ဪ.. ဒါနဲ့စကားမစပ်...
စုပေါင်း စပ်ပေါင်းဝယ်ထားတဲ့ hosting လေး high load ဖြစ်လို့ ၃-ရက် အပိတ်ခံလိုက်ရတယ်... ဒီနေ့မနက်မှ ပြန်ပွင့်တယ်... ဘာကြောင့် high load ဖြစ်မှန်း မသိသေးဘူး... ပိုက်ဆံမရှိတော့လည်း အားငယ်လိုက်တာ... ကိုယ်ပိုင် ဆာဗာ တစ်လုံးလောက် ထောင်ထားချင်ပါရဲ့... အခုအချိန်အထိ MyanTel ဘက်ကနေ ဝင်ရန် blog.MgHla.com ကို ဝင်လို့ မရသေးဘူး... ဆော်ဒီ အားကိုးရင်တော့ ဝင်လို့၇တယ်... ဘာကြောင့်မှန်း မသိဘူး...
ဪ.. ဒါနဲ့စကားမစပ်...
မန္တလေးမှာ လမ်းတွေတော်တော် များများ ပြန်ခင်းနေတဲ့ အတွက် လမ်းအကောင်းစားနဲ့ မန္တလေးမြို့ကြီး ဖြစ်နေပြီဗျ... ချိုင့်ခွက်ကြီး တွေနဲ့လမ်းတွေရော ချိုင့်ခွက်ငယ်တွေနဲ့လမ်းပါ ပြန်ခင်းနေတာဗျ...မြို့ထဲ down town ဧရိယာထဲက လမ်းတွေ အများဆုံး ပြန်ခင်းနေတယ်ဗျ...
ဪ.. ဒါနဲ့စကားမစပ်...
မနေ့က စားရေးဆရာ ဆရာဆူးငှက် စီစဉ် ရိုက်ကူးနေတဲ့ “ဗုံလေးလုံး သံစဉ်” ပွဲကို ရောက်ခဲ့သေးတယ်... နာမည်မှားကောင်း မှားနိုင်ပါတယ်... ကျတော့် ကို ဓာတ်ပုံ ရိုက်နည်း သင်ပေးတဲ့ ကိုဂျေ (ခ) သခင်ကြီး နဲ့ အတူ ဓာတ်ပုံတွေ ရိုက်ဖြစ်တယ်...


ဗုံလေးလုံး သံစဉ် -၀၁

ဗုံလေးလုံး သံစဉ် -၀၂

ဗုံလေးလုံး သံစဉ် -၀၃
6 comments:
လာဖတ်တယ်။
မင်းသမီးကြီးက ဘာသီချင်းနဲ့ ကနေတာပါလိမ့်။ “အသက်ကြီးပေမယ့် မပျက်စီးသေးပါမောင်ရယ်...”ဆိုလားပဲ :p
သြော်..ဒါနဲ့ စကားမစပ် အချို့ ရပ်ကွက်တွေမှာ မီး ၂၄ နာရီမှန်လျှက်ရှိကြောင်းပါ။
စကားမစပ် မန်းလေးမှာ လမ်းတွေကောင်းနေပီဆိုလို့ ဒီတခါပြန်ရင် စကိတ်စီးကျင့်အုံးမယ်။
ရန်ကုန်မြို့ကြီးအမှိုက်ပုံဖြစ်နေတဲ့အချိန် မန်းလေးမှာ လမ်းတွေလဲ ကောင်း... ကျွတ်ကျွတ်အိတ်စီမံကိန်းတွေဘာတွေနဲ့ဆိုတော့ မန်းလေးက ပိုမိုလှပ သန့်ရှင်းနေပလားဗျ။
ကိုမောင်လှရေ ကျွန်တော် ဂျပန်မပါ ... လာသွားတယ်နော် ...
Great blog!!
If you like, come back and visit mine: http://albumdeestampillas.blogspot.com
Thanks,
Pablo from Argentina
ကျမက ဒေါ်ခင်ဝင်းနွယ်ရဲ့ တပည့်တဦးပါ
ဆရာမနဲ့ ခွဲခွာခဲ့ရတာ၁၅ နှစ်လောက်ရှိပါပြီ၊
အခုလိုဆရာမရဲ့ ပညာကို
မှတ်တမ်းတင်နေတယ်ကြားရတော့ ၀မ်းသာပီတိ
ဖြစ်မိပါတယ်။ ဆရာမဆက်ခံတဲ့ ကဗျာလွတ်အကပညာ
ထာဝရတည်တံ့နိုင်ပါစေလို့ ဆုတောင်းပါတယ်
အခုလိုဓာတ်ပုံတင်ပေးတဲ့ ဒီblog ပိုင်ရှင်ကိုလဲအထူးကျေးဇူးတင်ပါတယ်ရှင်
Post a Comment