Skip to main content

မနေ့က...

မနေ့က ရုံးပိတ်သည်... ဘာကြောင့်ရုံးပိတ်ပါသနည်း... အာဇာနည်နေ့ ဖြစ်သောကြောင့် ရုံးပိတ်ရက် ဖြစ်လေသည်... မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး၊ တပ်မတော်ကို တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်များ လုပ်ကြံခံရသော ဇူလိုင်လ ၁၉-ရက်ကို အာဇာနည်နေ့ဟု သမှတ် ထားခြင်း ဖြစ်ပေသည်... အာဇာနည်နေ့ ဖြစ်သော ဇူလိုင်လ ၁၉-ရက်ရက်နေ့တွင် မိုးများ ဖွဲဖွဲလေး ရွာတတ်လေသည်... မနေ့ မနက်က အိပ်ယာထတော့ မိုးမရွာသေးသဖြင့် မိုးမင်းကြီးတောင် အာဇာနည်နေ့ကို မေ့ပြစ်လိုက်ပြီဟုတောင် ထင်မိသေး... မိုးမင်းကြီးသည်လည်း တင်းကြပ်သော အမိန့်အာဏာများကြောင့် မသိ မသာ ဖွဲဖွဲလေး တစ်နေကုန်နီးပါး ရွာပေးလေသည်... ဝမ်းနည်းစရာကောင်းသည်ကတော့ အိမ်များတွင် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် အလံတဝက် လွှင့်ထူထားခြင်းကို အိမ်အချို့တွင်သာ တွေ့ရတော့ ခြင်းဖြစ် ပေသည်...

Comments

Pinkgold said…
ရန်ကုန်မှာဆို အာဇာနည်ကုန်း တစ်ဝိုက်မှာ လမ်းတွေပိတ်ပြီး အစောင့်တွေ မတရား ချထားတာ အကိုရဲ့
little moon said…
အခမ်းအနားလေးကိုတောင် အဖြစ်လောက်ပဲ လုပ်ပေးတာကတော့ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်။ ဂျာနယ် မဂ္ဂဇင်းလေးတွေကို ပဲ ကျေးဇူးတင်ရမယ်။ (ဥပမာ Voice က ဖော်ပြပေးတဲ့ ဆောင်းပါး အဟောင်းလေးတွေ) သူများသမိုင်းကို ဖျက်ဖို့ သေးသိမ်အောင်လုပ်ဖို့ ကြိုးစားတဲ့လူတွေ သူတို့တွေကို ရော နောက်နောင်မှာ ဘယ်သူတွေက ဘယ်လောက် မှတ်မိနေမလဲ သမိုင်းမှာ နေရာဘယ်လောက် ရမလဲဆိုတာ စောင့်ကြည့်ရတာပေါ့ မှန်ကင်း တစ်လှည့် ထင်းတစ်လှည့်ပါ။
This comment has been removed by the author.
ကိုမောင်လှရေ...လေးစားပါတယ်။ အရေးအသားက ထိမိပါပေတယ်။ ကျနော်တို့ oversea မှာတော့ တတ်နိုင်သလောက် လုပ်နေကျလေရဲ့။ မမေ့ထိုက်သူများကို မမေ့ခြင်းဟာ မင်္ဂလာတပါးပါ။ မင်္ဂလာ မရှိသူများကတော့ မင်္ဂလာယူတတ်မှာ မဟုတ်ပါဘူး။
http://dawngwin.googlepages.com/MartryDay.jpg
yannaing said…
အာဇာနည် နေ့ဆိုတာကို မြိုနယ်အဆင့်တိုင်းအဆင့်ထား
လိုက်တာကိုက ကျေးဇူးရှင်ကို ကျေးစွပ်တာနဲ့အတူတူပါ
အင်း...ဆရာအာခံ အာခေါင်လှံစူး ဆိုတာပုံပြင်မဟုတ်
လက်တွေ့မြင်ရတော့မည်နော ။ ။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...