကို ကြည့်နိုင်ပါတယ်...

SONY NEX-3 ISO200 16mm f/10 30sec
SONY NEX-3 ISO200 16mm f/7.1 30sec
Sony NEX-3 နဲ့စမ်းရိုက်ထားတဲ့ HD video ပါ...

more info:
My Labels: Myanmar Photography, Sony Alpha NEX Camera, Camera Review, Photo, Mandalay, Myanmar, Burmese

Comments

Unknown said…
အကိုရေ Sony DSLR-A230 အကြောင်း အားရင် နည်းနည်းရှင်းပြပေးပါလား။ ကျွန်တော်က အခုမှ Camera ကို စသုံးမှာ..အလင်း၊အမှောင် ချိန်တာတွေ Shutter Speed တွေ ဘာမှသေချာ နားမလည်သေးလို့ပါ။ Instruction ဖတ်ပေမယ့် မရှင်းလို့ပါဗျာ။ အစ်ကို့လို ပုံထွက်လှလှလေးတွေ ရိုက်ချင်လို့ပါ။
MgHla said…
Program Mode နဲ့စပြီး စမ်းရိုက်ကြည့်ပါလား... ဓာတ်ပုံရိုက်နည်း အခြေခံ နည်းစနစ်တွေကို http://digital-photography-school.com/ မှာ ဖတ်ကြည့်ပါလား...
Unknown said…
ဟုတ်ကဲ့၊ အခုလိုပြန်လည်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျား။ သွားဖတ်ကြည့်လိုက်ပါ့မယ်၊၊
Anonymous said…
ကိုမောင်လှ ရေ...
ကျွန်တော် DSLR ၀ယ်ချင်လို့  Canon EOS550D နဲ့  Nikon 3100D နှစ်မျိုး ထဲက ဘယ်ဟာ ကို ၀ယ်သင့်လဲ အကြံ ပေးနိုင်ရင် ပေးစေချင်ပါတယ်...
ကျွန်တော် ဘယ်ဟာဝယ်ရင် ကောင်းမလဲ မသိဘူး ဖြစ်နေလို့ ပါ..... ကျေးဇူးတင်ပါတယ်.....
ကိုမိုး (စင်ကာပူ)
MgHla said…
@Sakura Moe ခင်ဗျား...
Canon နဲ့ Nikon ဘယ်ဟာရွေးရမလဲ ရွေးလာတော့ Nikon ကြိုက်တဲ့ ကျတော်က Nikon ရွေးပါလို့ ပြောမိလိမ့်မယ်ဗျ... ကိုယ့်ဘာသာကို ဆုံးဖြတ်ပြီး ကိုယ်ကြိုက်တာသာ ဝယ်ပါ... ပြီးတော့ DSLR ကိုင်တဲ့ သူငယ်ချင်း မိတ်ဆွေရှိရင် သူတို့နဲ့ပါ တိုင်ပင်ပြီးဝယ်ပါ လို့သာ အကြံပေးပါရစေ...
Moe said…
အကို မောင်လှ

ကျနော် Sony Alpha 58 ၀ယ်ထားပါတယ်။ Lens က 18-55 ပါ။ ကျနော်က အခုမှ DSLR ၀ယ်ဖူးတာပါ။ Lens ကို နီးနီးဆွဲလို့ကောင်းတဲ့ဟာ ထပ်လိုချင်ပါတယ်။ အရမ်းမကြီးပဲ အလယ်အလတ်လောက်ပါ။ ဈေးအများကြီးလည်း မတတ်နိုင်လို့ ebay မှာရှာပါတယ်။ တွေ့ပါတယ်။ ဒါပေမယ့် ဘယ်လိုအမျိုးအစားတွေက ကျနော်ဝယ်ထားတဲ့ အမျိုးအစားမှာ တပ်လို့ရတယ် မရဘူးဆိုတာ ကျနော်မသိပါဘူး။ sony ကထုတ်တဲ့ lens တွေပဲ တပ်လို့ရတာလား။ ဒါမှမဟုတ် တစ်ခြားက ထုတ်တဲ့ lens တွေကို sony မှာ တပ်လို့ရတာပါလား။ တစ်ခြားတံဆိပ်နဲ့ sony lens လို့ပါပေမယ့် alpha 58 မှာ တပ်လို့ရလားခင်ဗျာ။ ကျနော့်ကို ကူညီဖြေကြားပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Ad