Skip to main content

Adobe Photoshop Lightroom 3 ထွက်ပါပြီ...

ဓာတ်ပုံ သမားတွေ အသုံးများတဲ့ ကျတော် သုံးနေကျ ဖြစ်တဲ့ Adobe Photoshop Lightroom 3 ထွက်ပါပြီ... Adobe Photoshop Lightroom နဲ့ Adobe Photoshop ၂-ခု မတူပါဘူး... Adobe Photoshop Lightroom က ဓာတ်ပုံများ ပြင်ဆင်ချိန်ညှိဖို့ အတွက် သီးသန့်  ထုတ်ထားတာပါ...  မနေ့ကမှ LR3 ထွက်တာကို သိပြီး မရမက ဒေါင်းလုပ် လုပ်ပြီး အခု စမ်းသုံးကြည့်နေပါတယ်... အခု အသစ်ထွက်လာတဲ့ LR3 မှာ  ကျတော် စမ်းသုံးပြီးသလောက် ကြိုက်မိတာ ၂-ခု ရှိပါတယ်... 

ပထမ လုပ်ဆောင်ချက်ကတော့ noise reduction စနစ်ပါ... noise reduction စနစ်ဟာ အရင် LR 2.6.1 ထက်ကို ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်... ညဘက်တွေ ဓာတ်ပုံရိုက်တဲ့အခါ noise ကြောက်လို့ ISO လျော့ရိုက်ရစရာ မလိုတော့ဘဲ ISO အမြင့်မှထားရိုက်ပြီး LR3 က noise reduction စနစ်နဲ့ noise တွေကို အလွယ်တကူ လျော့ချနိုင်ပါပြီ... နောက်ထွက်တဲ့ ကင်မရာတွေမှာ တော့ ကင်မရာကိုယ်တိုင်က noise တွေမပါအောင် လျော့ချပေးနိုင်ပါတယ်... ကျတော့် Nikon D200 မှာတော့ ISO400 မှာဆို ကျတော် မမြင်ချင်တဲ့ noise တွေ ပါနေပါတယ်...  အခုတော့ LR3 မှာတင် noise တွေကို မမြင်ရအောင် ချောမွေ့အောင် လျော့ချ ပေးပါတယ်...

ဒုတိယ လုပ်ဆောင်ချက်ကတော့ watermark တပ်တာပါ... LR3 မတိုင်ခင် အရင် LR (Lightroom) တွေမှာတုန်းက watermark တပ်တဲ့ လုပ်ဆောင်ချက် မပါပါဘူး... တပ်ချင်တယ်ဆို copyrighted ထဲမှာ သွားတပ်ရပါတယ်... အခုတော့ watermark တပ်တဲ့ လုပ်ဆောင်ချက် သီးသန့် ပါဝင်လာပါတယ်... watermark တပ်ရာမှာ စာ အပြင် ပုံနဲ့ပါတပ်လို့ရပါတယ်... စာနဲ့ watermark တပ်မယ်ဆိုရင် ကျတော်တို့ ကြိုက်တဲ့ font ရွေးချယ်နိုင်တဲ့ အပြင် shadow, opacity, proportional နဲ့ watermark တပ်ဆင်လို့တဲ့ နေရာတွေကို ရွေးချယ်နိုင်ပါတယ်...
LR3 မှာပါဝင်တဲ့ အခြား လုပ်ဆောင်ချက်တွေ အကြောင်းကို သိချင်ရင်တော့ ဒီနေရာမှာ သွားရောက် ကြည့်ရှုနိုင်ကြောင်းပါ...

My Labels: Photograpy, Photo Editing Software, Microsoft Windows, Macintosh  Max OS X snow leopard

Comments

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်