gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

စံ-ဇာဏီဘိုရေးတဲ့ ခမည်းပေးခြင်း

2005-August တုန်းက မှတ်ထားတာလေးကို Zawgyi-One ပြောင်းပြီး ပြန်တင်တာပါ... ဒီလဆန်းက မွေးတဲ့ သမီးငယ်လေး အတွက် ခမည်း ဘာပေးရမလဲ သိချင်လို့ ပြန်ရှာတင်ထားတာပါ...


မောင်လှ ရေ . . .
ဆရာ စံ-ဇာဏီဘိုရေးတဲ့ ခမည်းပေးခြင်းတဲ့ မှတ်ထားဦးမှကွ . . .
ကလေးသည် မကြာခဏလန့်ခြင်း၊ အိပ်နေရာမှ ဆတ်ခနဲ့ဖြစ်ပြီး ကြောက်ရွံ့စွာ အော်ဟစ်ငိုခြင်း၊ မကြာခဏ ကျန်းမာရေး ချူချာပြီး ဆရာဝန် ဆေးဝါးနှင့် မပြတ်ခြင်း၊ အနည်းငယ်သာ အသားတက်လာလိုက် ချူချာလိုက် ပြန်ကျသွားလိုက်၊ ဆေးကုသလည်း မထူး၊ ဆေးမစူးဘဲ ရှိနေပြန်၊ အဓိပ္ပာယ်မဲ့ချူချာ အထက်ပါကဲ့သို့ ဖြစ်ရပ်များ “မွေးကင်းစအရွယ်မှာ စကားတီတီတာတာ ပြောတတ်သောအရွယ်” ထိုကြားကာလအရွယ်များတွင် ဖြစ်ပေါ်ပါက ခမည်းပေးသင့်ပါသည်။ ၄င်းအပြင်ခမည်းမပေးရသေးသော ကလေးများကိုလည်း ပေးသင့်၏။ ကလေးကျန်းမာရေးအတွက် ဆောင်ရွက်သော ရိုးရာဓလေ့ဖြစ်ပါသည်။ အပူရှိန်တက်ပြီး မှိန်းမောနေသော ကလေးတို့အား ချော့နေသော ဖခင်တို့ အပူပပျောက်စေခြင်းအလို့ငှာ ခမည်းပေးခြင်း နည်းစနစ်ကို တင်ပြအပ်ပါသည်။


တနင်္ဂနွေနေ့မွေးသောကလေး . . .
၎င်းကလေးများအတွက် မြရတနာ၊ မြေ၊ ပုတီးတို့ကို ခမည်းပေးရပါသည်။ ခမည်းပေးရမည့်သူသည် အင်္ဂါနေ့မွေးသောသူ ဖြစ်ရပါမည်။


တနင်္လာနေ့မွေးသောကလေး . . .
ရွှေ၊ လှေ၊ လယ်၊ ရေကန်၊ ၀က် အစရှိသည်တို့ကို စနေနေ့မွေးသောသူက ခမည်းပေးရပါမည်။
 

အင်္ဂါနေ့မွေးသောကလေး . . .
တနင်္ဂနွေနေ့မွေးသောသူမှ ကလေးအား ဘုရားပုံတော်၊ ပုလဲရတနာ ခမည်းလက်ဆောင်ပေးရပါမည်။
 

ဗုဒ္ဓဟူးနေ့မွေးသောကလေး . . .
ဗုဒ္ဓဟူးနေ့မွေးသောသူမှ ကြက်ဖဖြူ၊ မဟူရာ၊ စာကလေး၊ ငှက်တို့ ပေးရပါမည်။
 

ကြာသပတေးနေ့မွေးသောကလေး . . .
ပန်းအိုး၊ အိမ်၊ စက်၊ ဆေးတံ အစရှိသည်တို့ကိုသောကြာနေ့မွေးသူက ပေးရပါမည်။
 

သောကြာနေ့မွေးသောကလေး . . .
ရွှေလက်စွပ်၊ စက် အစရှိသည်တို့ကို ကြာသပတေးသားက ပေးရပါမည်။
 

စနေနေ့မွေးသောကလေး . . .
ဗုဒ္ဓဟူးနေ့မွေးသောသူက ကြက်အဖြူ၊ ခြံ၊ ရေတွင်း၊ အဖြူရောင်ဝတ်စုံ တစ်ခုခု ပေးရမည်။

My Labels: ခမည်း, baby, child, kha mae

Comments

MYO HAN HTUN said…
ကျွန်တော်လည်း ခမည်းလိုနေလို့ ကြာသပတေးသားက ပေးရမယ် ဆိုတော့ .. မောင်လှ ဆိုတော့ ကြာသပတေးသားလည်းဖြစ်နေပြန်ဆိုတော့ .. ကိုမောင်လှရေ .. ကျွန်တော့်ကို iMac 27" လေးတစ်လုံးလောက်နဲ့ ရွှေ ၁၀ သား ဘတ်ကြိုးတစ်ကုံးလောက် ခမည်းအဖြစ်ပေးပါ ဗျာ။ ဟီး ဟီး ဟီး
MgHla said…
ကျတော် ကြာသပတေးသားမှ မဟုတ်တာ... ကျတော့် နာမည်အရင်းက အင်္ဂလိပ်လို အစ စာလုံး H... L... A.. ကိုယူပြီး မြန်မာလို လှ ... မောင်လှ ဆိုပြီးပေးထားတာ...
MgHla said…
ကိုတိုးက မျိုးဟန်ထွန်းဆိုတော့ နေ့သင့် နံသင့် မှည့်ထားတာဆိုရင်တော့ ကြသပတေးသား ဖြစ်ရမယ်... ကျတော့်ကို အဖြူရောင်ပါတဲ့ ခမည်းပေးရမယ်ဆိုတော့ Mac Book Pro ခမည်းအဖြစ်ပေးပါလား... လိုချင်တာကတော့ Nikon D3X... ဒါပေမယ့် အနက်ရောင်တွေပဲ တွေ့ဖူးတယ်...

Ad