photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Thursday, April 01, 2010

နှုတ်ဆက်ခဲ့ပါတယ်... ကျတော် သွားတော့မယ် ဟိုး... အဝေးဆီ...

ဒီ 2010 ခုနှစ်ဟာ ကျတော့်ကို အလုပ်အရမ်းရှုပ်စေတယ်... stress အရမ်းများစေတယ်... အဆင်မပြေမှုတွေကို များစွာ ဖြစ်ပေါ်စေတယ်... အလုပ်မှာ အဆင်မပြေမှုတွေရော... လူမှုရေးမှာ အဆင်မပြေမှုတွေရော... အပေါင်းအသင်းတွေ ကြားမှာ အဆင်မပြေမှုတွေရော... အွန်လိုင်းပေါ်မှာ တွေ့ကြုံရတဲ့ အဆင်မပြေမှုတွေရောပေါ့... အဆိုးဆုံးတွေက မတ်လထဲမှာ ဖြစ်လာတယ်... လဆန်းမှာကို laptop ပျက်တယ်... အခုထိကို ပြင်လိုက် ပျက်လိုက်... မိဘ ဆွေမျိုး အကြီးအကဲတွေရဲ့ ငြိုငြင်မှုတွေလည်း ခံခဲ့ရတယ်... ဆက်မပြောပြချင်တော့ပါဘူးဗျာ... အဆင်မပြေမှုတွေ များစွာပေါ့... မီးကလည်းပျက်၊ အင်တာနက်ကလည်းပျက်၊ ရေကလည်းပျက်၊ ပျက်စီးမှု အမိုက်ပုံမှာ နေမိတဲ့ ကျတော်ကိုး... ကိုသခင်ကြီးရဲ့ ဘဝကို အားကျတယ်... ညီလင်းဆက်ရဲ့ ဘဝကို အားကျတယ်... သူတို့ ၂-ယောက်လို လွတ်လပ်စွာ နေချင်တယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းတော်တဲ့လူတွေကို အားကျတယ်ဗျာ...
ဒီလောကမှာ မောင်လှ လို့အမည်ခံထားတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်... လူတွေ အကျိုးရှိမယ့် စာနည်းနည်း ရေးခဲ့ဖူးသလို... အရေမရ အဖတ်မရ စာတွေ အများကြီး ရေးခဲ့ဖူးတဲ့ မောင်လှ ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ် ဆိုတာ ခင်ဗျားတို့ တိုက်ဆိုင်မှု ရှိတိုင်း မှတ်မိနေရင် ကျတော် ကျေနပ်ပြီ... ဆက်တိုက် ဆက်တိုက်ဖြစ်နေတဲ့ အဆင်မပြေမှုတွေကို ကျတော် မခံစားနိုင်တော့ဘူး... အဖန်ငါးရာငါးကမ္ဘာ ခံရမယ့် လမ်းစဉ်ကိုပဲ ကျတော် လိုက်တော့မယ်... ကျတော့် သူငယ်ချင်းက http://blog.MgHla.net ကို သက်တမ်း ဆက်မတိုးဖြစ်တော့လို့   http://blog.MgHla.net နဲ့ ဝင်လို့မရတော့ရင် http://mghla.blogspot.com ကနေ ဆက်ဝင်ကြည့်ပေးကြပါဗျာ... Google က ဖျက်မှသာ http://mghla.blogspot.com ပျက်ပါလိမ့်မယ်...

5 comments:

Ko Nyan said...

ကိုမောင်လှ၊
ခင်ဗျား အတော်နောက်တဲ့လူဗျာ။ အစကတော့ ဖတ်နေရင်း တစ်မျိုးဖြစ်နေတာ။ ဘယ်တုန်းကများ ရေးခဲ့ပါလိမ့်ဆိုပြီး ရက်စွဲကို ကြည့်လိုက်မိခါမှ သဘောပေါက်သွားတော့တယ်။ ပထမအခေါက် ဖတ်တုန်းကတော့ တကယ်ပဲ ၀မ်းနည်းသွားပါတယ်။ အခုတော့ သဘောကျပြီး ရယ်နေမိတယ်။ :D

thaingarra said...

Blogspot ကို ပြန်ပြောင်းတော့မယ် ပြောတာလား

ခင်ဗျာ ...

အစွဲအလမ်း ကြီးတဲ့ မန္တလေး သား ဆိုပြီး

ကြားဖူးနေတာပါ အစ်ကိုမောင်လှ ခင်ဗျား ...

အဆင်ပြေတဲ့အခါ လာလည်ဖို့လည်း ဖိတ်ချင်ပါတယ် ။

ကျော်ဖို့ လိုရင်လည်း ကျော်ပြီး လာရမှာပေါ့ ခင်ဗျာ ...

သိပ်တော့ အခက်ကြီး မဟုတ်ပါဘူး အစ်ကို ... :)

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုမောင်လှကလည်းလေ
မကျော်ဘဲရေးလို့ရနေတဲ့နေရာမှာ ရေးကြည့်ပါလား..
အခု ကျွန်မတို့ရေးနေတဲ့နေရာဆိုရင် မြန်မာပြည်ကနေကျော်စရာမလိုဘူးလေ..
အေးဆေးလေးရေးလို့ရပါတယ်..
အဖန်၅၀၀ခံရမဲ့ကိစ္စတော့မလုပ်ပါနဲ့..း)
ကိုသိင်္ဂါရတောင် ဒါလေးနဲ့ ရေးနေတာပါ..
သူလဲအဆင်ပြေနေသားပါဘဲ..

ငစနေ said...

ဂျပန်ငါးရာနဲ့ ငါးခါခံရမယ့်ကိစ္စတော့ဖြင့် မလုပ်ပါလေနဲ့ကမောင်လှရေ ... :D

မောင်လှ said...

April Fool လုပ်ထားတာပါခင်ဗျား...