My Labels: Photos, Rural
Friday, April 30, 2010
Wednesday, April 28, 2010
Tuesday, April 20, 2010
ဟိုတစ်တို့... ဒီတစ်တို့...
Posted by
MgHla မောင်လှ
at
1:28 pm
ဟိုတစ်တို့... ဒီတစ်တို့...
My Labels: Max OS, Windows, Date and Time, Microsoft Excel 2007, default font
Mac OS X နဲ့ Windows ဘက်မှာ အချိန်မတူတဲ့ ပြသနာကို windows ဘက်မှာ run ကနေ regedit ရိုက်ထည့်ပြီး HKLM\SYSTEM\CurrentControlSet\Control\TimeZoneInformation ကိုသွား... RealTimeIsUniversal ဆိုတဲ့ DWORD အသစ်တည်ဆောက်ပြီး value ကို 1 ပေး... restart ချလိုက်... ပြန်တက်လာတဲ့အချိန် windows ဘက်မှာ အချိန် မှန်သွားရော...
ဟိုတစ်တို့... ဒီတစ်တို့...
Microsoft Excel 2007 မှာ အသစ်ဖွင့်လိုက်တိုင်း font က Calibri လို့ပေါ်နေတယ် မဟုတ်လား... အဲဒါကို ကိုယ်ကြိုက်တဲ့ font ပြောင်းလို့ ရပါတယ်... Office button ကိုနှိပ် Excel Options ကို click နှိပ်ပါ... When creating new workbooks အောက်မှာရှိတဲ့ Use this font မှာ ကိုယ်ပြောင်းချင်တဲ့ font ကို ပြောင်းပြီး OK နှိပ်ပါ...
For your changes to the standard font to take effect, you must quit and then restart Microsoft Office Excel လို့ပြလာရင် OK နှိပ်ပါ... ဒီ message မပြရင်တော့ font တကယ်ပြောင်းသွားမှာ မဟုတ်ဘဲ အရင် font ပဲဖြစ်နေမှာပါ...
Excel ထဲက ထွက်ပြီး ပြန်ဝင်ရင် Calibri font နေရာမှာ ကိုယ်ပြောင်းခဲ့တဲ့ font ဟာ ပုံမှန်ပေါ်နေပါလိမ့်မယ်...
My Labels: Max OS, Windows, Date and Time, Microsoft Excel 2007, default font
Saturday, April 03, 2010
Rows အလိုက်ထည့်ထားတဲ့ data တွေကို Columns အလိုက်ပြောင်းခြင်း
Posted by
MgHla မောင်လှ
at
11:31 am
Microsoft Excel မှာ အပေါ်က ပုံထဲက အတိုင်း row အလိုက် ထည့်ထားတဲ့ Data တွေကို အောက်မှာပြထားတဲ့ ပုံအတိုင်း column အလိုက် ဖြစ်ချင်တယ်ဆိုရင် လုပ်တဲ့နည်းက လွယ်ပါတယ်။
1. cell တွေကို select ပေးပါ။
2. copy ကူးပါ။
3. လိုချင်တဲ့နေရာမှာ selector ချပြီး right click နှိပ်ပါ။
5. ပေါ်လာတဲ့ pop menu ထဲမှ Paste Special ကို click လုပ်ပါ။
အောက်မှာပြထားတဲ့ ပုံအတိုင်း Paste Special diaglog box ပေါ်လာပါလိမ့်မည်။
6. Transpose ၏ ဘယ်ဘက်တွင် ရှိသော check box ထဲတွင် အမှန်ခြစ် လေးပေါ်အောင် click လုပ်ပြီး OK ကို နှိပ်ပါ။ row အလိုက် ထည့်ထားသည့် data များ column အလိုက်ပြောင်းသွားသည်ကို တွေ့ ရပါလိမ့်မည်။
ဒီနည်းနဲ့ Columns အလိုက်ထည့်ထားတဲ့ data များကို Rows အလိုက် ပြောင်းနိုင်ကြောင်းပါ။
Thursday, April 01, 2010
နှုတ်ဆက်ခဲ့ပါတယ်... ကျတော် သွားတော့မယ် ဟိုး... အဝေးဆီ...
Posted by
MgHla မောင်လှ
at
1:00 am
ဒီ 2010 ခုနှစ်ဟာ ကျတော့်ကို အလုပ်အရမ်းရှုပ်စေတယ်... stress အရမ်းများစေတယ်... အဆင်မပြေမှုတွေကို များစွာ ဖြစ်ပေါ်စေတယ်... အလုပ်မှာ အဆင်မပြေမှုတွေရော... လူမှုရေးမှာ အဆင်မပြေမှုတွေရော... အပေါင်းအသင်းတွေ ကြားမှာ အဆင်မပြေမှုတွေရော... အွန်လိုင်းပေါ်မှာ တွေ့ကြုံရတဲ့ အဆင်မပြေမှုတွေရောပေါ့... အဆိုးဆုံးတွေက မတ်လထဲမှာ ဖြစ်လာတယ်... လဆန်းမှာကို laptop ပျက်တယ်... အခုထိကို ပြင်လိုက် ပျက်လိုက်... မိဘ ဆွေမျိုး အကြီးအကဲတွေရဲ့ ငြိုငြင်မှုတွေလည်း ခံခဲ့ရတယ်... ဆက်မပြောပြချင်တော့ပါဘူးဗျာ... အဆင်မပြေမှုတွေ များစွာပေါ့... မီးကလည်းပျက်၊ အင်တာနက်ကလည်းပျက်၊ ရေကလည်းပျက်၊ ပျက်စီးမှု အမိုက်ပုံမှာ နေမိတဲ့ ကျတော်ကိုး... ကိုသခင်ကြီးရဲ့ ဘဝကို အားကျတယ်... ညီလင်းဆက်ရဲ့ ဘဝကို အားကျတယ်... သူတို့ ၂-ယောက်လို လွတ်လပ်စွာ နေချင်တယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းတော်တဲ့လူတွေကို အားကျတယ်ဗျာ...
ဒီလောကမှာ မောင်လှ လို့အမည်ခံထားတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်... လူတွေ အကျိုးရှိမယ့် စာနည်းနည်း ရေးခဲ့ဖူးသလို... အရေမရ အဖတ်မရ စာတွေ အများကြီး ရေးခဲ့ဖူးတဲ့ မောင်လှ ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ် ဆိုတာ ခင်ဗျားတို့ တိုက်ဆိုင်မှု ရှိတိုင်း မှတ်မိနေရင် ကျတော် ကျေနပ်ပြီ... ဆက်တိုက် ဆက်တိုက်ဖြစ်နေတဲ့ အဆင်မပြေမှုတွေကို ကျတော် မခံစားနိုင်တော့ဘူး... အဖန်ငါးရာငါးကမ္ဘာ ခံရမယ့် လမ်းစဉ်ကိုပဲ ကျတော် လိုက်တော့မယ်... ကျတော့် သူငယ်ချင်းက http://blog.MgHla.net ကို သက်တမ်း ဆက်မတိုးဖြစ်တော့လို့ http://blog.MgHla.net နဲ့ ဝင်လို့မရတော့ရင် http://mghla.blogspot.com ကနေ ဆက်ဝင်ကြည့်ပေးကြပါဗျာ... Google က ဖျက်မှသာ http://mghla.blogspot.com ပျက်ပါလိမ့်မယ်...
Subscribe to:
Posts (Atom)