photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Friday, October 16, 2009

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်...
မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်...

ဒါနဲ့စကားမစပ်...
(Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်...

ဒါနဲ့စကားမစပ်... 
အောက်က ပေးထားတဲ့ link လေးတွေလည်း သွားကြည့်ပါဦး...

1 comment:

komyintmyat said...

ဒါနဲ့ စကားမစပ် ဒီနေ့မနက် ယောက္ခမကြီးက မနက်စာပြင်တယ်ဗျ....

ဒါနဲ့ စကားမစပ် ရုံးနဲ့ (၁၀)နှစ်စာချုပ် ချုပ်လိုက်တယ်ဗျ.....

ဒါနဲ့ စကားမစပ် ရန်ကုန်သားတွေကို ကြည့်လို့မရဘူးဗျ.....

ဒါနဲ့စကားမစပ် ဒုတိယအကြိမ် MNL ပွဲမှာ ရတနာပုံ FC ပဲ ဗိုလ်ဆွဲမှာဗျ......

ဒါနဲ့စကားမစပ် အခုတလော Mandalay FM နားထောင်ရတာ အဆင်ပြေနေသေးတယ်ဗျ.....

ဒါနဲ့စကားမစပ်...... မစပ်

ကျွန်တော်ကတော့ ရန်ကုန်သားပါခင်ဗျာ..... :D